Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တမူးမြို့နယ် ပန်းသာရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်ချအလင်းဝင်

စစ်ကောင်စီအခိုင်အမာတပ်စွဲထားသည့် ပန်းသာစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၄) ၊အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) နှင့် Fighter Police CDM တို့က ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

တမူးမြို့နယ် ပန်းသာရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သားနှစ်ဦး ယူဆောင်လာသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - တပ်ရင်း (၄)
တမူးမြို့နယ် ပန်းသာရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သားနှစ်ဦး ယူဆောင်လာသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - တပ်ရင်း (၄)

စစ်ကိုင်းတိုင်း တမူးမြို့နယ်ရှိ ပန်းသာရွာမှ စစ်‌ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးမှာ သေနတ်နှစ်လက်ယူဆောင်လာပြီး လက်နက်ချအလင်းဝင်လာခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးမှာ လက်နက်ချအလင်းဝင်လာခဲ့ကြောင်းကို တမူးမြို့ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၄)က ယနေ့ (နိုဝင်လာလ ၂၁ရက်) သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

“ပန်းသာမှာ စစ်တပ်က အထိနာနေပြီ။ တိုက်လိုစိတ်လည်း မရှိကြတော့ဘူး။ အခုတော့ နှစ်ယောက်ထွက်ပြေးလာတယ်။သေနတ်‌တွေပါ ယူလာတာမို့ သူတို့ ထောက်ပံ့ကြေးပါရမှာ”ဟု တမူးမြို့မှ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးက ပြောသည်။

အလင်းဝင်လာသူနှစ်ဦးမှာ (၃၁)နှစ်အရွယ် ကျော်လင်းထိုက်နှင့် (၂၅)နှစ်အရွယ်ကောင်းထက်အောင်ဆိုသူ ဖြစ်ပြီး MA – 2 သေနတ်တစ်လက်၊ MA – 4 တစ်လက်ယူဆောင်လာခဲ့ကြောင်း တမူးမြို့၊ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၄) က ထုတ်ပြန်ထားသည်။

“ပြည်သူ့ရင်ခွင်မှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါသည်”ဟု တပ်ရင်း(၄)က ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအခိုင်အမာတပ်စွဲထားသည့် ပန်းသာစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၄) ၊အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) နှင့် Fighter Police CDM တို့က ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး”ကို ကြိုဆိုထောက်ခံသောအားဖြင့် “ပြည်တော်ဝင်စစ်ဆင်ရေး” အမည်ပေးကာ တိုက်ပွဲဝင်နေခြင်းဟု NLA က သတင်းထုတ်ပြန်ထားသည်။