Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နမ့်ခမ်းက ချယ်ရီပင်အောက်မှာ နေချင်တဲ့သူ

စိုင်းဆိုင်မောဝ်က ဇူလိုင် ၁၆ ရက်မှာ ကွယ်လွန်သွားခဲ့တာပါ။ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်ကတည်းက ကွယ်လွန်သွားပြီဆိုတဲ့ သတင်းတွေ အကြိမ်ကြိမ်ထွက်ခဲ့လို့ ကျန်းမာရေးမကောင်းတဲ့ကြားထဲက ဗီဒီယိုတွေတင်ပြီး ဖြေရှင်းခဲ့ရတဲ့ စိုင်းဆိုင်မောဝ် ဒီတစ်ကြိမ်တော့ အမှန်တကယ်ကွယ်လွန်သွားခဲ့ပါပြီ။

ဆဏ်း / People’s Spring

“နမ့်ခမ်းကချယ်ရီပင်အောက်မှာသူ့အရိုးဂူကလေးလုပ်ဘို့မှာသွားခဲ့သူပါ။ အလိုဆန္ဒပြည့်ပါစေ အနုပညာရှင်ကြီးရေ”

နာရေးကူညီမှုအသင်း ရန်ကုန်ရဲ့ နာယက ဒေါ်သန်းမြင့်အောင် ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားတာပါ။ စာထဲမှာညွှန်းထားတဲ့ အနုပညာရှင်ကြီးကတော့ တခြားလူမဟုတ်ပါဘူး။ ဂီတပညာရှင် တေးရေးတေးဆို စိုင်းဆိုင်မောဝ်ပါ။

Public Service Announcement

Public Service Announcement

စိုင်းဆိုင်မောဝ်က ဇူလိုင် ၁၆ ရက်မှာ ကွယ်လွန်သွားခဲ့တာပါ။ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်ကတည်းက ကွယ်လွန်သွားပြီဆိုတဲ့ သတင်းတွေ အကြိမ်ကြိမ်ထွက်ခဲ့လို့ ကျန်းမာရေးမကောင်းတဲ့ကြားထဲက ဗီဒီယိုတွေတင်ပြီး ဖြေရှင်းခဲ့ရတဲ့ စိုင်းဆိုင်မောဝ် ဒီတစ်ကြိမ်တော့ အမှန်တကယ်ကွယ်လွန်သွားခဲ့ပါပြီ။

စိုင်းဆိုင်မောဝ်ရဲ့ ရုပ်ကလပ်ကို ဆေးရုံကနေ ရေဝေးသုသာန်အအေးခန်းကိုလည်း ဒေါ်သန်းမြင့်အောင်ကိုယ်တိုင် ဦးဆောင်ပြီး သယ်ဆောင်ပေးခဲ့တာပါ။

ကွယ်လွန်ချိန်မှာ အသက် ၇၇ နှစ်ရှိပြီဖြစ်ပြီး နာရေးကိုတော့ ဒီနေ့ (ဇူလိုင် ၁၉ ) ညနေ ၃ နာရီ ရေဝေးသုသာန်မှာပြုလုပ်မှာပါ။

ချယ်ရီသက်‌သေမောင့်မျက်ရည် ၊ မူဆယ်နမ့်ခမ်းလမ်း၊ မောင်ပေးတဲ့ အချစ်ပြန်ဆပ်ခဲ့ပါ၊ အိပ်မရတဲ့ညပေါင်းတွေ ၊ ရှမ်းပဲပုတ်လေးကျနော် ၊တစ်ရွာသားနဲ့ပုဝါပါး စတဲ့ ​တေးသီချင်းတွေအပါအဝင် အောင်မြင်တဲ့ ‌သီချင်းများစွာသီဆိုခဲ့သူပါ။

သားဖြစ်သူနှင့်အတူ သီချင်းသီဆိုနေသည့် စိုင်းဆိုင်မောဝ်

စိုင်းဆိုင်မောဝ်က ဂီတသက်တမ်း နှစ်လေးဆယ်ကျော်အတွင်း မြန်မာ နဲ့ ရှမ်း သီချင်း ပေါင်းရာနဲ့ချီသီဆိုခဲ့ပြီး

စီးရီးပေါင်း ၇၀ လောက်ထွက်ရှိခဲ့တယ်လို့သိရပါတယ်။ရှမ်းပြည် နဲ့ ရှမ်းတိုင်းရင်းသား​တွေအ​ပေါ် သူ့ရဲ့​တေးသီချင်ချိုချို​လေး​တွေက ပိုရင်းနှီး ကျွမ်းဝင်လာ​အောင် ပြုလုပ်​ပေးနိုင်ခဲ့ပါတယ်။

စိုင်းဆိုင်မောဝ်က အိမ်ထောင်ဆက် ငါးဆက်အထိရှိခဲ့ပြီး သားသမီး ၈ ဦး ၊ မြေး ၁၀ ဦးရှိကြောင်း နာရေးဖိတ်စာမှာဖော်ပြထားပါတယ်။

စိုင်းဆိုင်မောဝ် ကွယ်လွန်သွားသည့်အပေါ် နှမြောကြောင်း နှင့် ဆုတောင်းစကားများကို ၎င်း၏ပရိသတ်များအပါအဝင် မိတ်ဆွေများကလည်း ဖေ့စ်ဘွတ်ခ်၌ ရေးသားထားကြပါတယ်။

ဆက်စပ်သတင်းများ