Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြဝတီမြို့ပြင် မြို့စောင့်တပ်အနီး တိုက်ပွဲပြင်းထန်နေ

စစ်ကောင်စီလေတပ်ဟာ ခလရ ၂၇၅ အနီးက အေးသုခ ရွာထဲကို ဒီမနက်ပိုင်းမှာ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

မြဝတီမြို့ပြင် မြို့စောင့်တပ်အနီး တိုက်ပွဲပြင်းထန်နေ
မြဝတီမြို့ပြင် မြို့စောင့်တပ်အနီး တိုက်ပွဲပြင်းထန်နေ

နိုင်ပကောင်း/ People’s Spring

မြဝတီမြို့ကို သိမ်းယူဖို့မြို့စောင့်တပ်ကို KNU ဦးစီးတဲ့ ပူးပေါင်းတပ်က ဝင်တိုက်ရာမှာ မနေ့ည တစ်ညလုံးနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီမနက်ပိုင်းမှာ လည်း တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မြေပြင်ရှိ စစ်ရေးသတင်းရင်းမြစ်နဲ့ မြို့ခံ သတင်းရင်းမြစ် တို့ရဲ့ ပြောပြချက်အရသိရပါတယ်။

Public Service Announcement

Public Service Announcement

မြဝတီမြို့ပြင် မှာ ရှိတဲ့ မြို့စောင့်တပ် ခလရ ၂၇၅ အနီးမှာ မနေ့ညပိုင်းက ပစ်ခတ်သံတွေကို မြို့ထဲကနေ တစ်ညလုံးနီးပါး ကြားနေရတယ်လို့ အသက် ၃၄ နှစ်အရွယ်မြို့ခံအမျိုးသားက ပြောပြပါတယ်။

မြဝတီမြို့ပြင် မြို့စောင့်တပ်အနီး တိုက်ပွဲပြင်းထန်နေ
မြဝတီမြို့ပြင် မြို့စောင့်တပ်အနီး တိုက်ပွဲပြင်းထန်နေ

” အသံတွေက အကျယ်ကြီးပဲ” လို့ အဲဒီမြဝတီမြို့ခံအမျိုးသား ဆိုပါတယ်။ မြို့အတွင်းပိုင်းထိတော့ ဒီမနက်ပိုင်းအထိ တိုက်ပွဲဖြစ်တာမျိုးမရှိသေးဘူးလိုသိရပါတယ်။

တိုက်ပွဲဖြစ်ရာ ခလရ ၂၇၅ နဲ့ မြဝတီမြို့တွင်းဟာ ၅ မိုင်ခန့်ဝေးပါတယ်။

ပစ်ခတ်မှုတွေကြောင့် ခလရ ၂၇၅ အနီး မှာနေထိုင်ကြတဲ့ ဒေသခံတွေဘေးလွတ်ရာကိုထွက်ပြေးနေကြရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီလေတပ်ဟာ ခလရ ၂၇၅ အနီးက အေးသုခ ရွာထဲကို ဒီမနက်ပိုင်းမှာ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ထိုင်းမီဒီယာ The Reporters ကလည်း မြဝတီဖက်ကနေ ပေါက်ကွဲသံတွေ ၊ပစ်ခတ်သံတွေ ကို မဲဆောက်ကနေ အဆက်မပြတ်ကြားနေရတယ်လို့ ဖော်ပြပါတယ်။

မြဝတီမြို့ပြင် မြို့စောင့်တပ်အနီး တိုက်ပွဲပြင်းထန်နေ
မြဝတီမြို့ပြင် မြို့စောင့်တပ်အနီး တိုက်ပွဲပြင်းထန်နေ

မြဝတီဘက်မှာ တိုက်ပွဲတွေ ဖြစ်နေပေမယ့် မြဝတီ − မဲဆောက် နယ်စပ်ဂိတ်ကို ပုံမှန်အတိုင်းဖွင့်လှစ်ပေးထားပြီး ထိုင်းဘက်ကို ၇ ရက်နေထိုင်ခွင့်နဲ့တိမ်းရှောင်လာသူ တွေရှိနေတယ်လို့ ထိုင်းမီဒီယာရဲ့ဖော်ပြချက်အရသိရပါတယ်။

မြန်မာဘက်က စစ်ရေးအခြေအနေကြောင့် မဲဆောက်မြို့မှာတော့ ထိုင်းစစ်တပ်က နယ်စပ်တလျောက် နေရာယူထားတာ ၊ ကင်းလှည့်တာတွေ ကို ထိုင်းမီဒီယာတွေရဲ့ဖော်ပြချက်မှာ တွေ့ရပါတယ်။

ထိုင်း − မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာအချက်အချာကျတဲ့ မြဝတီမြို့ကို သိမ်းဖို့အတွက် မြို့စောင့်တပ် ကို မနေ့ နေ့လယ်ပိုင်းကစတင်ပြီး KNU ဦးစီးတဲ့ ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တာပါ။

မြဝတီမြို့ပြင် မြို့စောင့်တပ်အနီး တိုက်ပွဲပြင်းထန်နေ
မြဝတီမြို့ပြင် မြို့စောင့်တပ်အနီး တိုက်ပွဲပြင်းထန်နေ

မြဝတီမြို့မှာတော့ ဌာဆိုင်ရာရုံးတွေ ၊ဘဏ်တွေ ပိတ်ထားရသလို စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တယား လည်းရပ်ဆိုင်းသွားပြီလို့သိရပါတယ်။

မနေ့ကစပြီး မြို့တွင်းမှာ ကရင့်နယ်ခြားစောင့်တပ် အသွင်ပြောင်း(KNA ) တပ်ဖွဲ့ဝင်တွေက လုံခြုံရေးကင်းလှည့်တာတွေ ရှိခဲ့ပါတယ်။

ဒီမနက်မှာတော့ စစ်ကောင်စီတပ်ရဲ့ သံချပ်ကာကားတွေပါတဲ့ စစ်ကြောင်းဟာ ဘားအံကိုဖြတ်လာနေပြီး အဲဒီစစ်ကြောင်းဟာမြဝတီဘက်ကို စစ်ကူပေးလာနိုင်တယ်လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီလက်ထဲရှိ ဖမ်းဆီးထိန်းသိမ်းခံ အထက်ပါအရပ်သားပြည်သူများ၏ အသက်အန္တရာယ်မှာ ကြီိးမားစွာခြိမ်းခြောက်ခံနေရကြောင်း HDCO က ဆိုသည်။

သတင်း

မြ၀တီ၌ ကျန်နေသည့် ခမရ(၂၇၅) ကို KNU ပူးပေါင်းတပ်က ဝိုင်းပတ်ပိတ်ဆို့ထားရာ အဆိုပါတပ်ရင်း လက်နက်ချ အလင်းဝင်ရေး ညှိနှိုင်းလျက်ရှိသည်ဟုစုံစမ်းသိရသည်။

သတင်း

ဆီဆိုင်မြို့နယ်ယခင်အတိုင်း နှစ်ဖက်တပ်ဖွဲ့များ ရှိနေကြောင်း၊ မြေပြင်ပစ်ခတ်မှုများ ရှိနေသည့်အပြင် ဆီဆိုင်မြို့နယ် လွယ်ပွတ်ရွာအနီး၌လည်း တိုက်ပွဲဖြစ်ခဲ့ကြောင်း၎င်းက ဆိုသည်။

သတင်း

သင်္ဃန်းညီနောင်မြို့ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းနှင့် ခမရ(၃၅၇)တပ်ရင်းအား ယနေ့ ညနေပိုင်းတွင် သိမ်းပိုက်ရရှိပြီး မြို့အားသိမ်းပိုက်ရရှိသည့် အခြေအနေဖြစ်ကြောင်း လူထုနွေဦး၏ ကရင်စစ်ရေးသတင်းအရင်းမြစ်က ပြောသည်။