Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သွေးခွဲမှုများကို သတိထားပြီး စည်းလုံးညီညွတ်မှုကိုဆက်လက်ကိုင်စွဲသွားပါက တော်လှန်ရေးအောင်မြင်ရန် မဝေးတော့ဟု KNU ပြော

မတ်လ ၇ရက်တွင် KNUဦးဆောင်သည့် ပူးပေါင်းတပ်က ထိုးစစ်အရှိန်မြှင့်ပြီး ကျိုက်ဒုံ ၊ ဖာပွန်၊ သင်္ဃန်းညီနောင်ဗျူဟာတို့အား သိမ်းပိုက်ခဲ့သည့် အခြေအနေနှင့်ပတ်သက်ပြီး ယခုကဲ့သို့ ပြောပြခြင်းဖြစ်သည်။

(KNU ​ပြော​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီး။ ဓါတ်ပုံ-ကရင်အမျိုးသားမီဒီယာ)
(KNU ​ပြော​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီး။ ဓါတ်ပုံ-ကရင်အမျိုးသားမီဒီယာ)

▪︎“ ကိုယ့်နေရာ၊ ကိုယ့်ဒေသမှာ ဒီလို ဟန်ချက်ညီညီနဲ့လုပ်ပြီဆိုရင်တော့ စစ်ကောင်စီက ခွေးရူးလိုဖြစ်သွားမှာပေါ့”

ပဒိုစောတောနီး

​မောင်​မောင်/People’s Spring

Public Service Announcement

Public Service Announcement

တော်လှန်ရေးအင်အားစုများအကြား သွေးကွဲအောင်လုပ်ဆောင်မှုများကို သတိထားပြီး စည်းလုံးညီညွတ်မှုကို ဆက်လက် ကိုင်ဆောင်သွားမည်ဆိုပါက တော်လှန်ရေးအောင်မြင်ရန် မဝေးတော့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားသည်။

တော်လှန်ရေးအင်အားစုများ ယခု လက်ရှိထက်ပိုစည်းလုံးရန်လိုအပ်ကြောင်းလည်း ပဒိုစောတောနီးကပြောသည်။

“ ဒီကြားထဲမှာပဲ ထိုးခွဲမှုတွေက ရှိဦးမှာပဲ။ အဲဒါကို သတိရှိရှိနဲ့ထားပြီးတော့ ကျွန်တော်တို့စည်းလုံးမှုကို ဆက်ကိုင်သွားမယ်ဆိုရင် ဒီတော်လှန်ရေးက သိပ်ပြီးတော့ဝေးတော့မှာမဟုတ်ဘူးလို့ ကျွန်တော်ပြောလို့ရတယ်” ဟု ၎င်းကPeople’s Spring နှင့်အင်တာဗျူးတွင်​ပြောကြားလိုက်သည်။

မတ်လ ၇ရက်တွင် KNUဦးဆောင်သည့် ပူးပေါင်းတပ်က ထိုးစစ်အရှိန်မြှင့်ပြီး ကျိုက်ဒုံ ၊ ဖာပွန်၊ သင်္ဃန်းညီနောင်ဗျူဟာတို့အား သိမ်းပိုက်ခဲ့သည့် အခြေအနေနှင့်ပတ်သက်ပြီး ယခုကဲ့သို့ ပြောပြခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“စစ်အာဏာရှင် ကျဆုံးသွားတဲ့အထိလုပ်မှာပါ ။ အဲတာကြောင့်မို့ဘယ်နေရာကို ဦးတည်ပြီးလုပ်မယ် ဆိုတာလည်းကျွန်တော်ပြောစရာမလိုဘူး။ သူတို့အသဲနှလုံးရှိတဲ့နေရာ ၊သူတို့အရှိုက်ထိတဲ့နေရာ သူတို့အညှာရှိတဲ့နေရာကို ကျွန်တော်တို့က ကိုင်ပြီးလှုပ်သွားတော့မှာ။ အဲတာကြောင့်မို့ ကျွန်တော် ပြောချင်တာကတော့ မတ်လ ၇ ရက်ကဆိုရင် ဖာပွန်လည်းဖြစ်တယ် ၊ကျိုက်ဒုံမြို့လည်းကျသွားတယ် ။ဗျူဟာတစ်ခုလုံးပါသွားတယ် ။ဒီဟာတွေက အများကြီး ရှိဦးမှာပါ ။ ဒါတွေကအစပဲ ရှိပါသေးတယ် “ ဟု ပဒိုစောတောနီးက ပြောသည်။

မတ်လ ၇ရက်တွင် KNUက တောင်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်သည့်နည်းတူ မြန်မာနိုင်ငံ မြောက်ပိုင်း၌လည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကလည်းယင်းနေ့၌ပင် စစ်ရှိန်မြှင့်ပြီး စစ်ကောင်စီတပ်စခန်းအများအပြားကိုထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ယခင်က တပ်ပေါင်းစု ဖြင့် စစ်ရေးကို လုပ်ဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ လက်ရှိတွင် တပ်ပေါင်းစု ဖွဲ့သည်ဖြစ်စေ မဖွဲ့သည်ဖြစ်စေ ဟန်ချက်ညီ လုပ်ရန်သာအရေးကြီးသည့် အခြေအနေ ဖြစ်ကြောင်း ပဒိုစောတောနီးကရှင်းပြသည်။

“ မတ်လ(၇)ရက်နေ့ မြောက်ပိုင်းဒေသဘက်မှာလည်းဖြစ်လာတယ်။ ကျွန်တော်တို့ဘက်မှာလည်း ဖြစ်လာတယ်။ ထိုနည်းလည်းကောင်းပဲ အနောက်ဘက်ခြမ်းမှာလည်း လှုပ်လှုပ်လှုပ်လှုပ်ဖြစ်သွားတယ်ဆိုတာ ကျွန်တော်တို့အတွက်တော့ အထူးအဆန်းမဟုတ်ဘူး။ ဟန်ချက်ညီညီ လုပ်ဆောင်ဖို့ဆိုတာ ကျွန်တော်တို့တိုင်းပြည်ရဲ့ အခြေအနေနဲ့ကိုက်ညီတယ်။ ဒီလိုလုပ်နိုင်ပြီဆိုရင် ဗိုလ်ချုပ်ကြီးတစ်ယောက်ရဲ့အောက်မှာရှိတဲ့ တပ်ပေါင်းစုက သွားတိုက်တာထက် ကိုယ့်နေရာ၊ ကိုယ့်ဒေသမှာ ဒီလို ဟန်ချက်ညီညီနဲ့လုပ်ပြီဆိုရင်တော့ စစ်ကောင်စီက ခွေးရူးလိုဖြစ်သွားမှာပေါ့။ ဟိုပြေးရဒီပြေးရ သူ့လူက မလုံမလောက်နဲ့ သူ့ယန္တရားကလည်း ပြိုကျနေတာ။ ကျွန်တော်ပြောချင်တဲ့ခရီးလမ်းက အဲဒီလိုလျှောက်သွားမယ်ဆို သိပ်မဝေးဘူးဆိုတာ ပြောချင်တယ်” ဟု ပဒိုစောတောနီးက ပြောသည်။

သမိုင်းတလျှောက်၌ လူမျိုးစုကြီးဖြစ်ည့် ဗမာလူမျိုးများက တော်လှန်ရေး၌ ပါဝင်လာမှု ထူးခြားချက်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ရဲ့တော်လှန်ရေးသမိုင်းတလျှောက်လုံးမှာ လူမျိုးစု အကြီးဆုံးဖြစ်တဲ့ ဗမာလူမျိုးတွေကတော့ ခပ်ခွာခွာပဲနေခဲ့တာကတော့အမှန်ပဲ။ ဒါပေမဲ့ ဒီပွဲမှာတော့ သူတို့က ဘာပဲဖြစ်ဖြစ် ထန်းတောထဲမှာ ပြောင်တလင်းခါအောင်နေပါစေ ငါတော့ တော်လှန်ရေးလုပ်တော့မှာပဲဆိုတဲ့အသိက ဝင်လာတဲ့အခါမှာတော့ နီးစပ်မှုက အရမ်းဖြစ်သွားပြီဆိုတာ ယုံကြည်တယ်။ ဒါပေမယ့်စိန်ခေါ်ချက်က တော်တော်ကြီးတယ်” ဟု ပဒိုစောတောနီးက ပြောသည်။

စစ်ကောင်စီအနေဖြင့်လည်း အာဏာသိမ်းပြီး သုံးနှစ်အတွင်း တော်လှန်ရေးအင်အားစုများအား ကြိမ်းဝါးလိုက်၊ ပြည်သူများကို မီးရှို့သတ်ဖြတ်မှုများ ကျူးလွန်လိုက်လုပ်ဆောင်လာခဲ့သော်လည်း နောက်ဆုံးတွင် စစ်ကောင်စီကိုယ်တိုင်သာ ပြိုဆင်းလာသည့် အခြေအနေဖြစ်ခဲ့ဟု ပြောပြသည်။

“နောက်ပြီးလိုက်ပါလာတဲ့အားက ဘာလဲဆိုတော့ တလျှောက်လုံး ဟိုးမြောက်ပိုင်းမှာ အသာလေးသျှိုပြီးနေတဲ့ တော်လှန်ရေးအဖွဲ့အစည်းကလည်း ဘွားခနဲဆို 1027 ဆိုပြီး ထလုပ်လိုက်တဲ့အခါမှာ ဟိုကောင်(စစ်​ကောင်စီ)တွေ ဗျာတွေများပြီးတော့ ကျွန်တော် ခုနကပြောသလိုပေါ့။ ခွေးရူးတစ်ကောင်လို ဖြစ်သွားတာပဲ။ တောင်ကိုပြေးရမလို အရှေ့ပဲသွားရမလိုလို စစ်ကူလည်းမပေးနိုင်ဘူး။ သူ့အခြေအနေက အဲလိုဖြစ်သွားတယ်လေ” ဟု ပဒိုစောတောနီးက ပြောသည်။

ပြည်သူများအနေဖြင့်လည်း အခက်အခဲ အကျပ်အတည်းကြားမှ ရည်မှန်းချက်ပန်းတိုင်ကို ဆက်ပြီး ချီတက်နေရာ တော်လှန်ရေးသမားများ အနေဖြင့်လည်း တသားတည်းရှိနေကြောင်း ပဒိုစောတောနီးက ပြောသည်။

“ ပြောချင်တာကတော့ ပန်းတိုင်ရောက်ခါနီးလေ အခက်အခဲကြီးလေ ဖြစ်နေတဲ့အချိန်ကာလမှာ ကျွန်တော်တို့တစ်ယောက်နဲ့တစ်ယောက် ဖေးမပြီးတော့ တစ်ယောက်နဲ့တစ်နဲ့တစ်ယောက် ကျစ်ကျစ်ပါအောင်စည်းလုံးပြီး ဘုံရန်သူကို ရှင်းနိုင်တဲ့အထိ ကျွန်တော်တို့ တိုက်ပွဲဝင်ကြပါလို့ပဲ ပြောချင်ပါတယ်” ဟုလည်း ပဒိုစောတောနီးက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

တစ်ချိန်တည်း​ပေါ်ထွက်လာတဲ့ KIA နဲ့ KNU တို့ရဲ့ ထိုးစစ် စတာ​တွေနဲ့ပတ်သပ်ပြီးကရင်အမျိုးသားအစည်းအရုံး(KNU)​ပြော​ရေးဆိုခွင့်ရှိသူလည်းဖြစ် ၊ ဗဟို​အလုပ်အမှု​ဆောင်ကော်မတီဝင်လည်းဖြစ်တဲ့ ပဒို​စော​တောနီး နဲ့ People's Spring သတင်းဌာနရဲ့​မေးမြန်းခန်းကို ​ဖော်ပြ​ပေးလိုက်ပါတယ် ။

သတင်း

KNLA၊ PDF ပူးပေါင်းတပ်များက ခမရ(၂၇၅) တပ်ရင်းအား ယနေ့စတင်တိုက်ခိုက်နေ၍ စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ကူပေးတိုက်ခိုက်နေသည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ်များက ရေးသားနေကြသည်။

သတင်း

စစ်သုံ့ပန်းများ၏ အသက်ရှင်ရပ်တည်ရေးသည်များစွာ အရေးကြီးသည်ဟုလည်း ပြည်သူများအား ပဒိုစောတောနီးက အသိပေးသည်။

သတင်း

စစ်တပ်အာဏာသိမ်းပြီး​နောက်​တော်လှန်​ရေးအဖွဲ့များပစ်ချခဲ့သည့် စစ်​ကောင်စီ ရဟတ်ယာဥ်နှင့် ​လေယာဥ် ၇ စီးရှိပြီဖြစ်သည်။