Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချင်းရွှေဟော်အပါအဝင်သိမ်းယူထားသည့်မြို့များ၌အုပ်ချုပ်ရေး ကောင်းမွန်စွာ လည်ပတ်နိုင်အောင် လုပ်နေဟု MNDAA ပြော

တအာင်းတပ်မတော်(TNLA) က စီးနင်းတိုက်ခိုက်နေသည့် နမ့်ခမ်းမြို့ အခြေအနေကို အသေးစိတ် မသိရသေးဟု ၎င်းကဆက်ပြောသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းယူထာ​​သော ချင်း​ရွှေ​ဟော်၊ ပန်ဆိုင်း(ကြူကုတ်)၊ သိန္နီမြို့ များနှင့် လောက်ကိုင် - ချင်းရွှေဟော်အကြား ပိတ်မိ​နေ​သော ပြည်သူများ။ဓါတ်ပုံ-The Kokang၊ TNLA၊ CJ)
(စစ်​ကောင်စီတပ်ထံမှ သိမ်းယူထာ​​သော ချင်း​ရွှေ​ဟော်၊ ပန်ဆိုင်း(ကြူကုတ်)၊ သိန္နီမြို့ များနှင့် လောက်ကိုင် - ချင်းရွှေဟော်အကြား ပိတ်မိ​နေ​သော ပြည်သူများ။ဓါတ်ပုံ-The Kokang၊ TNLA၊ CJ)

▪︎မုံးကိုး၊နမ့်ခမ်းမြို့များကို ညီ​နောင်မဟာမိတ်များကထိန်းချုပ်ထားနိုင်ပြီး ကွမ်လုံမြို့တစ်မြို့လုံး ထိန်းချုပ်နိုင်ရေး ကြိုပမ်း

▪︎လောက်ကိုင် – ချင်းရွှေဟော်အကြား ပိတ်မိပြည်သူများ MNDAA ကူညီပေး

ကိုးကန့်တပ်မတော်(MNDAA) အပါအဝင် မဟာမိတ်တပ်များက သိမ်းယူထားသည့် ချင်းရွှေဟော် ၊ ပန်ဆိုင်း(ကြူကုတ်) ၊ ​ဖောင်းဆိုင် ၊သိန္နီမြို့များကို အုပ်ချုပ်ရေးလုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်နိုင်စေရန် ဆောင်ရွက်နေကြောင်း MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းယူထာ​​သော ချင်း​ရွှေ​ဟော်၊ ပန်ဆိုင်း(ကြူကုတ်)၊ သိန္နီမြို့ များနှင့် လောက်ကိုင် - ချင်းရွှေဟော်အကြား ပိတ်မိ​နေ​သော ပြည်သူများ။ဓါတ်ပုံ-The Kokang၊ TNLA၊ CJ)
(စစ်​ကောင်စီတပ်ထံမှ သိမ်းယူထာ​​သော ချင်း​ရွှေ​ဟော်၊ ပန်ဆိုင်း(ကြူကုတ်)၊ သိန္နီမြို့ များနှင့် လောက်ကိုင် – ချင်းရွှေဟော်အကြား ပိတ်မိ​နေ​သော ပြည်သူများ။ဓါတ်ပုံ-The Kokang၊ TNLA၊ CJ)

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ပန်ဆိုင်း၊ သိန္နီ မြို့များကို အလုံးစုံ ထိန်းချုပ်ထားပြီး ဖြစ်ကြောင်း ညီနောင်မဟာမိတ်များက အသိပေးထုတ်ပြန်ထားသည်။ ထို့ပြင် မုံးကိုး၊နမ့်ခမ်းမြို့များကိုလည်းထိန်းချုပ်ထားနိုင်ပြီဟုသိရသည်။အလားတူ ကွမ်လုံမြို့ကိုလည်း အားလုံး ထိန်းချုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် လောက်ကိုင်ဒေသ ပြန်လည်ရရှိရေး အရှိန်မြှင့်သွားမည်ဟု အသိပေးထားသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းယူထာ​​သော ချင်း​ရွှေ​ဟော်၊ ပန်ဆိုင်း(ကြူကုတ်)၊ သိန္နီမြို့ များနှင့် လောက်ကိုင် - ချင်းရွှေဟော်အကြား ပိတ်မိ​နေ​သော ပြည်သူများ။ဓါတ်ပုံ-The Kokang၊ TNLA၊ CJ)
(စစ်​ကောင်စီတပ်ထံမှ သိမ်းယူထာ​​သော ချင်း​ရွှေ​ဟော်၊ ပန်ဆိုင်း(ကြူကုတ်)၊ သိန္နီမြို့ များနှင့် လောက်ကိုင် – ချင်းရွှေဟော်အကြား ပိတ်မိ​နေ​သော ပြည်သူများ။ဓါတ်ပုံ-The Kokang၊ TNLA၊ CJ)

“ချင်းရွှေဟော်ကတော့အားလုံးပုံမှန်ပြန်ရောက်ပြီ။စစ်ကောင်စီကလည်း လုံး၀မရှိဘူး။ ပြီးတော့ အရပ်သားတွေကလည်း တဖြည်းဖြည်းနဲ့ပြန်လာကြတယ်။ ပြီးတော့ အုပ်ချုပ်ရေးပိုင်းမှာလည်း ကောင်းမွန်စွာ လည်ပတ်နိုင်ပြီ။ မုံးကိုးက အခုဖော်ဆောင်နေဆဲပဲရှိပါသေးတယ်။ ဘာဖြစ်လို့လည်းဆိုရင် မနေ့ကမှသိမ်းထားတာဆိုတော့ လုပ်စရာတွေက အများကြီးရှိပါသေးတယ်။ ဖောင်းဆိုင်မှာတော့ အရာရာ ပုံမှန်ပါပဲ။ ထွေထွေထူးထူးတော့မရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့သူကဒေသငယ်ဆိုတော့လေ” ဟု MNDAA ပြောရေးဆိုခွင့်ရှိသူကပြောသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းနိုင်ခဲ့​သော မြို့များအနက် သိန္နီမြို့မှာ စစ်​ကောင်စီတပ်က ​​လေ​ကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခြင်း ၊လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းတို့​ကြောင်းမြို့မှာ များစွာပျက်စီးပြီး ​ဒေသခံများမှာလည်း ​ဘေးကင်းမည်ထင်ရာသို့​ပြောင်း​ရွေ့​နေထိုင်ကြရ​​ကြောင်း​ဒေသခံများက​ပြောသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းယူထာ​​သော ချင်း​ရွှေ​ဟော်၊ ပန်ဆိုင်း(ကြူကုတ်)၊ သိန္နီမြို့ များနှင့် လောက်ကိုင် - ချင်းရွှေဟော်အကြား ပိတ်မိ​နေ​သော ပြည်သူများ။ဓါတ်ပုံ-The Kokang၊ TNLA၊ CJ)
(စစ်​ကောင်စီတပ်ထံမှ သိမ်းယူထာ​​သော ချင်း​ရွှေ​ဟော်၊ ပန်ဆိုင်း(ကြူကုတ်)၊ သိန္နီမြို့ များနှင့် လောက်ကိုင် – ချင်းရွှေဟော်အကြား ပိတ်မိ​နေ​သော ပြည်သူများ။ဓါတ်ပုံ-The Kokang၊ TNLA၊ CJ)

တအာင်းတပ်မတော်(TNLA) က စီးနင်းတိုက်ခိုက်နေသည့် နမ့်ခမ်းမြို့ အခြေအနေကို အသေးစိတ် မသိရသေးဟု ၎င်းကဆက်ပြောသည်။

“ချင်းရွှေဟော်မှာတော့ပျက်စီးမှု ဘာမှတော့မရှိဘူး” ဟု MNDAA ပြောရေးဆိုခွင့်ရှိသူက စစ်​ကောင်စီထံမှ သိမ်းဆည်းရရှိသည့် မြို့များ၌ ပျက်စီးမှုရှိမရှိ အခြေအနေကို ပြောပြသည်။

ထို့ပြင် ချင်းရွှေဟော်နှင့် လောက်ကိုင်အကြား ပိတ်မိပြည်သူများ အဆင်ပြေစွာဖြင့် ဘေးကင်းရာရောက်ရှိရေးMNDAA ကဆောင်ရွက်နေသည်ဟု ပြောသည်။

“လောက်ကိုင်နဲ့ချင်းရွှေဟော်မှာ ပိတ်မိနေတဲ့သူတွေ့ကို အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းပြီးတော့ပြည်သူလူထုနဲ့ အချိတ်အဆက်တွေလုပ်ပါတယ်။ လိုအပ်တာတွေဖြည့်ဆည်းပေးတယ်။ပြီးတော့ သွားလာခွင့်ကိုချက်ချင်းအားလုံးလွှတ်တာ မဟုတ်သော်လည်းပဲ တစ်သုတ်ပြီး တစ်သုတ် သူတို့ ငြိမ်းချမ်းရာနေရာရောက်အောင် ပို့ဆောင်နေပါတယ်။ ဒါပေမဲ့ အချိန်လေးတော့ပေးရမှာပေါ့” ဟု MNDAA ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။