Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျရှုံးတော့မည့် စစ်အုပ်စုကို အရာသွင်းထိတွေ့ဆက်ဆံနေမှုများရပ်တန့်ရန် အိမ်နီးချင်းနိုင်ငံ အစိုးရများအား ယာယီသမ္မတတိုက်တွန်း

နိုဝင်ဘာ ၁၁ရက် ယမန်နေ့က ပြည်သူလူထုသို့ ပြောကြားသည့် မိန့်ခွန်း၌ ယာယီသမ္မတက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတကာ အစိုးရတွေအနေဖြင့် မကြာခင် ကျရှုံးတော့မည့် စစ်အုပ်စု၏အခြေအနေမှန်ကို သိမြင်သဘောပေါက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

နိုဝင်ဘာ ၁၁ရက် ယမန်နေ့က ပြည်သူလူထုသို့ ပြောကြားသည့် မိန့်ခွန်း၌ ယာယီသမ္မတက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့သည်။

“အထူးသဖြင့် အိမ်နီးချင်းနိုင်ငံ အစိုးရများအနေနဲ့ ပြန်လမ်းမရှိတော့တဲ့ အကြမ်းဖက်စစ်အုပ်စုကို ပြန်လာနိုးမျှော်ကိုးပြီး အရာသွင်း ထိတွေ့ဆက်ဆံနေတာတွေကို ရပ်တန်းကရပ်ပြီး မိမိတို့ရဲ့ရေရှည် အကျိုးစီးပွားကို လက်တွေ့ကျကျ အာမခံချက်ပေးနိုင်မယ့် တော်လှန်ရေးအင်အားစုတွေနဲ့ အခုကတည်းက တွေ့ဆုံညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။

ကျရှုံးတော့မည့် စစ်အုပ်စု၏ အခြေအနေမှန်ကို သဘောပေါက်ပြီး မြန်မာပြည်သူလူထု တစ်ရပ်လုံး လိုလားတောင့်တသည့် ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်ရေးလုပ်ငန်းများကိုအောင်မြင်ချောမွေ့စွာ ဖြစ်ထွန်းပေါ်ပေါက်လာစေရေးအတွက် အမျိုးသားညွီတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစုအားလုံးနှင့် ပြတ်သားစွာ လက်တွဲဝိုင်းဝန်း ကူညီပံ့ပိုးကြရန် အချိန်တန်ပြီဟု လည်း ယာယီသမ္မတက တိုက်တွန်းခဲ့သည်။