Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးမောက်နှင့် မံစီတွင် စစ်တပ်စခန်းမှ အပ မြို့များကို KIA ထိန်းချုပ်ထားနိုင်ပြီဟု စစ်ရေးသတင်းရင်းမြစ်အချို့ပြော

ဒေသခံအများအပြားသည် ဗန်းမော်မြိုသို့သွားရောက်၍ စစ်ဘေးတိမ်းရှောင်ခဲ့ကြသည်။ထို့နောက် KIA က​မေ ၇ ရက်နံနက်အ​စောပိုင်း၌ နောက်တကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ပြီး မြို့ကိုထိန်းချုပ်လိုက်ခြင်းဟု ဒေသခံများကပြောသည်။

မေ ၇ ရက်စစ်တပ်စခန်းသိမ်းတိုက်ပွဲတစ်ခုတွင် စစ်ယူနီ​​ဖောင်းကိုနင်း၍​အောင်ပွဲခံစဥ်
မေ ၇ ရက်စစ်တပ်စခန်းသိမ်းတိုက်ပွဲတစ်ခုတွင် စစ်ယူနီ​​ဖောင်းကိုနင်း၍​အောင်ပွဲခံစဥ်

▪︎မံစီရဲစခန်းအပါအဝင် မံစီ၊ ဗန်းမော်နှင့် ဝိုင်းမော်ရှိ စစ်ကောင်စီစခန်း ၇ ခုကိုသိမ်းပိုက်ပြီး

ဟန်နွေ၊ သရဖူ /People’s Spring

ကချင်ပြည်နယ် မိုးမောက်မြို့နှင့် မံစီမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIAက မံစီရဲစခန်းကို ယနေ့ နေ့လည်တွင် သိမ်းပိုက်ခဲ့ပြီး မိုးမောက်မြို့အတွင်းကိုလည်း KIA များ ဝင်ရောက်နိုင်သည့် အခြေအနေနှင့်ပတ်သက်ပြီး စစ်ရေးသတင်းရင်းမြစ်က ယခုကဲ့သို့ရှင်းပြခြင်းဖြစ်သည်။

မိုး​​မောက်မြို့တွင်း​ရောက် KIA တပ်ဖွဲ့ဝင်တစ်ဦး
မိုး​​မောက်မြို့တွင်း​ရောက် KIA တပ်ဖွဲ့ဝင်တစ်ဦး

“မိုးမောက်မြို့နယ် မံစီမြို့နယ်က ထိန်းချုပ်ပြီလို့ ပြောလို့ရတယ်။ အဲဒီ မိုးမောက်နဲ့ အဲဒီ စစ်တပ်ကုန်းကျန်သေးတယ်။ မံစီကလည်း စစ်တပ်ကုန်းကျန်အုံးမယ်။အဲဒီလို” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

သို့​သော်မြို့ နှစ်မြို့ကို KIA ဦး​ဆောင်​သော​တော်လှန်​ရေးတပ်များက ထိန်းချုပ်ထားနိုင်​သောအ​ခြေအ​နေဖြစ်​ကြောင်းအခြားစစ်​ရေးရင်းမြစ်တစ်ဦးက​ပြောသည်။

မိုးမောက်မြို့ကို KIA ကတိုက်ခိုက်ထိန်းချုပ်ခြင်းနှင့်ပတ်သက်၍ ဒေသခံတစ်ဦးက”ညက မိုးမောက်မြို့ထဲက စစ်တပ်ကကောင်တွေကို ဝင်ဗျင်းတယ်။ မြို့မှာက အရပ်သားမရှိသလောက်နည်းတော့ သိပ်အားမစိုက်လိုက်ရဘူးကြားတယ်” ဟု ဗန်းမော်မြို့သို့ရောက်ရှိနေသည့် မိုးမောက်မြို့မှစစ်ဘေးရှောင်တစ်ဦးကပြောသည်။

​မြို့အဝင် ဆိုင်းဘုတ်များ
​မြို့အဝင် ဆိုင်းဘုတ်များ

အခြား​ဒေသခံတစ်ဦး နှင့် စစ်​ရေးရင်းမြစ် နှစ်ဦးကလည်း KIA ကမိုး​မောက်မြို့ကိုထိန်းချုပ်နိုင်ပြီဖြစ်​ကြောင်းအတည်ပြုသည်။

” သိမ်းဖို့ကျန်နေတာက မြို့ပေါ်တွေက စခန်းတွေပဲ။ မြို့ပတ်ချာလည်မဟုတ်ဘူးနော်။ မြို့ထဲမှာ သူတို့(စစ်ကောင်စီ)ထိုင်ထားတဲ့နေရာတွေပဲ။ စစ်တပ်ကလူထုကိုအကာအကွယ်ယူတယ်။ ကေအိုင်အေကလူထုကိုညှာတယ်။ အဲဒီလိုဖြစ်နေတာ။ ဒါပေမဲ့ မြို့တွေရဲ့ပတ်ချာလည်ကစခန်းတွေကို သိမ်းပြီးနေပြီ။ ဥပမာ ဗန်းမော်ဆိုရင်တောင် မြို့ပဲကျန်တော့တယ်။ ကျန်တာတွေအကုန်ဝိုက်ပြီးတော့ သိမ်းပြီး စကစလည်ပင်းကိုညှစ်ထားပြီ” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

မိုးမောက်မြို့တွင် ဧပြီလ ၂၂ရက်က KIA နှင့် စစ်ကောင်စီတိုက်ပွဲဖြစ်ပွားခဲ့သည်။မြေပြင်၌တိုက်ပွဲ ပြင်းထန်နေစဉ် စစ်ကောင်စီက ဗန်းမော်မြို့အခြေစိုက်တပ်ရင်းများမှနေ၍ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ နေအိမ်အချို့ပေါ်ကျရောက်ပေါက်ကွဲပြီး ကလေးငယ်တစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့်လူငယ်အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။ ထို့‌နောက်ပိုင်းတွင် စစ်ကောင်စီက ဒေသခံလူထုကိုအကာအကွယ်ယူ၍ ဌာနဆိုင်ရာရုံးအချို့၌ တပ်စွဲထားရာ KIA က တိုက်ပွဲကိုခတ္တရပ်နားထားခဲ့သည်။

ဒေသတွင်းပြ​မြေပုံ
ဒေသတွင်းပြ​မြေပုံ

ဒေသခံအများအပြားသည် ဗန်းမော်မြိုသို့သွားရောက်၍ စစ်ဘေးတိမ်းရှောင်ခဲ့ကြသည်။ထို့နောက် KIA က​မေ ၇ ရက်နံနက်အ​စောပိုင်း၌ နောက်တကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ပြီး မြို့ကိုထိန်းချုပ်လိုက်ခြင်းဟု ဒေသခံများကပြောသည်။

အခြား စစ်ရေးသတင်းရင်းမြစ်နှစ်ဦးကလည်း မံစီ မြို့မ ရဲစခန်း နှင့် ဗန်းမော်-မံစီကြားမှ မံရွတ်စခန်းအား မေလ ၇ရက် နေ့လည် ၁၂နာရီခွဲတွင် သိမ်းပိုက်နိုင်ခဲ့သည်​ပြောသည်။

ထို့အပြင် ယနေ့မနက်ပိုင်းကလည်း ဝိုင်းမော်ရှိ စစ်ကောင်စီတပ်စခန်း ၂ခု နှင့် ဗန်းမော် မြို့နယ် စင်းခန်း ဧရာ၀တီ မြစ်ကူးတံတားဂိတ်ကို KIAက သိမ်းပိုက်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ တံတားကြီးသည် ဗန်းမော်မြို့မှ မံစီ ၊ကသာ ၊ငအ်ိုး၊မဘိမ်း၊ ရွှေကူမြို့များသို့ ဆက်သွယ်နိုင်ပြီး ဗန်းမော်ကို ၀ိုင်းထားနိုင်သည်အထိ စစ်ရေးအောင်မြင်မှု ရရှိပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

(​မေ ၇ ရက်စစ်တပ်စခန်းသိမ်းတိုက်ပွဲတစ်ခုတွင် စစ်ယူနီ​​ဖောင်းကိုနင်း၍​အောင်ပွဲခံစဥ် / မိုး​မောက်မြို့အတွင်းမြင်ကွင်း/မိုး​​မောက်မြို့တွင်း​ရောက် KIA တပ်ဖွဲ့ဝင်တစ်ဦး နှင့် ​မြို့အဝင် ဆိုင်းဘုတ်များနှင့် ​ဒေသတွင်းပြ​မြေပုံ။ဓါတ်ပုံ-CJ )

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်ကလည်း ဗန်းမော် နှင့် မိုးမောက်ပတ်ဝန်းကျင်ကို လေကြောင်းမှပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြောင်း ဒေသခံများကပြောသည်။

သတင်း

KIA က​မေ ၅ ရက်တွင်လည်း ဆွမ်ပရာဘွမ်ရှိ စစ်​ကောင်စီ၏ ​နောက်ဆုံးစခန်ယဖြစ်​သော ခလရ ၄၆ ဗျူဟာကုန်းအပါအဝင် စစ်စခန်း ၁၂ ခုကိုသိမ်းပိုက်ခဲ့သည်။

သတင်း

KIA ဦး​ဆောင်၍ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) ၊ကချင်​ဒေသပြည်သူ့ကာကွယ်​ရေးတပ်(KPDF)၊ ​ကျောင်းသားတပ်(ABSDF)စ​သော ​တော်လှန်​ရေးတပ်များကပူး​ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

သတင်း

ချင်းညီနောင်အဖွဲ့များအနေဖြင့်စစ်ဆင်ရေးဖော်ဆောင်ရာ၌ CNF/CNA နှင့်အတူ ပူးပေါင်းပါဝင်စေချင်သည်ဟုလည်း ဆလိုင်းထက်နီက ပြောကြားသည်။