Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီလက်ချက်ကြောင့် ၁လအတွင်း အရပ်သား ၇၀ခန့်သေ၊ ၁၀၀ကျော် ဒဏ်ရာရဟု TNLA ထုတ်ပြန်

TNLA အပါအဝင် မဟာမိတ်တပ်များက ယခုရက်ပိုင်းတွင် တိုက်ခိုက်နေသည့် မူဆယ် (၁၀၅) မိုင်တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးထိခိုက်ခဲ့သည့် အခြေအနေများကိုလည်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

(မူဆယ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - The Ta'ang Post)
(မူဆယ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - The Ta'ang Post)

စစ်ကောင်စီတပ်၏ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် ၁လအတွင်း အရပ်သား ပြည်သူ ၇၀ ခန့်သေဆုံးကာ ၁၀၀ ကျော်ဒဏ်ရာရခဲ့ကြောင်း တအာင်းတပ်မတော် (TNLA)က အသိပေးထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့်အောက်တိုဘာ ၂၇ရက်မှ နိုဝင်ဘာ ၂၇ရက်ထိ စစ်ကောင်စီတပ်မှ ပြည်သူလူထုအား လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးဖြင့် အသုံးပြု တိုက်ခိုက်မှုကြောင့် ပြည်သူ သေဆုံးထိခိုက်ဒဏ်ရာရ အခြေအနေကို အသိပေးလာခြင်းဖြစ်သည်။

TNLA အပါအဝင် မဟာမိတ်တပ်များက ယခုရက်ပိုင်းတွင် တိုက်ခိုက်နေသည့် မူဆယ် (၁၀၅) မိုင်တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးထိခိုက်ခဲ့သည့် အခြေအနေများကိုလည်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် ၂ရက်အတွင်း ပြည်သူ ၄ဦး သေဆုံးကာ ၆ဦး ဒဏ်ရာရခဲ့ပြီး နေအိမ်အဆောက်အဦး ပျက်စီးမှုများ ရှိခဲ့သည်ဟု အသိပေးထားသည်။

ပြည်သူကို ဦးတည်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်သည့် စစ်ကောင်စီတပ်များကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများကြောင့် ၁လတာအတွင်း အများပြည်သူဆိုင်ရာ အဆောက်အဦး၊ ဘုန်းကြီးကျောင်း နှင့် ပြည်သူလူထု နေအိမ် ၂၁၀ကျော် မီးလောင်ပျက်စီးမှုများ ရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။