Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့သည့် မဟနဆရာတော်၏ ဥတုဇရုပ်ကလာပ် ကျောင်းတိုက်သို့ ပြန်လည်ပင့်ဆောင်

“လှည့်ကင်းကမသင်္ကာလို့ ရပ်ခိုင်းတာကို မမြင်ဘဲနဲ့ ဆက်မောင်းလို့ဆိုပြီး လိုက်ပစ်ကြတာပေါ့။”ဟု ဆရာတော်ကြီး၏ ဒကာတစ်ဦးက ပြောသည်။

(ဆရာတော်ကြီး၏ ရုပ်ကလပ်အား ပဲခူးမြို့ဝင်းနိမ္မတာရုံကျောင်းတိုက်သို့ ပြန်လည်ပင့်ဆောင်လာစဥ်။ ဓာတ်ပုံ-ဆရာတော်ကြီးတပည့်သာဝကများ)
(ဆရာတော်ကြီး၏ ရုပ်ကလပ်အား ပဲခူးမြို့ဝင်းနိမ္မတာရုံကျောင်းတိုက်သို့ ပြန်လည်ပင့်ဆောင်လာစဥ်။ ဓာတ်ပုံ-ဆရာတော်ကြီးတပည့်သာဝကများ)

ဇေအောင်/People’s Spring

စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရသည့် နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ဝင်၊ ပဲခူးမြို့၊ ဝင်းနိမ္မတာရုံကျောင်းတိုက်ဆရာတော်၏ ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၏ ဥတုဇရုပ်ကလာပ်ကို ဆရာတော်ကြီး၏ ကျောင်းတိုက်သို့ ယနေ့(ဇွန်လ ၂၀ရက်) နံနက်က ပင့်ဆောင်ရောက်ရှိလာခဲ့သည်။

ယမန်နေ့ (ဇွန်လ ၁၉ ရက်)က မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၌ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရသည့် နိုင်ငံတော်သံဃာမဟာနာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၏ ဥတုဇရုပ်ကလာပ်ကို ယနေ့ (ဇွန်လ ၂၀ရက်)နံနက် ၄ နာရီတွင် ပဲခူးမြို့၊ ဝင်းနိမ္မတာရုံကျောင်းတိုက် သို့ ပြန်လည်ပင့်ဆောင်ခဲ့ကြောင်း ဆရာတော်နှင့်နီးစပ်သူများက ပြောသည်။

(ဆရာတော်ကြီး၏ ရုပ်ကလပ်အား ပဲခူးမြို့ဝင်းနိမ္မတာရုံကျောင်းတိုက်သို့ ပြန်လည်ပင့်ဆောင်လာစဥ်။ ဓာတ်ပုံ-ဆရာတော်ကြီးတပည့်သာဝကများ)
(ဆရာတော်ကြီး၏ ရုပ်ကလပ်အား ပဲခူးမြို့ဝင်းနိမ္မတာရုံကျောင်းတိုက်သို့ ပြန်လည်ပင့်ဆောင်လာစဥ်။ ဓာတ်ပုံ-ဆရာတော်ကြီးတပည့်သာဝကများ)

“ဆရာတော်ကြီးရဲ့ ရုပ်ကလပ်တော့ရောက်လာပြီ။ ညနေ ၃နာရီလောက်မှာ ကြခတ်ဝိုင်းဆရာတော်ကြီးလာပြီးသြဝါဒပေးပြီး ဆုံးဖြတ်ချက်ချမယ်။ ဆရာတော်ကြီးရဲ့အမိန့်နဲ့ သြဝါဒအတိုင်း ဆက်လုပ်သွားမယ်”ဟု ဆရာတော်ကြီး၏ ဒကာတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဆရာတော်ကြီးသည် ဇွန်လ ၁၉ ရက် နံနက် ၁၀ နာရီခန့်က ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့်၊ ပရိယတ္တိစာသင်တိုင်ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ မဟန(ငြိမ်း)နှင့်အတူ မန္တလေးမြို့ ၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်(ရွှေကျင်နိကာယဗဟိုဌာန)တွင် ယနေ့ ကျင်းပပြုလုပ်မည့် ရွှေကျင်နိကာယဗဟိုဌာန အစည်းအဝေးအတွက် အကြိုညှိနှိုင်းရန် ရန်ကုန်မြို့မှ လေယာဉ်ဖြင့်တံတားဦးလေဆိပ်သို့ ကြွရောက်လာခဲ့သည်။

ထို့နောက် အတူပါလာသည့် ကန်သုံးဆင့် ဆရာတော်၏ဇာတိ ငါန်းဇွန်မြို့နယ်ဘက်သို့ သွားရောက်ရာ မြို့သာနှင့် ပန်းချီကမ္မကျေးရွာကြားတွင် စစ်ကောင်စီ​၏ လုံခြုံရေးကင်းလှည့်နေသူများနှင့်တွေ့ရှိ၍ ကားကိုရပ်တန့်ခိုင်းရာ မှန်မချဘဲ ကားကိုမောင်းနှင်သည့်အတွက် အဆိုပါလုံခြုံရေးကင်းလှည့်နေသူများက ကားကိုပစ်ခတ်ခဲ့ရာ ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသမှာ ပျံလွန်တော်မူခဲ့ကြောင်း စစ်ကောင်စီ မန္တလေးတိုင်းဒေသကြီး သာသနာရေးမှူး၏ အစီရင်ခံစာ၌ ရေးသားဖော်ပြထားသည်။

(ဆရာတော်ကြီး၏ ရုပ်ကလပ်အား ပဲခူးမြို့ဝင်းနိမ္မတာရုံကျောင်းတိုက်သို့ ပြန်လည်ပင့်ဆောင်လာစဥ်။ ဓာတ်ပုံ-ဆရာတော်ကြီးတပည့်သာဝကများ)
(ဆရာတော်ကြီး၏ ရုပ်ကလပ်အား ပဲခူးမြို့ဝင်းနိမ္မတာရုံကျောင်းတိုက်သို့ ပြန်လည်ပင့်ဆောင်လာစဥ်။ ဓာတ်ပုံ-ဆရာတော်ကြီးတပည့်သာဝကများ)

ကားသမားမှာ လက်၊ခြေတို့တွင် ကျည်ဆန်ထိမှန်ခဲ့ကြောင်း၊ ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသမှာလည်း ပွန်းပဲ့ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း သာသာရေးမှူး၏ အစီရင်ခံစာ၌ ဖော်ပြသည်။

စစ်ကောင်စီကမူ ဝင်းနိမ္မတာရုံကျောင်းတိုက်ဆရာတော်သည် တိုက်ပွဲဖြစ်ပွားချိန်၌ ဖြတ်သန်းလာချိန် PDF၏ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ဟု လိမ်လည် ဝါဒဖြန့်သတင်းထုတ်ပြန် သော်လည်း စစ်တပ်၏ပစ်ခတ်မှုကြောင့်သာ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း ဆရာတော်နှင့်နီးစပ်သူများကလည်း အတည်ပြုပြောသည်။

“လှည့်ကင်းကမသင်္ကာလို့ ရပ်ခိုင်းတာကို မမြင်ဘဲနဲ့ ဆက်မောင်းလို့ဆိုပြီး လိုက်ပစ်ကြတာပေါ့။”ဟု ဆရာတော်ကြီး၏ ဒကာတစ်ဦးက ပြောသည်။

(ဆရာတော်ကြီး၏ ရုပ်ကလပ်အား ပဲခူးမြို့ဝင်းနိမ္မတာရုံကျောင်းတိုက်သို့ ပြန်လည်ပင့်ဆောင်လာစဥ်။ ဓာတ်ပုံ-ဆရာတော်ကြီးတပည့်သာဝကများ)
(ဆရာတော်ကြီး၏ ရုပ်ကလပ်အား ပဲခူးမြို့ဝင်းနိမ္မတာရုံကျောင်းတိုက်သို့ ပြန်လည်ပင့်ဆောင်လာစဥ်။ ဓာတ်ပုံ-ဆရာတော်ကြီးတပည့်သာဝကများ)

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသသည် ပရိယတ္တိကို မြတ်နိုး တန်ဖိုးထားပြီး တောင်မြို့မဟာဂန္ဓာရုံ ဆရာတော်ကြီးကို အားကျ၍ သဂြိုဟ်ရှင်းတမ်း၊ ရူပသိဒ္ဓိရှင်းတမ်းစသည့် ရှင်းတမ်းကျမ်းများ ပြုစုခဲ့ကြောင်း၊ စာသင်သားများအတွက် ရှင်းတမ်းကျမ်းပေါင်းများစွာ သာမကယမန်နှစ်ကပင် စာချတန်းပါရာဇိကဏ်အတွက်ပါဌ်မှား ပါဌ်မှန် ပြုစုပုံနှိပ်တော်မူခဲ့ကြောင်း ဆရာတော်၏တပည့်သာဝကများက မိန့်ကြားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်များသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အရေးအခင်းတွင်လည်း သံဃာတော်အများအပြားအား ရက်ရက်စက်စက်သတ်ဖြတ်မှု ပြုလုပ်ခဲ့သူများဟု ငွေကြာရံပရိယတ္တိ စာသင်တိုက်မှ ရွှေဝါရောင်ဆရာတော် ဦးအဂ္ဂဓမ္မက လူထုနွေဦးသို့ မိန့်ကြားသည်။

သတင်း

ဇီးကုန်းရွာနေ (၈)နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် ကျွန်းဦးရွာနေ အမျိုးသားတစ်ဦးပါ လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

နိုင်ငံတကာ

ရုရှားစစ်တပ်ထဲမှာ အမှုထမ်းရင်း အိန္ဒိယ နိုင်ငံသားနှစ်ဦးဟာ ယူကရိန်း ပဋိပက္ခမှာ သေဆုံးသွားတယ်ဆိုတဲ့ သတင်းအတွက် ဝမ်းနည်းမိကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

စစ်တပ်က အာဏာသက်တမ်း ၅ နှစ်ထပ်တိုးတဲ့ ကိစ္စကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ညီလာခံမှာ လျင်လျင်မြန်မြန်ပဲ ဆုံးဖြတ်ချက် ချခဲ့ပြီး အဲဒီ ဆွေးနွေးမှုတွေကို နိုင်ငံရေးပါတီတွေ တက်ရောက်ခဲ့ခြင်းလည်း မရှိကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြသွားခဲ့ပါတယ်။