Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လွယ်ဂျယ် ခလရ(၁၄၂)အတွင်းမှ ကျပ်သိန်းငါးသောင်းကျော်နှင့် ရွှေချောင်းအချို့ KIA သိမ်းဆည်းရရှိ

ခလရ(၁၄၂)အတွင်း ခိုလှုံနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအရာရှိများသည် ဧပြီ ၈ ရက်ည ၈နာရီခန့်က တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသွားခြင်းဖြစ်သည်။

(လွယ်ဂျယ်မြို့ အခြေစိုက် ခလရ(၁၄၂)တပ်ရင်းအတွင်းမှ ကျပ်သိန်းပေါင်း ငါးသောင်းကျော်နှင့် ရွှေချောင်းအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(လွယ်ဂျယ်မြို့ အခြေစိုက် ခလရ(၁၄၂)တပ်ရင်းအတွင်းမှ ကျပ်သိန်းပေါင်း ငါးသောင်းကျော်နှင့် ရွှေချောင်းအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဇော်ရမ်း/People’s Spring

စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ဌာနဆိုင်ရာအရာရှိများ စွန့်ခွာထွက်ပြေးသွားသည့် လွယ်ဂျယ်မြို့ အခြေစိုက် ခလရ(၁၄၂)တပ်ရင်းအတွင်းမှ ကျပ်သိန်းပေါင်း ငါးသောင်းကျော်နှင့် ရွှေချောင်းအချို့ တွေ့ရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ခလရ(၁၄၂)အတွင်း ခိုလှုံနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအရာရှိများသည် ဧပြီ ၈ ရက်ည ၈နာရီခန့်က တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသွားခြင်းဖြစ်သည်။

ထို့နောက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က အဆိုပါတပ်ရင်းအား သေနတ်ကျည်တချက်မှ မထွက်ဘဲသိမ်းယူလိုက်နိုင်သလို တပ်ရင်းအတွင်းမှ လက်နက်ခဲယမ်းများ၊ လွ‌ယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးမှ စစ်ကောင်စီကသိမ်းဆည်းထားသော အခွန်ငွေများကို KIAက သိမ်းဆည်းရရှိလိုက်ခြင်းဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

(လွယ်ဂျယ်မြို့ အခြေစိုက် ခလရ(၁၄၂)တပ်ရင်းအတွင်းမှ ကျပ်သိန်းပေါင်း ငါးသောင်းကျော်နှင့် ရွှေချောင်းအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(လွယ်ဂျယ်မြို့ အခြေစိုက် ခလရ(၁၄၂)တပ်ရင်းအတွင်းမှ ကျပ်သိန်းပေါင်း ငါးသောင်းကျော်နှင့် ရွှေချောင်းအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

” ‌ဒါတွေက နယ်စပ်ကုန်တော်ရေးကရတဲ့အခွန်ငွေတွေကို စကစက သိမ်းယူထားတာ။ ရွှေချောင်းတွေလည်း တွေ့တယ်။ တန်ဖိုးမနည်းဘူး”ဟု ကချင်စစ်ရေးသတင်းမြစ်က ပြောသည်။

KIA သည် ပြီးခဲ့သည့် ဧပြီ ၄ရက်တွင် လွယ်ဂျယ် မြို့အား ထိန်းချုပ်ခဲ့ပြီး ဌာနဆိုင်ရာအဆောက်အအုံများ၌ နေရာယူခဲ့သည်။ ယခင်ရက်က တိုက်ပွဲများ၌ ထွက်မပြေးဘဲ ကျန်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများနှင့် ဌာနဆိုင်ရာအရာရှိများ စု‌စုပေါင်း ၆၂ဦးသည် ခလရ (၁၄၂)အတွင်း ဝင်ရောက်ခိုလှုံခဲ့သည်။

Public Service Announcement

Public Service Announcement

ခလရ(၁၄၂)ကို KIA က မတိုက်ခိုက်ဘဲ လက်နက်ချခိုင်းခဲ့ကြောင်း၊ ဧပြီ ၈ရက် ညတွင် ၎င်းတို့ အားလုံး တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးဝင်ရောက်သွားခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

ထွက်ပြေးသွားသူများကို တရုတ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လဝက)နှင့် ရဲတပ်ဖွဲ့က လာရောက်ခေါ်ဆောင်သွားပြီး လေကြောင်းသို့မဟုတ် မူဆယ်နယ်စပ်ဂိတ်မှတစ်ဆင့် စစ်ကောင်စီထံပြန်လည်လွဲပြောင်းပေးမည်ဟု ကနဦး သတင်းရရှိထားသည်။

ယခုအခါ လွယ်ဂျယ်တမြို့လုံးကို KIAက သိမ်းယူထားပြီး KIA၏ အုပ်ချုပ်ရေးယန္တရားလည်း စတင်လည်ပတ်နေပြီဖြစ်သည်။ လွယ်ဂျယ်မြို့သည် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးနယ်စပ်ဂိတ်ရှိသည့် မြို့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ တပ်မမှူး အဆင့်အပါအဝင် အရာရှိ၊ စစ်သည်များစွာ သေဆုံးကာ ဖမ်းဆီးခံရသူ ရာချီရှိခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ အများအပြားကို KIAက သိမ်းပိုက်ရရှိခဲ့သည်။

သတင်း

KIAသည် ယခုနှစ်ဆန်းပိုင်းတွင် မံစီရှိ စစ်ကောင်စီတပ်စခန်းအများအပြားကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ဟန်ထက်တပ်စခန်းကို ဧပြီ ၅ရက် နံနက်တွင် ထပ်မံသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

မိုးမောက်မြို့နယ် ဒဂေါ်ကျေးရွာအထက်ရှိ မိုင်ဆတ်ကောင်စီတပ်စခန်းအား ယနေ့ ဧပြီ ၃ရက် နံနက် ၇နာရီခွဲတွင် KIA တပ်မဟာ(၃)က တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အသိပေးထားသည်။

သတင်း

မတ်လ ၇ရက်မှစတင်သည့် KIA၏ ထိုးစစ်တွင် မြစ်ကြီးနား ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်စခန်းများ၊ တပ်ရင်းဌာနချုပ်များ KIAက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဗန်းမော်- လွယ်ဂျယ်လမ်း ရှိ စစ်စခန်းများကို မတ်လ ၂၇ရက်မှ စတင်ထိုးစစ်ဆင်လာခြင်းဖြစ်သည်။