Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သီပေါရှိ စစ်ကောင်စီတပ်၏ကျင်တီတံတားတပ်စခန်းကို TNLA သိမ်းပိုက်

သီပေါမြို့နယ် ဘော်ကြိုနီး စစ်ကောင်စီ၏ ကျင်တီတံတား တပ်စခန်းကို နိုဝင်ဘာ ၁၂ရက် နံနက် ၅နာရီခွဲတွင် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု TNLAက ထုတ်ပြန်သည်။ တိုက်ခိုက်သိမ်းပိုက်ပြီး စစ်တပ်ဂိတ်အ​ဆောက်အအုံများကို မီးရှို့ထား​သောပုံများကိုလည်းထုတ်ပြန်သည်။

(စစ်​ကောင်စီတပ်၏ ကျင်တီတံတားတပ်စခန်းကို TNLA ကတိုက်ခိုက်သိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-TNLA)
(စစ်​ကောင်စီတပ်၏ ကျင်တီတံတားတပ်စခန်းကို TNLA ကတိုက်ခိုက်သိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-TNLA)

▪︎၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်စခန်း ၁၇၁ခုထက်မနည်းကို သိမ်းပိုက်နိုင်ခဲ့

တအာင်းတပ်မတော်(TNLA) က ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်ရှိ စစ်ကောင်စီ၏ ကျင်တီတံတားတပ်စခန်းကို ယနေ့မနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

သီပေါမြို့နယ် ဘော်ကြိုနီး စစ်ကောင်စီ၏ ကျင်တီတံတား တပ်စခန်းကို နိုဝင်ဘာ ၁၂ရက် နံနက် ၅နာရီခွဲတွင် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု TNLAက ထုတ်ပြန်သည်။ တိုက်ခိုက်သိမ်းပိုက်ပြီး စစ်တပ်ဂိတ်အ​ဆောက်အအုံများကို မီးရှို့ထား​သောပုံများကိုလည်းထုတ်ပြန်သည်။

(စစ်​ကောင်စီတပ်၏ ကျင်တီတံတားတပ်စခန်းကို TNLA ကတိုက်ခိုက်သိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-TNLA)
(စစ်​ကောင်စီတပ်၏ ကျင်တီတံတားတပ်စခန်းကို TNLA ကတိုက်ခိုက်သိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-TNLA)

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် သေဆုံးထိခိုက်မှု၊ လက်နက်ခဲယမ်းရရှိမှု အခြေအနေများကို ဖော်ပြထားခြင်းမရှိသေးပေ။ ယ​နေ့နံနက်တွင် သီ​ပေါမြို့တွင်တိုက်ပွဲဖြစ်ပွား​နေ​ကြောင်းလည်း ​ဒေသခံများက​ပြောသည်။

ယခု သီပေါရှိ စစ်ကောင်စီတပ်စခန်းအပါအဝင် ၁၀၂၇ စစ်ဆင်ရေး ၁၇ရက်တာအတွင်း TNLAက စစ်ကောင်စီတပ်စခန်း ၃၃ ခုထက်မနည်းကို သိမ်းပိုက်ပြီးဖြစ်သည်။

Public Service Announcement

Public Service Announcement

ညီနောင်မဟာမိတ် သုံးဖွဲ့ကလည်း ၁၀၂၇ စစ်ဆင်ရေး ၁၅ရက် မြောက်နေ့၌ စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်ရရှိမှု အခြေအနေ ကို ထပ်မံ အသိပေးထားသည်။ ဆက်သွယ်ရေးခက်ခဲသော နေရာအချို့နှင့် အချိန်နောက်ကျကာ ပေးပို့လာသော တိုက်ပွဲ နောက်ဆက်တွဲသတင်းများကို ညီနောင်သုံးဖွဲ့က ဖော်ပြခဲ့ရာ နိုဝင်ဘာ ၁၀ရက်တွင် MNDAAသည် စစ်ကောင်စီတပ်စခန်း ၂ခုကို သိမ်းပိုက်ခဲ့သည်ဟု ​ဖော်ပြသည်။ထို့ပြင် TNLAက နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ စခန်းသစ်ကုန်း တပ်စခန်းအားတိုက်ခိုက်ခဲ့ကြောင်း လည်းသိရသည်။

(စစ်​ကောင်စီတပ်၏ ကျင်တီတံတားတပ်စခန်းကို TNLA ကတိုက်ခိုက်သိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-TNLA)
(စစ်​ကောင်စီတပ်၏ ကျင်တီတံတားတပ်စခန်းကို TNLA ကတိုက်ခိုက်သိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-TNLA)

အချိန်နောက်ကျပြီးမှ ရောက်လာသ့် သတင်းများ ဖြစ်သော်လည်း စစ်ဆင်ရေးတွင် အသက်၊ သွေး၊ ချွေးတို့ဖြင့် စတေးပေးဆပ်လျက် တိုက်ပွဲဝင်နေကြသော တပ်ဖွဲ့ဝင်များကို ဂုဏ်ယူသော အားဖြင့် နောက်ဆက်တွဲသတင်းများ ထုတ်ပြန်ခြင်းဖြစ်သည်ဟု TNLA၊ MNDAAနှင့် AA ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။

TNLA က ယနေ့ သိမ်းပိုက်သည့် စစ်ကောင်စီတပ်စခန်း ၁ခုနှင့် MNDAAက သိမ်းပိုက်ခဲ့သည့် တပ်စခန်း ၂ခု အပါအဝင် စစ်ကောင်စီ၏ တပ်စခန်း ၁၇၁ခုထက်မနည်းကို ညီနောင်မဟာမိတ်တပ်များက သိမ်းပိုက်ထားနိုင်ပြီးဖြစ်သည်။ MNDAAနှင့် AAက သိမ်းပိုက်သည့် တပ်စခန်း ၁၃၈ခု၊ TNLA ကသိမ်းပိုက်သည့် တပ်စခန်း ၃၃ခုဖြစ်သည်။