Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးတွင် စစ်ကောင်စီတပ်သား တစ်ဦး လက်နက်နှင့် အလင်းဝင်လာ၍ ပကဖမှ ကျပ်သိန်း ၅၀ချီးမြှင့်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ဒေသအသီးသီးရှိ NUG၏ လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြရန် တိုက်တွန်းထားသည်။

အလင်းဝင်လာသော စစ်သားအား ဆုကြေးငွေချီးမြှင့်နေစဥ်။ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
အလင်းဝင်လာသော စစ်သားအား ဆုကြေးငွေချီးမြှင့်နေစဥ်။ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့တွင် စစ်ကောင်စီ တပ်သားတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာ၍ မြို့နယ်(ပကဖ)မှ ကျပ်သိန်း ၅၀ချီးမြှင့်ခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်က ခင်ဦးမြို့ ပြည်သူ့ဆေးရုံတွင် တပ်စွဲထားသော လုပ်သက် ၁၇ နှစ်ရှိ စစ်ကောင်စီ တပ်သားတစ်ဦးသည် ခင်ဦးမြို့နယ် ပကဖနှင့် ဆက်သွယ် ချိတ်ဆက်ပြီး အလင်းဝင်လာခဲ့သည်။

၎င်းနှင့်အတူ MA1 အမျိုးအစား သေနက် ၁ လက်၊ ကျည်ဘောက် ၃ခုနှင့် 5.56 ကျည် ၂၃၆ တောင့်တို့ အပ်နှံခဲ့၍ ယနေ့ (နိုဝင်ဘ၂၀ ရက်)တွင် မြို့နယ်(ပကဖ) က ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

“သူက မြို့ပေါ် Mission(စစ်ဆင်ရေး)တွေမတိုင်မီ ၃ လလောက်အလိုကတည်းက ကြိုချိတ်ထားတာပါ။ မြို့ပေါ် Missionတွေမှာလည်း သူ့ရဲ့ပါဝင်ဆောင်ရွက်မှုတွေပါတယ်။”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ တာဝန်ခံက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ဒေသအသီးသီးရှိ NUG၏ လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြရန် တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

ရှမ်းပြည်နယ်မြောက်ပိုင်း၌ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း ခင်ဦးမြို့နယ် ရေဦး-ခင်ဦး ကားလမ်းဘေးရှိ စစ်ကောင်စီတပ်အထိုင်ချ စခန်းများဖြစ်သော မူးတိမ်ချောင်းတံတား၊ ရွာသစ်ကုန်းပျူရွာနှင့် အင်းပတ်ကွေ့ဈေးတန်း စခန်းများသည် နိုဝင်ဘာပထမပတ်အတွင်းက ရေဦးမြို့ပေါ်သို့ တပ်ဆုတ်သွားခဲ့သည်။