Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကောလင်းစစ်မြေပြင်ရောက် NUG ကာကွယ်ရေးဝန်ကြီး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်သည် ကောလင်းစစ်မြေပြင်သို့ လာရောက်ခဲ့ကြောင်း ကောလင်းခရိုင်တပ်ရင်း(၂)သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်သည်။

​ကောလင်းမြို့နယ် ​ရှေ့တန်းတစ်​နေရာတွင် PDFများနှင့်အတူ​တွေ့ရ​​သော ဦးရည်မွန် ။ဓါတ်ပုံ-ကောလင်းခရိုင်တပ်ရင်း(၂)

ယောနသံ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်သည် ကောလင်းစစ်မြေပြင်သို့ လာရောက်ခဲ့ကြောင်း ကောလင်းခရိုင်တပ်ရင်း(၂)သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်သည်။

ပြီးခဲ့သည် မေလဆန်းက ကောလင်း​ရှေ့တန်းစစ်မြေပြင်သို့ဝန်ကြီး ဦးရည်မွန် လာရောက်ခဲ့ကြောင်းကို ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ယနေ့(ဇူလိုင်လ ၁၇ရက်)ည၌ ထုတ်ပြန်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ ကာကွယ်ရေးဝန်ကြီးကို မြေပြင်မဆင်းဘူးလားလို့ ပြောပြောနေကြသူများ ခင်ဗျာ။ကျွန်တော်တို့တပ်ရင်းတွေက လုံခြုံရေးအရ သတင်းမထုတ်ပြန်တာပဲရှိတာပါ။ဖော်ပြပါပုံများကတော့ လွန်ခဲ့တဲ့၂လ ကျော်က ကျွန်တော်တို့ ကောလင်းခရိုင်၊ အမှတ်(၂)တပ်ရင်းရဲ့ ရှေ့တန်းစစ်မြေပြင်ရှိရှေ့တန်းရဲဘော်တွေကို ဝန်ကြီးအနေနဲ့ ကိုယ်တိုင်လာရောက်တွေ့ဆုံအားပေးရင်း လိုအပ်တာများညွှန်ကြားခဲ့စဥ်က မှတ်တမ်းဓာတ်ပုံအချို့ပဲဖြစ်ပါတယ်ခင်ဗျာ”ဟုကောလင်းခရိုင်တပ်ရင်း(၂)သတင်း နှင့်ပြန်ကြားရေးက ထုတ်ပြန်သည်။

ဦးရည်မွန်သည် ပြီးခဲ့သည့် ဇန်နဝါရီလနှင့် မတ်လကလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIAနှင့် ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ကချင်ပြည်နယ် မံစီမြို့နယ်၊ မန်ဝိန်းကြီးနယ်မြေနှင့် ဘွမ်ရေဘွမ့် (Bumre Bum) စခန်းကို KIA စစ်ဦးစီးချုပ်နှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

​ကောလင်းမြို့နယ် ​ရှေ့တန်းတစ်​နေရာတွင် PDFများနှင့်အတူ​တွေ့ရ​​သော ဦးရည်မွန် ။ဓါတ်ပုံ-ကောလင်းခရိုင်တပ်ရင်း(၂)

ကောလင်းမြို့ကို အမှတ် (၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲရေး၏ ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာလ ၃ရက်မှ စတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၆ ရက်နေ့တွင် သိမ်းပိုက်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် ကောလင်းမြို့ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၄ရက်နံနက်မှ၍ စစ်ကြောင်းထိုးခဲ့ပြီး ရက်အနည်းငယ်အကြာတွင် မြို့ပေါ်ရပ်ကွက်များ၌ ပြန်လည်တပ်စွဲခဲ့သည်။ ထို့နောက်ပိုင်း၌ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပုံစံမျိုးစုံဖြင့်တိုက်ခိုက်နေပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁)စစ်ဒေသ၏ စစ်ဒေသမှူးလည်းဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းအကြောင်း ကာကွယ်ရေးဝန်ကြီး၏ ပြောကြားချက်ကို မေလ ၁၈ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

ကောလင်းမြို့နယ်တွင် မြို့နယ် အတွင်း CDM ပြု လုပ်သည့် နိုင်ငံ့ဝန်ထမ်းများအပြင် အခြားမြို့နယ်များမှ CDM ပြုလုပ်သည့် နိုင်ငံ့ဝန်ထမ်းဦးရေများစွာ ပြန်လည်တာဝန်ထမ်းဆောင်လျက်ရှိကြောင်း အသိပေးထုတ်ပြန်သည်။

သတင်း

အမှတ်(၁) စစ်ဒေသစစ်ဒေသမှူးအဖြစ် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခေါင်လွန်းက တာဝန်ယူထားကာ ခရိုင်ကွပ်ကဲရေးမှူးများအဖြစ် KIA အရာရှိများက တာဝန်ယူထားခြင်းဖြစ်သည်။