Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အညံ့ခံရန်အသိပေးချက်အား လက်မခံသည့်မူဆယ် (၁၀၅)မိုင် စစ်ကောင်စီစခန်းကို တိုက်ခိုက်နေဟု ညီနောင်သုံးဖွဲ့ထုတ်ပြန်

ချင်းပြည်နယ် ပလက်ဝဒေသရှိ နှုံးဘူးဗျူဟာနှင့် တရွန်အိုင်ဗျူဟာသိမ်းပိုက်ရယူရေးတိုက်ပွဲများမှာလည်း ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း အသိပေးသည်။

(မူဆယ် ၁၀၅မိုင်တွင် နိုဝင်ဘာ ၂၆ရက်ကဖြစ်ခဲ့သောတိုက်ပွဲအတွင်း ဈေးဆိုင်ခန်းများနှင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(မူဆယ် ၁၀၅မိုင်တွင် နိုဝင်ဘာ ၂၆ရက်ကဖြစ်ခဲ့သောတိုက်ပွဲအတွင်း ဈေးဆိုင်ခန်းများနှင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ရှမ်းမြောက်ဒေသ မူဆယ်မြို့အနီးရှိ ၁၀၅ မိုင် ရန်သူ့စစ်ဗျူဟာစခန်းကုန်းအား နိုဝင်ဘာ ၂၇ ရက်တွင် ညီနောင်မဟာမိတ် (၃) ဖွဲ့မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း တအောင်း (TNLA)၊ ကိုးကန့်(MNDAA)နှင့်ရက္ခိုင်(AA) တပ်များက ထုတ်ပြန်သည်။

၂၄ နာရီအတွင်း လက်နက်ချ၊ အညံ့ခံရန်ပြောထားသော်လည်း လက်နက်ချအညံ့မခံသော အဆိုပါ ၁၀၅ မိုင် စစ်ကောင်စီ စခန်းအား ယခုကဲ့သို့ တိုက်ခိုက်နေခြင်းဖြစ်သည်ဟု အသိပေးထားသည်။

၁၀၅ မိုင် စစ်ကောင်စီစခန်းတိုက်ပွဲအတွင်း ရန်သူ့ဖက်မှ ဂျက်တိုက်လေယာဉ် တစ်စီးဖြင့် နှစ်ကြိမ်တိုင်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲမှာ ဆက်လက်ပြင်းထန်လျက်ရှိသည်ဟုဆိုသည်။

(မူဆယ် ၁၀၅မိုင်တွင် နိုဝင်ဘာ ၂၆ရက်ကဖြစ်ခဲ့သောတိုက်ပွဲအတွင်း ဈေးဆိုင်ခန်းများနှင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(မူဆယ် ၁၀၅မိုင်တွင် နိုဝင်ဘာ ၂၆ရက်ကဖြစ်ခဲ့သောတိုက်ပွဲအတွင်း ဈေးဆိုင်ခန်းများနှင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

လက်နက်ချအညံ့ခံရန် ကြိုပြောထားသော်လည်း အညံ့မခံသောစခန်းများ၊ ပြည်သူလူထုအား လက်နက်ကြီးများဖြင့် ပစ်ခတ်သတ်ဖြတ်နေသောစခန်းများကိုလည်း ယခုနည်းတူ တစ်ခုပြီး တစ်ခု ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းထုတ်ပြန်သည်။

မူဆယ်မြို့နယ်ရှိ စစ်ကောင်စီ၏ နမ့်ပေါတံတားတပ်စခန်းအား တအာင်းတပ်မတော် (TNLA) မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ကျောက်မဲမြို့နယ်၊ ကောင်းမူးလိန်ကျေးရွာအနီးတွင် တအာင်းတပ်မတော် (TNLA) နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း ဖော်ပြသည်။ စစ်ဒေသ၊ လားရှိုးမြို့နယ်၊ မိုင်းလီကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းအား တအာင်းတပ်မတော် (TNLA) မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

TNLAနှင့် စစ်ကောင်စီတပ်တို့သည်ယမန်နေ့က မူဆယ်၊ ကျောက်မဲ၊ လားရှိုးနှင့် မတ္တရာ မြို့နယ်များရှိနေရာ ၇ခုတွင် တိုက်ပွဲများ ဖြစ်ခဲ့ပြီးစစ်ကောင်စီတပ်ထံမှလက်နက် ၁၈လက်သိမ်းဆည်းရရှိခဲ့သည်။

ရက္ခိုင်ဒေသ စစ်ရေးအခြေအနေများကို ဖော်ပြရာ ပေါက်တောမြို့တွင်းတိုက်ပွဲမှာ ဆက်လက်ရှိနေသည်ဟုဆိုသည်။ ယမန်နေ့က ကုလားတန်မြစ်ကြောင်းတလျှောက် တက်လာသော စစ်ကောင်စီ၏ ရေတပ်သင်္ဘောမှ တမင်တကာရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ရွာ ဘုန်းတော်ကြီးကျောင်းသို့ ကျရောက်ပေါက်ကွဲပြီး ဘုန်းကြီးကျောင်း မီးလောင်ပျက်စီးခဲ့သည်။

ထို့ပြင် ပုဏ္ဏားကျွန်းမြို့အခြေစိုက် (၅၅၀) တပ်ရင်းမှ အရပ်သားပြည်သူလူထုအပေါ် ဦးတည်ပစ်မှတ်ထား၍ လက်နက်ကြီးများဖြင့် အဆက်မပြတ် ရမ်းသန်းပစ်ခတ်လျက်ရှိကြောင်း၊ စစ်တွေမြို့၊ အမှတ် (၁၂) ရဲတပ်ရင်းမှလည်း ပေါက်တောမြို့ဘက်သို့ ဦးတည်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်သည်။

ချင်းပြည်နယ် ပလက်ဝဒေသရှိ နှုံးဘူးဗျူဟာနှင့် တရွန်အိုင်ဗျူဟာသိမ်းပိုက်ရယူရေးတိုက်ပွဲများမှာလည်း ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း အသိပေးသည်။

တအောင်းဒေသ၌လည်း TNLAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေသည်။