Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကွမ်းလုံမြို့သိမ်းပိုက်ရရှိထားသော်လည်းထွက်ပြေးနေသည့် ရန်သူများအား လိုက်လံရှင်းလင်းနေဟု ညီနောင်သုံးဖွဲ့အသိပေး

နိုဝင်ဘာ ၉ရက်တွင် “ကွမ်းလုံမြို့”အား အလုံးစုံသိမ်းပိုက်ရရှိရေးအား အဓိကထားဆောင်ရွက်လျက်ရှိပြီး “ကွမ်းလုံမြို့”အား သိမ်းပိုက်ရရှိထားခဲ့သော်လည်း ကစဥ့်ကလျားဖြစ်ကာ ထွက်ပြေးနေကြသော ရန်သူများကို လိုက်လံရှင်းလင်းလျက်ရှိသည်ဟု အသိပေးသည်။

(တာပါးတုတံတား (သံလွင်တံတား) ပေါ်တွင် MNDAA တပ်ဖွဲ့ဝင်များကို နိုဝင်ဘာ ၇ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - The Kokang)
(တာပါးတုတံတား (သံလွင်တံတား) ပေါ်တွင် MNDAA တပ်ဖွဲ့ဝင်များကို နိုဝင်ဘာ ၇ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - The Kokang)

ညီနောင်မဟာမိတ် (၃)ဖွဲ့သည် ‘၁၀၂၇ စစ်ဆင်ရေး‘ကို ဆက်လက်ဆင်နွှဲလျက်ရှိပြီး မိမိတို့၏ သတ်မှတ်၊ ရည်မှန်းထားသော စစ်ဆင်ရေးပစ်မှတ်များကို မရပ်မနားဆက်လက်တိုက်ခိုက်လျက်ရှိပြီး ကွမ်းလုံမြို့အား အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားနိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားနေသည်ဟု ယမန်နေ့ညပိုင်းတွင် တအာင်း(TNLA)၊ ကိုးကန့်(MNDAA)နှင့် ရက္ခိုင်(AA) ညီနောင်သုံးဖွဲ့က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၉ရက်တွင် “ကွမ်းလုံမြို့”အား အလုံးစုံသိမ်းပိုက်ရရှိရေးအား အဓိကထားဆောင်ရွက်လျက်ရှိပြီး “ကွမ်းလုံမြို့”အား သိမ်းပိုက်ရရှိထားခဲ့သော်လည်း ကစဥ့်ကလျားဖြစ်ကာ ထွက်ပြေးနေကြသော ရန်သူများကို လိုက်လံရှင်းလင်းလျက်ရှိသည်ဟု အသိပေးသည်။

စစ်ဆင်ရေး (၁၄) ရက်မြောက်နေ့ဖြစ်သည့် နိုဝင်ဘာ ၉ရက်တွင်လည်း ရန်သူ့ တပ်စခန်းများအား ဆက်လက်သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အမြားအပါအဝင် သံချပ်ကာကားကြီး တစ်စီး ထပ်မံသိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်သည်။ အဆိုပါ သံချပ်ကာယာဉ်သည် နိုဝင်ဘာ ၈ရက်ညပိုင်းက စစ်ကူတက်လာသည့် စစ်ကောင်စီတပ်ကို TNLAနှင့် မန္တလေး PDFက တိုက်ခိုက်ရာ၌ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည့် ယာဉ်ဖြစ်သည်။

ယင်း သံချပ်ကာယာဉ်အပါအဝင် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ၏ သံချပ်ကာယာဉ် ၈စီးကို မဟာမိတ်တပ်များက တိုက်ခိုက်ဖျက်ဆီး၊သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။

ယမန်နေ့တွင် ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်းကြီး ၂ခုနှင့် အရန်တပ်စခန်းတစ်ခုကို MNDAAနှင့်မဟာမိတ်တို့က သိမ်းပိုက်နိုင်ခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါ တပ်စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်း ၁၃၀ နီးပါးကို MNDAAနှင့်AAကသိမ်းပိုက်ထားနိုင်ပြီးTNLAက စစ်ကောင်စီတပ်စခန်း ၃၀ကျော်ကို သိမ်းပိုက်ထားသည်။

စစ်ကောင်စီတပ်ကလည်း မန်တုံ၊ နောင်ချို၊ လားရှိုး၊နမ္မတူမြို့နယ်များ၌ လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်၍ အရပ်သားပြည်သူသေဆုံးထိခိုက်မှု၊ နေအိမ်ပျက်စီးမှုရှိခဲ့သည်။