Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဗိုလ်ကြီး လေးဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄ဦး ပြည်သူ့ရင်ခွင်ခိုလှုံလာဟု NUGအသိပေး

ထွက်ခွာလာနိုင်သေးခြင်းမရှိပဲ Pre CDM (ဖရဲသီး)အဖြစ် အတွင်းမှနေ၍ သတင်းအချက်အလက်များ ပေးပို့ပူးပေါင်းလာသူများအနေဖြင့် ခြောက်ဦး ထပ်မံ ပူးပေါင်းလာခဲ့သည်ဟုလည်း သတင်းထုတ်ပြန်သည်။

(ပြီးခဲ့သည့်ရက်ပိုင်းက KNUတပ်မဟာ(၅)ထံ အလင်းဝင်လာသော စစ်ကောင်စီတပ်သား လေးဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU-Mutraw News)
(ပြီးခဲ့သည့်ရက်ပိုင်းက KNUတပ်မဟာ(၅)ထံ အလင်းဝင်လာသော စစ်ကောင်စီတပ်သား လေးဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU-Mutraw News)

▪️လက်နက် ၆လက်နှင့် ကျည်ခဲယမ်းများ ယူလာ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်သူ့ရင်ခွင်ခိုလှုံရေး အစီအစဉ်အကောင်အထည်ဖော်မှု ကော်မတီသို့ ဆက်သွယ်ခိုလှုံလာမှု အခြေအနေကို NUGက ယနေ့ ထုတ်ပြန်ခဲ့ရာ တစ်လနီးပါးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄ဦး ဆက်သွယ်ခိုလှုံလာကြောင်း ဖော်ပြထားသည်။

၁၀၂၇ စစ်ဆင်ရေးစတင်သည့် ၂၀၂၃အောက်တိုဘာလ ၂၇ ရက်မှစတင်၍ ယနေ့ အချိန်အထိ “ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ်အကောင်အထည်ဖော်မှုကော်မတီ”သို့ ဆက်သွယ်ပြီး ခိုလှုံလာသော တပ်နှင့်ရဲ ဦးရေ ၃၄ဦးရှိကြောင်း ဖော်ပြထားသည်။

ထိုသို့ ဆက်သွယ်ခိုလှုံလာသူ များအနက် ၂၂ ဦးကို လုံခြုံရာသို့ ပို့ဆောင်ပြီးဖြစ်ကာ ၁၂ဦးအား စီစဉ်ဆောင်ရွက်ဆဲ ဖြစ်သည်ဟု ဖော်ပြသည်။

အဆိုပါ ၃၄ဦးတွင် ဗိုလ်ကြီး လေးဦး၊ အရာရှိတစ်ဦး၊ တပ်ကြပ်ကြီး လေးဦး၊ တပ်ကြပ် နှစ်ဦး၊ ဒုတပ်ကြပ် နှစ်ဦး၊ ရဲဘော် ၁၉ဦး၊ ရထားရဲ နှစ်ဦးတို့ပါဝင်ပြီး လက်နက်ခဲယမ်းအနေဖြင့် MA-1 (၃) လက်၊ ၉မမ ပစ္စတို (၂) လက်၊ MA-4 (၁) လက် နှင့် ကျည်များ၊ ဗုံးသီးနှင့် လက်ပစ်ဗုံးများ ပါဝင်ကြောင်း အသိပေးထားသည်။

ထွက်ခွာလာနိုင်သေးခြင်းမရှိပဲ Pre CDM (ဖရဲသီး)အဖြစ် အတွင်းမှနေ၍ သတင်းအချက်အလက်များ ပေးပို့ပူးပေါင်းလာသူများအနေဖြင့် ခြောက်ဦး ထပ်မံ ပူးပေါင်းလာခဲ့သည်ဟုလည်း သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တိုင်းရင်းသားပြည်သူလူထုတရပ်လုံး၏ ရည်မှန်းရာပန်းတိုင် ဖြစ်သည့် စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ဖယ်ရှားရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ထောင်နိုင်ရေး အတွက် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ အားလုံးနှင့် ပူးပေါင်းကာ ပြည်သူ့နွေဦးတော်လှန်ရေးကို ဖြစ်နိုင်သမျှ နည်းနာအစုံအလင်ဖြင့် ကျင့်သုံး၊ ဖော်ဆောင်၊ ဆင်နွှဲလျက်ရှိကြောင်း အသိပေးသည်။

ထိုသို့ဆောင်ရွက်ရာတွင် သွေးမြေကျမှုနည်းနိုင်သမျှ အနည်းဆုံး ဖြစ်ရေးကို ဦးတည်လျက် “ပြည်သူ့ရင်ခွင်ခိုလှုံရေး အစီအစဉ် အကောင်အထည်ဖော်မှု ကော်မတီ” ကို ဖွဲ့စည်းပြီး အကြမ်းဖက်စစ်အာဏာရှင် လက်အောက်မှ ရုန်းထွက်ကာ ပြည်သူလူထုနှင့် ဓမ္မဘက်ရပ်တည်လာသည့် တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များကို ကူညီပံ့ပိုးပေးလျက်ရှိကြောင်း၊ လက်ရှိအချိန်အထိ တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင် ၁၄,၀၀၀ ကျော်အား ကူညီဆောင်ရွက် ပံ့ပိုးပေးထားကြောင်း ထုတ်ပြန်သည်။