Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

SSPPက ကျားဖြန့်ဂိုဏ်းစီးနင်းပြီး တရုတ်နိုင်ငံသား ၈၈ဦးကို ဖမ်းဆီးပြန်ပို့ပေး

နိုဝင်ဘာ ၂၃ ရက်တွင် SSPP/SSA ထိန်းချုပ်နယ်မြေရှိ အဆောက်အဦးတစ်ခုအတွင်း၌ တရုတ်နိုင်ငံသား ၈၈ဦး နှင့် မြန်မာ ၂၈ဉီး စုစုပေါင်း ၁၁၆ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(ဖမ်းဆီးမိသော တရုတ်နိုင်ငံသားများအား လွှဲပြောင်းပေးနေစဥ်။ ဓာတ်ပုံ - SSPP)
(ဖမ်းဆီးမိသော တရုတ်နိုင်ငံသားများအား လွှဲပြောင်းပေးနေစဥ်။ ဓာတ်ပုံ - SSPP)

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်ရှိ နမ့်ခမ်းမြို့နယ်၌ အွန်လိုင်းငွေလိမ်လည်လုပ်ငန်များ လုပ်ကိုင်သည့် ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်း တစ်ခုကို ဝင်ရောက်စီးနင်းခဲ့ရာတွင် ဖမ်းမိခဲ့သည့် တရုတ်နိုင်ငံသား ၈၈ဦးအား တရုတ်အစိုးရထံ လွှဲအပ်ခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)က သတင်းထုတ်ပြန်သည်။

(ဖမ်းဆီးမိသော တရုတ်နိုင်ငံသားများအား လွှဲပြောင်းပေးနေစဥ်။ ဓာတ်ပုံ - SSPP)
(ဖမ်းဆီးမိသော တရုတ်နိုင်ငံသားများအား လွှဲပြောင်းပေးနေစဥ်။ ဓာတ်ပုံ – SSPP)

နိုဝင်ဘာ ၂၃ ရက်တွင် SSPP/SSA ထိန်းချုပ်နယ်မြေရှိ အဆောက်အဦးတစ်ခုအတွင်း၌ တရုတ်နိုင်ငံသား ၈၈ဦး နှင့် မြန်မာ ၂၈ဉီး စုစုပေါင်း ၁၁၆ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ဖမ်းမိသူများအနက် တရုတ်နိုင်ငံသား ၈၈ဦးကို နိုဝင်ဘာ ၂၃ ရက်ပင် တရုတ်အစိုးရထံ လွဲအပ်ပေးလိုက်ကြောင်း ဖော်ပြသည်။

ကျန်ရှိနေသေးသည့် မြန်မာ ၂၈ဦးကို အမူ့စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန် သည်။

(ဖမ်းဆီးမိသော တရုတ်နိုင်ငံသားများအား လွှဲပြောင်းပေးနေစဥ်။ ဓာတ်ပုံ - SSPP)
(ဖမ်းဆီးမိသော တရုတ်နိုင်ငံသားများအား လွှဲပြောင်းပေးနေစဥ်။ ဓာတ်ပုံ – SSPP)

တရုတ်-မြန်မာနယ်စပ်ဒေသ အခြေပြုပြီး ပေါ်ပေါ်တင်တင်လုပ်ဆောင်လျက်ရှိသည့် အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများကိုနှိမ်နင်းရန် တရုတ်အစိုးရက စစ်ဆင်ရေးအသွင် ဆောင်ရွက်လာရာ စစ်ကောင်စီသာမက နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကပါ ၎င်းတို့နယ်မြေရှိ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများမှ တရုတ်နိုင်ငံသားများကို ဖမ်းဆီးကာ တရုတ်အစိုးရထံ လွှဲပြောင်း အပ်နှံမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement