Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရ အရာရှိတွေ တွေ့ဆုံမှုမှာ မြန်မာ့အရေး၊ ရိုဟင်ဂျာအရေး ဆွေးနွေး

မူဟာမတွတ်ဟာ အိန္ဒိယမှ ၃ ရက်ကြာ နေထိုင်မှာဖြစ်ပြီး သူ့ကို အိန္ဒိယ ပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ဖိတ်ကြားခဲ့တာပါ။ သူတို့နှစ်ဦးကလည်း ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။

(ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟာဆန် မူဟာမွတ်နဲ့ အိန္ဒိယ အစိုးရရဲ့ အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ အဂျစ်ဒိုဗဲလ်။ ဓါတ်ပုံ-PTS)
(ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟာဆန် မူဟာမွတ်နဲ့ အိန္ဒိယ အစိုးရရဲ့ အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ အဂျစ်ဒိုဗဲလ်။ ဓါတ်ပုံ-PTS)

မြန်မာ့ နိုင်ငံရေး အကျပ်အတည်းတွေနဲ့ ရိုဟင်ဂျာတွေ နေရပ် ပြန်နိုင်ရေး ကိစ္စတွေအတွက် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရ ထိပ်တန်း အရာရှိတွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ဘင်္ဂလားဒေ့ရှ် အ​ခြေစိုက် bdnews 24 က​ဖော်ပြ ပါတယ်။

ဖေဖော်ဝါရီ ၇ ရက်နေ့က အိန္ဒိယနိုင်ငံ၊ နယူးဒေလီ မြို့တော်မှာရှိတဲ့ ဆာဒါးပက်တဲလ် ဘာဝမ် နိုင်ငံတော် ဧည့်ဂေဟာမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟာဆန် မူဟာမွတ်နဲ့ အိန္ဒိယ အစိုးရရဲ့ အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ အဂျစ်ဒိုဗဲလ်တို့ တွေ့ဆုံ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

မူဟာမွတ်ရဲ့ အိန္ဒိယ ခရီးစဉ် ပထမဆုံးနေ့မှာ ဒိုဗဲလ်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး အဲဒီနောက်မှာတော့ သူဟာ မဟတ္တမ ဂန္ဒီ အောက်မေ့ဖွယ် ဆေးရုံကိုလည်း အလည်အပတ် သွားရောက်ပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အစိုးရ ထိပ်တန်း ပုဂ္ဂိုလ်နှစ်ဦး တွေ့ဆုံမှုမှာ ရိုဟင်ဂျာ ဒုက္ခသည်အရေးကို အကျေအလည် ဆွေးနွေးခဲ့ပြီး ဆက်စပ် အခြေအနေဖြစ်တဲ့ မြန်မာနိုင်ငံမှာ လက်ရှိ ကြုံတွေ့နေတဲ့ အကျပ်အတည်းတွေနဲ့ ပတ်သက်လို့ပါ သဘောထားအမြင် ဖလှယ်ခဲ့ကြပါတယ်။ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးမှာမြန်မာ့နိုင်ငံရေး အခြေအနေတွေကလည်း အရေးကြီးတဲ့ နောက်ခံ အကြောင်းတရားအဖြစ် နှစ်ဖက်စလုံးက လက်ခံခဲ့ကြတယ်လို့ဆိုပါတယ်။

မူဟာမတွတ်ဟာ အိန္ဒိယမှ ၃ ရက်ကြာ နေထိုင်မှာဖြစ်ပြီး သူ့ကို အိန္ဒိယ ပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ဖိတ်ကြားခဲ့တာပါ။ သူတို့နှစ်ဦးကလည်း ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံ အနောက်ဖက်စွန်း နယ်စပ်ဧရိယာတွေမှာ အာဏာသိမ်း စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ အာရှတောင်ပိုင်း အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယတို့ကိုလည်း ဖိစီးမှုတွေ ကြုံတွေ့စေခဲ့ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းအတွင်း တော်လှန်ရေး အင်အားစုတွေရဲ့ ထိုးစစ်ကြောင့် အခြေစိုက် စခန်းကို စွန့်ခွာ ထွက်ပြေးတဲ့ မြန်မာ စစ်သားတွေနဲ့ နယ်ခြားစောင့် ရဲတွေရာ​ပေါင်းများစွာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲ ရောက်ရှိတာမျိုး ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

ကိုးကား: BD News

(ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟာဆန် မူဟာမွတ်နဲ့ အိန္ဒိယ အစိုးရရဲ့ အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ အဂျစ်ဒိုဗဲလ်။ ဓါတ်ပုံ-PTS)