Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကွမ်းလုံဘက် တိုက်ပွဲဆက်ဖြစ်နေဟု MNDAA ပြော

ချင်း​ရွှေ​ဟောမြို့မှ မကြာခင်က ထွက်လာခဲ့​သော ပြည်သူတစ်ဦးကဖုန်းများကို မသကာ်လျှင် စစ်​ဆေးပြီး ပြန်​ပေး​စေလို​ကြောင်း​ပြောသည်။

(ကွမ်းလုံမြို့ရှိ သံလွင်မြစ်ကူးတံတားကို ​​တော်လှန်​ရေးတပ်ဖွဲ့များသိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-The Kokang)
(ကွမ်းလုံမြို့ရှိ သံလွင်မြစ်ကူးတံတားကို ​​တော်လှန်​ရေးတပ်ဖွဲ့များသိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-The Kokang)

▪︎ကိုးကန့်ဒေသမှ ထွက်ခွာသည့် စစ်ရှောင်များ၏ ဖုန်းများစစ်​ရေးလုံခြုံ​ရေးအတွက် သိမ်းဆည်းဟု​ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံဒေသ၌ ယနေ့မနက်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း ကိုးကန့်တပ်မတော်(MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောပြသည်။

နိုဝင်ဘာ ၉ရက် နေ့လည်ပိုင်း၌ ကွမ်းလုံမြို့ကို MNDAA အပါအဝင် မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသည့် စစ်ကောင်စီတပ်များက ဆက်လက် တိုက်ခိုက်လျက်ရှိသည်ဟု ညီနောင်သုံးဖွဲ့က ယနေ့မနက်တွင် အသိပေးထားသည်။

ကိုးကန့်ဒေသ၌ စစ်ရှောင်အများအပြား ရှိနေပြီး ကိုးကန့်ဒေသမှ ၀ဒေသသို့ တိမ်းရှောင်သူများလည်း ရှိ​ကြောင်းသိရသည်။ထိုသို့တိမ်းရှောင်သူများ၏ ဖုန်းများကို လုံခြုံရေးအရသိမ်းဆည်းခဲ့ကြောင်း MNDAAက အတည်ပြုသည်။

“ဒီဖုန်းကတော့ စစ်ရေးလိုအပ်ချက် လုံခြုံရေးအရ ကျနော်တို့သိမ်းပါတယ်ဗျ။ပစ္စည်းတွေကတော့ အကယ်၍ ကိုယ့်ယာဉ်၊ ကိုယ့်ကား၊ ကိုယ့်ဆိုင်ကယ်နဲ့လာတဲ့သူတွေကျတော့ ကျနော်တို့က အဲဒီလိုမျိုးမသိမ်းပါဘူး။ ကျနော်တို့က အရပ်သား ပစ္စည်းတွေ သိမ်းတာတွေမရှိပါဘူး။ ဒါပေမဲ့လုံခြုံရေးအရစစ်ဆေးမှုတွေတော့ လုပ်ရတာပေါ့” ဟု MNDAA ပြောရေးဆိုခွင့်ရှိသူလီကျာဝင်းကပြောသည်။

​ခေတ်သစ် သတင်းဌာနက စစ်ဘေးရှောင်ပြည်သူအချို့၏ ပြောကြားချက်ကိုကိုးကားဖော်ပြထားသည့် သတင်းတွင် လောက်ကိုင်အနီးပိတ်မိနေသူများကို MNDAAက ၀ ပြည်နယ်သို့ ပို့ဆောင်ပေးလျက်ရှိရာဖုန်းနှင့် အိတ်များ စုပုံထားခဲ့ရပြီး ဆိုင်ကယ်များလည်း ထားခဲ့ခိုင်းကြောင်း၊ထို့နောက် MNDAAက စီစဉ်ပေးသည့် ကားများဖြင့် ၀ ဒေသရှိ ကယ်ဆယ်ရေးစခန်း သို့ပို့ဆောင်ပေးကြောင်း ဖော်ပြပါရှိသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် တယ်လီဖုန်းနှင့် ခရီးစောင်အိတ်များ စုပုံထားသည့် ဓာတ်ပုံကိုလည်း ဖော်ပြသည်။ယင်းနှင့်ပတ်သက်ပြီး လီကျာဝင်းက “ဒီကိစ္စ ဘယ်လိုဖြစ်ရတာလည်းဆိုတော့ကျနော်တို့ကအပြောင်းအရွှေ့လုပ်တဲ့နေရာမှာ စစ်ဘေးရှောင်က အရမ်းများတယ်။အရမ်းများတော့ ပစ္စည်းအားလုံးကို မယူနိုင်တော့ဘူး။ မယူနိုင်တော့ ဒီအတိုင်း ထားခဲ့ရတဲ့ဟာတွေဖြစ်တယ်” ဟု ပြောသည်။

ချင်း​ရွှေ​ဟောမြို့မှ မကြာခင်က ထွက်လာခဲ့​သော ပြည်သူတစ်ဦးကဖုန်းများကို မသကာ်လျှင် စစ်​ဆေးပြီး ပြန်​ပေး​စေလို​ကြောင်း​ပြောသည်။

“မသင်္ကာရအောင်လဲ စစ်တပ်နဲ့ သာမာန်လူ သိသာပါတယ်။

မသင်္ကာရင်လဲ ခနလောက် စစ်ကြည့်ပြီးပြန်ပေးလို့မရဘူးလား” ဟု​၎င်း၏ အမြင်ကို​ပြောသည်။

၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA) တာဝန်ရှိသူ ဦးညီရန်းကလည်း ၀ဒေသသို့ လာရောက်သည့် စစ်ရှောင်များကို ကူညီပေးလျက်ရှိသည်ဟု အသိပေးထားသည်။

ယနေ့ နိုဝင်ဘာ ၁၀ရက် တွင်စစ်ဘေးရှောင် ၂၅၂၂ ဦး ကား ၄၁စီးဖြင့် နမ့်တစ်မြို့မှ မိုင်းယန်း(နယ်ခြားအထိ) ကျိုင်းတုံမြို့ဘက်သို့ပို့ဆောင်ပေးခဲ့ကြောင်း နှင့် ကိုးကန့်စစ်ရှောင်များ ၀ပြည်အတွင်းမှ ဖြတ်သန်းသွားလာ ပို့ဆောင်မှု ရုပ်သံမှတ်တမ်းများကို ဖော်ပြထားသည်။