Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလဲမြို့တွင် ကင်းစောင့်နေသော စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ

ည ၁၂နာရီခန့်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း ဒေသတွင်း PDFအဖွဲ့များက ဆိုသည်။

(တိုက်ခိုက်ရာတွင် အသုံးပြုသော လက်နက်ကြီးများအား တွေ့ရစဥ်။ ဓာတ်ပုံ-Chindwin Toe Na Yar PDF)
(တိုက်ခိုက်ရာတွင် အသုံးပြုသော လက်နက်ကြီးများအား တွေ့ရစဥ်။ ဓာတ်ပုံ-Chindwin Toe Na Yar PDF)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့တွင် ကင်းစောင့်နေသော စစ်ကောင်စီတပ်သားများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chindwin Toe Na Yar PDF၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့(နိုဝင်ဘာ ၂၇ ရက်) ည ၁၁နာရီခွဲခန့်က ပုလဲမြို့ရှိ သရက်ခြံနှင့် ရေစင်ပေါ်တွင် ကင်းယူထားသော စစ်ကောင်စီတပ်သားများအား မဟာမိတ်ပူးပေါင်းအဖွဲ့က ၆၀ မမ၊ ၈၀ မမ၊ ၉၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chindwin Toe Na Yar PDF၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(တိုက်ခိုက်ရာတွင် အသုံးပြုသော လက်နက်ကြီးများအား တွေ့ရစဥ်။ ဓာတ်ပုံ-Chindwin Toe Na Yar PDF)
(တိုက်ခိုက်ရာတွင် အသုံးပြုသော လက်နက်ကြီးများအား တွေ့ရစဥ်။ ဓာတ်ပုံ-Chindwin Toe Na Yar PDF)

ည ၁၂နာရီခန့်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း ဒေသတွင်း PDFအဖွဲ့များက ဆိုသည်။

“အဲဒီနေရာတွေမှာ အင်အားက ခန့်မှန်းခြေ ၃၀လောက်ရှိမယ်။ အထိများပြီးဆေးရုံမှာ ခြေရှုပ်နေတယ်။ နှစ်ကောင်ကတော့ မနေ့ညကတည်းက ကျတယ်။”ဟု Chindwin Toe Na Yar PDF၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သို့သော် စစ်ကောင်စီ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးအား တူမီးတပ်ဦး မဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်သော Chindwin Toe Na Yar PDF၊ SKY၊ တူမီးတပ်ဦး Real Hero၊ တော်လှန်ပျောက်ကြား၊ မျိုးဆက်သစ်၊ ဒေါင်းမင်းတပ်ရင်း၂၉ခွဲ၂၊ Yinmarbin Local PDFတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပုလဲမြို့နယ်အတွင်း၌ စစ်ကောင်စီ၏ (၇၀၈)တပ်ရင်းမှ စစ်ကြောင်းလှည့်လည်နေပြီး နိုဝင်ဘာ ၁၂ ရက်က အေးကုန်းကျေးရွာမှ နေအိမ် ၁၆ လုံးအား မီးရှို့ဖျက်ဆီးသွားခဲ့သေးသည်။