Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထီးချိုင့်မြို့ကို စစ်ကောင်စီဂျက်ဖိုက်တာသုံးစီးဖြင့် ဗုံးကြဲ

မြစ်ကြီးနားလေဆိပ်မှ တက်လာသော ဂျက်ဖိုက်တာသုံးစင်းဖြင့်ထီးချိုင့် မြို့ပေါ်ကိုဗုံးကြဲသွားခြင်းဟု တော်လှန်ရေးအင်အားစုများကအသိ​ပေးထားသည်။

(ထီးချိုင့်မြို့ တစ်​နေရာ /ပုံအ​ဟောင်းဖြစ်ပါသည်။ ဓါတ်ပုံ-CJ)
(ထီးချိုင့်မြို့ တစ်​နေရာ /ပုံအ​ဟောင်းဖြစ်ပါသည်။ ဓါတ်ပုံ-CJ)

ထီးချိုင့်မြို့ပေါ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာသုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ရာ သံဃာတော်အချို့နှင့်ပြည်သူအချို့ သေဆုံးထိခိုက်မှုရှိကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ထီးချိုင့်မြို့အမှတ်၁ ရပ်ကွက်ရှိ ရွှေဂူတောင်ဘုန်းတော်ကြီးကျောင်း နှင့်လျောင်းတော်မူဘုန်းတော်ကြီးကျောင်းကို ယနေ့ (နိုဝင်ဘာလ ၈ရက်) ညနေ ၄နာရီ ၅၀မိနစ်ခန့်တွင် ဂျက်ဖိုက်တာ သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်သွားခြင်းဟု ဒေသခံများကပြောသည်။

“ဂျက်ဖိုက်တာ သုံးစီးကြဲသွားပြီ။ လူတွေထိခိုက်မှုရှိတယ်” ဟု ဒေသခံတစ်ဦးက​ပြောသည်။

“စကစမှ တိုက်လေယာဉ် ၃စီးဖြင့် ထီးချိုင့်မြို့ပေါ်အား လေကြောင်း တိုက်ခိုက်ရာ ရွှေဂူတောင်ဘုန်းတော်ကြီးကျောင်း နှင့်လျောင်းတော်မူဘုန်းတော်ကြီးကျောင်ရှိ သီတင်းသုံးနေသော သံဃာတော်များနှင့် ပြည်သူများ သေဆုံးကြောင်း ကနဦး သိရသည်” ဟု ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ညနေ ၅နာရီ ၂၅ မိနစ်တွင် သတင်းထုတ်ပြန်ထားသည်။

မြစ်ကြီးနားလေဆိပ်မှ တက်လာသော ဂျက်ဖိုက်တာသုံးစင်းဖြင့်ထီးချိုင့် မြို့ပေါ်ကိုဗုံးကြဲသွားခြင်းဟု တော်လှန်ရေးအင်အားစုများကအသိ​ပေးထားသည်။

Public Service Announcement

Public Service Announcement

ထီးချိုင့်မြို့တွင် ယ​နေ့ည​နေပိုင်း၌ ပစ်ခတ်သံများကြားရပြီးတိုက်ပွဲဖြစ်ပွား​နေ​ကြောင်း ​ဒေသခံအချို့က​ပြောသည်။