Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးကျုံးဘေးလမ်းတွေကို ပိတ်ပြီးလုံခြုံရေးအပြည့်ချထား

ကျုံးဘေးပတ်လည် အဓိကလမ်းတွေဖြစ်တဲ့ ၂၆လမ်း၊ လမ်း၈၀၊ ၁၂လမ်းနဲ့ ၆၆လမ်းတို့ကိုဖြတ်သန်းသွားလာခွင့်ပိတ်ထားတယ်လို့သိရပါတယ်။

မန္တလေးကျုံးတဝိုက်ကို Google Earth ကတဆင့်တွေ့ရစဉ်
မန္တလေးကျုံးတဝိုက်ကို Google Earth ကတဆင့်တွေ့ရစဉ်

မန္တလေးကျုံးဘေးပတ်လည် အဓိကလမ်းမကြီးတွေအားလုံးကို ကြိုတင်အသိပေးကြေညာတာမရှိဘဲ ဒီနေ့မနက်ပိုင်းမှာ ဖြတ်သန်းသွားလာခွင့်ပိတ်ပြီး စစ်တပ်အင်အားအများအပြားနဲ့လုံခြုံရေးချထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

အခုမနက်ကစပြီး ကျုံးပတ်ပတ်လည်လမ်းတွေသွားမရဘူး ပိတ်ထားတယ်” လို့ကျုံးဘက်ကနေပြန်လာသူတစ်ဦးကပြောပါတယ်။

ကျုံးဘေးပတ်လည် အဓိကလမ်းတွေဖြစ်တဲ့ ၂၆လမ်း၊ လမ်း၈၀၊ ၁၂လမ်းနဲ့ ၆၆လမ်းတို့ကိုဖြတ်သန်းသွားလာခွင့်ပိတ်ထားတယ်လို့သိရပါတယ်။

အဲဒီလမ်းမတွေရှောင်ကွင်းသွားလာရတဲ့အတွက်မန္တလေးမြို့တွင်းမှာ ယာဉ်ကြောပိတ်ဆို့မှုလည်းဖြစ်နေပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူအချို့ရဲ့ပြောပြချက်အရ နန်းတွင်းမှာအခြေစိုက်တဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ပွဲပြုလုပ်လို့ လုံခြုံရေးအတွက်လမ်းယာယီပိတ်တာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့နေ့လယ်ပိုင်း ၁၂ နာရီအချိန်ထိ လမ်းပြန်မဖွင့်ပေးသေးဘူးလို့သိရပါတယ်။