Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချင်းတွင်းမြစ်အတွင်းစစ်​ကောင်စီတပ်​ရေယာဥ် ၆ စီးလုံးကို PDF များတိုက်ခိုက်သိမ်းယူ

ယင်းရေယာဉ်များပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စက်လှေအသေးများဖြင့် မုံရွာမြို့ ရှိအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)သို့ ထွက်ပြေးသွားကြောင်းသတင်းရရှိသည်။

(စစ်​ကောင်စီတပ်ထံမှ PDF များက သိမ်းယူခဲ့​သော ​ရေယာဥ်များနှင့် ​ရေယာဥ်​ပေါ်ပါ စက်ယန္တယားအချို့။ဓါတ်ပုံ-​ပေးပို့ )
(စစ်​ကောင်စီတပ်ထံမှ PDF များက သိမ်းယူခဲ့​သော ​ရေယာဥ်များနှင့် ​ရေယာဥ်​ပေါ်ပါ စက်ယန္တယားအချို့။ဓါတ်ပုံ-​ပေးပို့ )

ကနီမြို့နယ်တွင် ချင်းတွင်းမြစ်ကြောင်းအတွင်းသစ်နှင့်ဆီပေပါ များသယ်ဆောင်လာသော စစ်ကောင်စီ၏ တပ်ရေယာဉ်ခြောက် စီးကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက သိမ်းယူလိုက်သည်။

ချင်းတွင်း မြစ်ကြောင်းအတိုင်းအထက်ဖက်မှ စုန်ဆင်းလာသော ကုန်တင်ရေယာဉ်နှစ်စီး(ဖလက်ယာဉ်)နှင့် တွန်းသင်္ဘော လေးစီးသည် ကနီမြို့နယ်တနေရာတွင် သောင်တင်နေစဉ် နိုဝင်ဘာလ ၆ရက်မှစ၍ ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်။ နိုဝင်ဘာလ ၈ ရက်တွင် ဖလက်ယာဉ်ပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားပြီး နိုဝင်ဘာလ ၉ ရက်တွင် တွန်းသင်္ဘော လေးစီးမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထပ်မံထွက်ပြေးသွားခဲ့သည်။

ထို့ကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ရေယာဉ် ၆ စီးလုံးကို သိမ်းယူခဲ့သည်။ ရေယာဉ်များပေါ်၌ ကျွန်းသစ်အလုံးရေ ၂၀၀ ကျော်၊ ဆီပေပါ ၁၀၀ ကျော်၊ သစ်တင် ၁၂ ဘီးကားနှစ်စီးနှင့် အခြားစက်ပစ္စည်းအချို့ ပါသည်။

ယင်းရေယာဉ်များပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စက်လှေအသေးများဖြင့် မုံရွာမြို့ ရှိအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)သို့ ထွက်ပြေးသွားကြောင်းသတင်းရရှိသည်။