Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တမူးမြို့နယ် ပန်းသာရွာစစ်ကောင်စီစခန်းကို PDF တိုက်ခိုက်၊ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်

ပန်းသာကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ကို ပြီးခဲ့သည့် ဇွန်လကလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ဖူးသည်။

(တမူးမြို့နယ် ၊ပန်းသာရွာကို Google Mapက တွေ့ရစဥ်)
(တမူးမြို့နယ် ၊ပန်းသာရွာကို Google Mapက တွေ့ရစဥ်)

စစ်ကိုင်းတိုင်း တမူးမြို့နယ် ပန်းသာကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျုစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ (နိုဝင်ဘာ ၈ရက်) နေ့လယ်မှစ၌ တိုက်ခိုက်နေပြီး စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သည်။

“ပန်းသာကို တိုက်နေပြီ။ မြေပြင်မှာ ထိတယ်ထင်တယ်။ ဂျက်ဖိုက်တာနှစ်စီး တမူးကို ဖြတ်ပျံသွားပြီး ဗုံးလာကြဲသွားတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးက ပြောသည်။

ဂျက်ဖိုက်တာနှစ်စီးသည် ညနေ ၃နာရီ ၁၀မိနစ်တွင် ရှေ့ဆင့်နောက်ဆင့် လာရောက်တိုက်ခိုက်သွားခြင်းဟု သတင်းရရှိသည်။

ပန်းသာကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ကို ပြီးခဲ့သည့် ဇွန်လကလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ဖူးသည်။

တမူးမြို့နယ်အတွင်းရှိ ဝိတုတ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာ ၃ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သလို ခမ်းပါတ် ရဲစခန်းကိုလည်း ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ခမ်းပါတ်မြို့ကိုလည်း ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်ထားသည်။