Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခလရ(၁၄၂)တပ်ရင်းကို KIA သိမ်းပိုက်ပြီး လွယ်ဂျယ်မြို့ကို အလုံးစုံထိန်းချုပ်

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ တပ်မမှူး အဆင့်အပါအဝင် အရာရှိ၊ စစ်သည်များစွာ သေဆုံးကာ ဖမ်းဆီးခံရသူ ရာချီရှိခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ အများအပြားကို KIAက သိမ်းပိုက်ရရှိခဲ့သည်။

(လွယ်ဂျယ်မြို့တနေရာတွင် KIAက သတိပေးစာကပ်ထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Myu Tsaw Kasa)
(လွယ်ဂျယ်မြို့တနေရာတွင် KIAက သတိပေးစာကပ်ထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Myu Tsaw Kasa)

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့၌ နောက်ဆုံးကျန်နေသည့် စစ်ကောင်စီတပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

Public Service Announcement

Public Service Announcement

မတ်လ ၂၇ရက်မှ ဧပြီ ၁ရက်အတွင်း လွယ်ဂျယ် – ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်၏ ယောယုံဗျူဟာနှင့် စိန်လုံဗျူဟာစခန်းများအပါအဝင် တပ်စခန်းအားလုံးကို KIAက သိမ်းပိုက်ပြီး မြို့ကို ဝိုင်းပတ်ပိတ်ဆို့ထားခြင်းဖြစ်သည်။

မတ်လ ၂၈ရက်ကတည်းက KIAက လွယ်ဂျယ်မြို့ကို ဝိုင်းရံကာ မြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများနှင့် စစ်ကောင်စီ ဝန်ထမ်းများ ထွက်ခွာရန် အချိန်ပေးထားခဲ့ခြင်းဖြစ်သည်။

တရုတ်နယ်စပ်မြို့ဖြစ်၍ လွယ်ဂျယ်အား တိုက်ခိုက်သိမ်းပိုက်ခြင်းမပြုရန် တရုတ်နိုင်ငံဘက်က ဖိအားပေးနေသည့် အခြေအနေတွင် KIA တပ်များက ကျန်နေသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ခြင်းမပြုဘဲ မြို့တွင်း ဝင်ရောက်နေရာယူကာ ပိတ်ဆို့ထားခဲ့ရာ ယနေ့ (ဧပြီ ၉ရက်)တွင် စစ်ကောင်စီတပ်များ တရုတ်နိုင်ငံဘက် ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်အချို့က ပြောပြသည်။

” လွယ်ဂျယ်ကို အလုံးစုံသိမ်းပိုက်လိုက်ပြီ။ စစ်ကောင်စီတွေ တရုတ်ဘက် အကုန်ထွက်ပြေးသွားတယ်။ ဒီမနက် စခန်းကို ရှင်းလင်းလိုက်ပါပြီ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

Public Service Announcement

Public Service Announcement

ခမရ(၁၄၂)တပ်ရင်းသို့ KIA တပ်ဖွဲ့ဝင်များ ရောက်ရှိမှု ရုပ်သံနှင့် ဓာတ်ပုံမှတ်တမ်းများလည်း လူမှုကွန်ရက်၌ တွေ့ရသည်။

အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း စစ်ကောင်စီတပ်က အင်အား ၆၀ခန့် တရုတ်နိုင်ငံဘက်သို့ ပြေးဝင်သွား၍ KIAက အပြီးသတ် သိမ်းပြီးဖြစ်ကြောင်း ပြောပြသည်။

KIA သည် မတ်လ ၇ရက်မှစ၍ ထိုးစစ်အရှိန်မြှင့်တင်ပြီး စစ်ကောင်စီတပ်စခန်းများစွာကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ တစ်လအတွင်း လွယ်ဂျယ်ဒေသ ၊ လိုင်ဇာဒေသ၊ ဝိုင်းမော်၊ မိုးမောက်မြို့နယ်များ ရှိ စစ်ကောင်စီတပ်စခန်း ၇၀ ခန့်ကို သိမ်းပိုက်နိုင်ခဲ့ပြီး မြစ်ကြီးနား- ဗန်းမော်လမ်း၊ ဗန်းမော်- လွယ်ဂျယ်လမ်းများကို ထိန်းချုပ်ထားသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ တပ်မမှူး အဆင့်အပါအဝင် အရာရှိ၊ စစ်သည်များစွာ သေဆုံးကာ ဖမ်းဆီးခံရသူ ရာချီရှိခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ အများအပြားကို KIAက သိမ်းပိုက်ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် ယခုနှစ်ဆန်းပိုင်းတွင် မံစီရှိ စစ်ကောင်စီတပ်စခန်းအများအပြားကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ဟန်ထက်တပ်စခန်းကို ဧပြီ ၅ရက် နံနက်တွင် ထပ်မံသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

မိုးမောက်မြို့နယ် ဒဂေါ်ကျေးရွာအထက်ရှိ မိုင်ဆတ်ကောင်စီတပ်စခန်းအား ယနေ့ ဧပြီ ၃ရက် နံနက် ၇နာရီခွဲတွင် KIA တပ်မဟာ(၃)က တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အသိပေးထားသည်။

သတင်း

မတ်လ ၇ရက်မှစတင်သည့် KIA၏ ထိုးစစ်တွင် မြစ်ကြီးနား ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်စခန်းများ၊ တပ်ရင်းဌာနချုပ်များ KIAက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဗန်းမော်- လွယ်ဂျယ်လမ်း ရှိ စစ်စခန်းများကို မတ်လ ၂၇ရက်မှ စတင်ထိုးစစ်ဆင်လာခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်သည် Y12 ထောက်ပို့လေယာဉ်များဖြင့် ရမ်းသန်း တိုက်ခိုက်မှုများပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဆိုသည်။