Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNU ပူးပေါင်းတပ်ပစ်ချခဲ့သည့်စစ်ကောင်စီရဟတ်ယာဉ်အား ကော်ဘရာစစ်ဆင်ရေးမှူး သွားရောက်ကြည့်ရှု

စစ်တပ်အာဏာသိမ်းပြီး​နောက်​တော်လှန်​ရေးအဖွဲ့များပစ်ချခဲ့သည့် စစ်​ကောင်စီ ရဟတ်ယာဥ်နှင့် ​လေယာဥ် ၇ စီးရှိပြီဖြစ်သည်။

(​ကော်ဘရာပစ်ချခဲ့​​သော Eurocopter 365 ရဟတ်ယာဥ်ပျက်ကို ​စစ်ဆင်​ရေးမှူး ဗိုလ်ဒါ​​ဘောကြည့်ရှု​နေစဥ်။ဓါတ်ပုံ-Saw Kaw)
(​ကော်ဘရာပစ်ချခဲ့​​သော Eurocopter 365 ရဟတ်ယာဥ်ပျက်ကို ​စစ်ဆင်​ရေးမှူး ဗိုလ်ဒါ​​ဘောကြည့်ရှု​နေစဥ်။ဓါတ်ပုံ-Saw Kaw)

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ပူးပေါင်းတပ်များက ယခုနှစ် ဇန်နဝါရီ လကုန်ပိုင်းက ပစ်ချခဲ့သည့် စစ်ကောင်စီ ရဟတ်ယာဉ်အပျက်ရှိရာသို့ ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘော သွားရောက်ကြည့်ရှုခဲ့သည့် ရုပ်သံမှတ်တမ်းကို ကော်ဘရာ စစ်ကြောင်း(၁) စစ်ကြောင်းမှူး ဗိုလ်စောကော်က လူမှုကွန်ရက်တွင် ဖော်ပြ အသိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

“ကဲလေယာဉ်စီးမယ်” ဟုဗိုလ်ဒါဘောကပြောကြားပြီး လေယာဉ်အပျက်ပေါ်သို့ တက်ရောက်နေသည်ကိုလည်း ရုပ်သံတွင်တွေ့ရသည်။

စစ်ကောင်စီတပ်၏ Eurocopter 365 (၁) စီးအား KNU၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၆) နှင့် တော်လှန်ရေးပူးပေါင်းတပ်က ယခုနှစ်ဇန်နဝါရီ ၂၉ရက် မွန်းလွဲပိုင်း၌ပစ်ချခဲ့ခြင်းဖြစ်သည်။

မြဝတီမြို့နယ် သင်္ကန်းညီနောင် အခြေစိုက် ခမရ (၃၅၆) တပ်ရင်းသို့ တာဝန်ချိန်းပြောင်းရန် လာသော ရဟတ်ယာဉ် နှစ်စီးအနက် Eurocopter 365 (၁) စီးအား ပစ်ချခဲ့ခြင်းဖြစ်ပြီး ရဟတ်ယာဉ်ပေါ်ပါ ဗိုလ်မှူးချုပ် အေးမင်းနောင်အပါအဝင် ဗိုလ်မှူး (၃) ဦး နှင့် ဗိုလ်ကြီး (၁) ဦး စုစုပေါင်း (၅) ဦး သေဆုံးကာ (၁) ဦး ဒဏ်ရာရခဲ့သည်ဟု KNUက ထုတ်ပြန်ခဲ့သည်။

ရဟတ်ယာဉ် ပစ်ချခံရသည့် နေ့ကတည်းက ရဟတ်ယာဉ် အပျက်အစီး ပုံများအား စစ်ကောင်စီတပ်များက သွားရောက်ရှင်းလင်းနေသည့် ဓာတ်ပုံမှတ်တမ်းကို KNU က ဖော်ပြခဲ့ပြီးဖြစ်သည်။

Public Service Announcement

Public Service Announcement

ယခု ကော်ဘရာ စစ်ဆင်ရေးမှူး သွားရောက်ကြည့်ရှုခဲ့သည့် ရုပ်သံမှတ်တမ်းအရ ပျက်ကျ ရဟတ်ယာဉ်ကို ရွှေပြောင်းထားခြင်းမရှိဘဲ ယခင် ပျက်ကျသည့် နေရာ၌သာ ရှိနေသည်ကို တွေ့ရသည်။

လက်ရှိတွင် ကော်ဘရာ စစ်ကြောင်းအပါအဝင် KNU ပူးပေါင်းတပ်ဖွဲ့များက ခမရ(၃၅၅)၊ ခမရ(၃၅၆)နှင့် ခမရ(၃၅၇) အပါအဝင် သင်္ဃန်းညီနောင်ဗျူဟာ တစ်ခုလုံးကို သိမ်းပိုက်ထားပြီးဖြစ်ကာ မြ၀တီမြို့ကိုထပ်မံသိမ်းပိုက်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

စစ်တပ်အာဏာသိမ်းပြီး​နောက်​တော်လှန်​ရေးအဖွဲ့များပစ်ချခဲ့သည့် စစ်​ကောင်စီ ရဟတ်ယာဥ်နှင့် ​လေယာဥ် ၇ စီးရှိပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဒုခေါင်းဆောင်စိုးဝင်းသည် ရတခတွင်ရောက်ရှိကာ မြဝတီ၊ သင်္ဃန်းညီနောင်၊ ကော့ကရိတ် စစ်ဆင်ရေးများကို အနီးကပ်ကွပ်ကဲနေကြောင်း သိရသဖြင့် ရသမျှနည်းလမ်းများအသုံးပြုတိုက်ခိုက်နေခြင်းဖြစ်ကြောင်းယင်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မေးမြန်းခန်း

တစ်ချိန်တည်း​ပေါ်ထွက်လာတဲ့ KIA နဲ့ KNU တို့ရဲ့ ထိုးစစ် စတာ​တွေနဲ့ပတ်သပ်ပြီးကရင်အမျိုးသားအစည်းအရုံး(KNU)​ပြော​ရေးဆိုခွင့်ရှိသူလည်းဖြစ် ၊ ဗဟို​အလုပ်အမှု​ဆောင်ကော်မတီဝင်လည်းဖြစ်တဲ့ ပဒို​စော​တောနီး နဲ့ People's Spring သတင်းဌာနရဲ့​မေးမြန်းခန်းကို ​ဖော်ပြ​ပေးလိုက်ပါတယ် ။

သတင်း

မတ်လ ၇ရက်တွင် KNUဦးဆောင်သည့် ပူးပေါင်းတပ်က ထိုးစစ်အရှိန်မြှင့်ပြီး ကျိုက်ဒုံ ၊ ဖာပွန်၊ သင်္ဃန်းညီနောင်ဗျူဟာတို့အား သိမ်းပိုက်ခဲ့သည့် အခြေအနေနှင့်ပတ်သက်ပြီး ယခုကဲ့သို့ ပြောပြခြင်းဖြစ်သည်။

သတင်း

KNLA၊ PDF ပူးပေါင်းတပ်များက ခမရ(၂၇၅) တပ်ရင်းအား ယနေ့စတင်တိုက်ခိုက်နေ၍ စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ကူပေးတိုက်ခိုက်နေသည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ်များက ရေးသားနေကြသည်။