Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကြာအင်းဆိပ်ကြီးမှာ စစ်ကောင်စီတပ်နားမသွားကြဖို့ သတိပေး

သတိပေးချက်ထဲမှာတော့ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့တွေ အခြေချတည်ရှိရာနေရာ ၊ တပ်စွဲရာနေရာ ၊ လှုပ်ရှားရာနေရာတွေအနီး မသွားလာဖို့ သတိပေးတာတွေ့ရပါတယ်။

ကြာအင်းဆိပ်ကြီးမှာ စစ်ကောင်စီတပ်နားမသွားကြဖို့ သတိပေး
ကြာအင်းဆိပ်ကြီးမှာ စစ်ကောင်စီတပ်နားမသွားကြဖို့ သတိပေး

KNU တပ်မဟာ ၆ စစ်ရေးလှုပ်ရှားရာ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲရာနေရာတွေအနီး သွားလာတာတွေမလုပ်ကြဖို့ကို ဒေသခံတွေကို အဲဒီမြို့ရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့မှာသတိပေးလိုက်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ခပ်ဝေးဝေး မှာသာနေထိုင်ကြဖို့ နိုဝင်ဘာလ ၈ ရက် ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြီး ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထားတာပါ။

ဒီလိုသတိပေးချိန်ဟာ ကြာအင်းဆိပ်ကြီးမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိရာနေရာတွေကို ဒရုန်းနဲ့တိုက်ခိုက်တာတွေရှိလာချိန်နဲ့တိုက်ဆိုင်နေပါတယ်။

သတိပေးချက်ထဲမှာတော့ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့တွေ အခြေချတည်ရှိရာနေရာ ၊ တပ်စွဲရာနေရာ ၊ လှုပ်ရှားရာနေရာတွေအနီး မသွားလာဖို့ သတိပေးတာတွေ့ရပါတယ်။

ကြာအင်းဆိပ်ကြီးမြို့ဟာ ထိုင်း − မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိပါတယ်။ မြို့ပေါ်က စစ်ကောင်စီရဲ့ တပ်စွဲတဲ့နေရာတွေကို အခုလဆန်းပိုင်းမှာ KNU နဲ့ PDF ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်တာရှိထားပါတယ်။

Public Service Announcement

Public Service Announcement