Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပေါက်​တောမြို့နယ်တွင် တိုက်ပွဲ ပြင်းထန်​နေ

နိူဝင်ဘာ ၁၆ ရက်​နောက်ပိုင်းတိုက်ပွဲများ ငြိမ်သက်နေခဲ့ပြီး ​နောက် ၅ ရက်အကြာ ယနေ့ည​နေတွင် တိုက်ပွဲများတကျော့ပြန် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

(​ပေါက်​တောမြို့နယ် အနီးဝန်းကျင်ကို Google Mapတွင်​တွေ့ရမှု)
(​ပေါက်​တောမြို့နယ် အနီးဝန်းကျင်ကို Google Mapတွင်​တွေ့ရမှု)

ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် ယနေ့(နိုဝင်ဘာလ ၂၁ရက်) ညနေပိုင်း၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းရော၊ရေကြောင်းမှပါ ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံများကပြောသည်။

“ပေါက်တောမှာနှစ်ဖက် တိုက်ပွဲ ပြင်းထန်နေပါတယ်။ စကစ ကရဟတ်ယဥ် နဲ့ရော နေဗီ(ရေတပ်)ကပါ ပစ်ခတ်နေပါတယ်” ဟုဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပေါက်တောမြို့တွင် ယနေ့ နံနက်က ရက္ခိုင့်တပ်တော်(AA) က စတင်တိုက်ခိုက်၍ စစ်တပ်က လေကြောင်းရော ရေကြောင်းမှပါ ပစ်ကူပေးနေကြောင်း ဖော်ပြနေကြသည်။ တိုက်ပွဲအတွင်း ထိခိုက်မှုများကို မသိရှိရသေးပေ။

စစ်ကောင်စီတပ်သည် ပေါက်တောမို့၌ AAအား ‌ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခြင်းမျိုးမပြုလုပ်ဘဲ အရပ်သားများကို ဦးတည်တိုက်ခိုက်နေကြောင်း ဒေသခံများကပြောသည်။ မြို့ပေါ်ရပ်ကွက်များမှဒေသခံအများအပြားသည် လက်တလောတွင် ဘေးလွှတ်ရာ၌ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ပေါက်တောမြို့ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များအားလုံးသည်နိုဝင်ဘာလ ၁၆ ရက်နံနက်တွင် ရက္ခိုင့်တပ်တော်(AA) ထံလက်နက်ချ အလင်းဝင်ခဲ့သည်။ထိုနောက် စစ်တပ်က ​လေ​ကြောင်းနှင့် ​ရေ​ကြောင်းကပါ ​ပေါက်​တော့မြို့ ဘက်လာ၍ ပစ်ခတ်သဖြင့်တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၁၆ ရက်က စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခဲ့ရာ ​ဒေသခံပြည်သူအချို့ သေဆုံးဒဏ်ရာရခဲ့သည်။ စစ်‌ ကောင်စီလေကြောင်းမှတိုက်ခိုက်၍ ပြည်သူများသေဆုံးခဲ့ကြောင်း၊ ထိုလုပ်ရပ်သည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ပြီး ” စစ်ကောင်စီပစ်သတ်၍ သေဆုံးခဲ့ရသော ပေါက်တောမြို့မှ အရပ်သားပြည်သူများအတွက် များစွာဝမ်းနည်းရပြီး အဆိုပါကိစ္စအား ကျူးလွန်သောသူများကို မိမိတို့ အနေဖြင့် လက်တုံ့ပြန် တိုက်ခိုက်သွားမည်ဖြစ်သည်” ဟု AA က နိုဝင်ဘာလ၁၆ရက် ညနေတွင်ထုတ်ပြန်ထားသည်။

နိူဝင်ဘာ ၁၆ ရက်​နောက်ပိုင်းတိုက်ပွဲများ ငြိမ်သက်နေခဲ့ပြီး ​နောက် ၅ ရက်အကြာ ယနေ့ည​နေတွင် တိုက်ပွဲများတကျော့ပြန် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။