Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သီ​ပေါမြို့တွင်တိုက်ပွဲဖြစ်၊ ​ကျောက်မဲနှင့်သီ​ပေါကြားရှိကျင်သီတံတားကျိုး

ကျောက်မဲနှင့်သီပေါကြားရှိ ကျင်သီတံတားလည်း ကျိုးကျသွားပြီး အကြောင်းရင်းကိုမူ မသိရသေးကြောင်း ဒေသခံများကပြောသည်။

(​သီ​ပေါမြို့နှင့်​ကျောက်မဲ မြို့ အနီးဝန်းကျင်ကို Google Map တွင်​တွေ့ရမှု)
(​သီ​ပေါမြို့နှင့်​ကျောက်မဲ မြို့ အနီးဝန်းကျင်ကို Google Map တွင်​တွေ့ရမှု)

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်တွင် ယနေ့နံနက်ပိုင်း တိုက်ပွဲဖြစ်နေပြီး ကျောက်မဲနှင့်သီပေါကြားရှိကျင်သီ ချောင်းကူးတံတားလည်း ကျိုးကျသွားကြောင်း ဒေသခံများကပြောသည်။

မဟာမိတ်အဖွဲ့တွေ မြို့ထဲအထိ ရောက်နေပြီလို့ကြားတယ်။ သေနတ်သံတွေ ကြားနေရတယ်။ တရုတ်သချိုင်းမှာ ကန်တော့မယ့်သူတွေတောင် ပြန်လှည့်လာကြရပြီ” ဟုမြို့ခံတစ်ဦးကပြောသည်။

ပစ်ခတ်သံများကို မြို့ပေါ်နေရာအများစုမှ ကြားနေရကြောင်း မြို့ခံများကပြောသည်။

ကျောက်မဲနှင့်သီပေါကြားရှိ ကျင်သီတံတားလည်း ကျိုးကျသွားပြီး အကြောင်းရင်းကိုမူ မသိရသေးကြောင်း ဒေသခံများကပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမြို့နယ်အများစု၌ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကဦးဆောင်ပြီး စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်နေသည်။ စစ်ဆင်​ရေး ၁၆ ရက်တာအတွင် မြို့​ပေါင်း ၆ မြို့ကို သိမ်းပိုက်ခိန်းချုပ်ထားပြီး၊ စစ်စခန်း​ပေါင်း ၁၇၀ ခန့်ကို သိမ်းပိုက်ထားသည်။

Public Service Announcement

Public Service Announcement