Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရှမ်းမြောက် လူ ငါးသောင်းဝန်းကျင် စစ်ရှောင်နေ

လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ၊ လေကြောင်းတိုက်ခိုက်မှုတွေ ဟာ ရှမ်းမြောက်က မြို့နယ်အများစု ဆက်လက်ဖြစ်ပွားနေပြီးအရပ်သားတွေ ထိခိုက်သေကြေမှုနဲ့ အိုးအိမ်စွန့်ခွာရတာတွေဖြစ်နေတယ်လို့ ကုလက ဆိုပါတယ်။

(ရှမ်းမြောက်က စစ်ရှောင်လူဦးရေပြမြေပုံ / UNOCHA)
(ရှမ်းမြောက်က စစ်ရှောင်လူဦးရေပြမြေပုံ / UNOCHA)

ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် လူပေါင်းငါးသောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှူဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ၊ လေကြောင်းတိုက်ခိုက်မှုတွေ ဟာ ရှမ်းမြောက်က မြို့နယ်အများစု ဆက်လက်ဖြစ်ပွားနေပြီးအရပ်သားတွေ ထိခိုက်သေကြေမှုနဲ့ အိုးအိမ်စွန့်ခွာရတာတွေဖြစ်နေတယ်လို့ ကုလက ဆိုပါတယ်။

နိုဝင်ဘာလ ၉ ရက်အထိစာရင်းတွေအရ လူငါးသောင်းခန့်စစ်ရှောင်နေကြရပြီး ဘာသာရေးဆိုင်ရာအဆောက်အဦးတွေမှာ ခိုလှုံရတာ ၊နယ်စပ်အနီးပြောင်းရွှေ့ရတာ ၊ တရုတ်ဘက်ကို တိမ်းရှောင်ရတာတွေရှိနေတယ်လို့ ကုလက ပြောပါတယ်။

ကုလရဲ့စာရင်းအရ လောက်ကိုင်မှာ စစ်ရှောင် ၁,၃၀၀၀ ၊ ဝ နယ် နမ့်တစ်မှာ ၅,၀၀၀ ၊ သိန္နီမြို့မှာ ၅,၀၀၀၊ နမ့်ခမ်းမှာ ၅,၀၀၀၊ မူဆယ်မှာ ၇,၀၀၀၊ လားရှိုးမှာ ၈,၀၀၀၊ကွတ်ခိုင်မှာ ၃,၀၀၀၊ ကျောက်မဲမှာ ၁,၀၀၀၊ နောင်ချိုမှာ ၂,၀၀၀ ဝန်းကျင်စစ်ရှောင်နေကြရတယ်လို့သိရပါတယ်။

ဒါအပြင် ရှမ်းမြောက်မှာ လမ်းပန်းဆက်သွယ်ရေး ကို စစ်တပ်ကော ၊ ညီနောင်သုံးဖွဲ့ကပါ ပိတ်ဆို့ထားတယ်လို့ ကုလက ပြောပါသေးတယ်။

Public Service Announcement

Public Service Announcement