Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဦးအောင်ဆန်းကို လွမ်းဆွတ်ကြောင်းပြသတဲ့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း

လုံခြုံရေးတင်းကြပ်နေသည့် အာဇာနည်နေ့တွင် ရန်ကုန်မြို့တစ်နေရာ၌ “ဦးအောင်ဆန်းရေ အာဏာရှင်တစုကြောင့် လူထုမျက်ရည်ကျနေရပြီ” စာတန်းချိတ်ဆွဲ၍ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက အသိပေးထားသည်။

သတိုး/People’s Spring

“တိုင်းပြည်နှင့်ပြည်သူလူထုကိုသာရှေ့တန်းတင်ပြီး ဆောင်ရွက်တတ်သော တပ်မတော်၏တည်ထောင်သူ ဦးအောင်ဆန်းလိုဗိုလ်ချုပ်မျိုးကို လွမ်းဆွတ်တမ်းတသောရည်ရွယ်ချက်ဖြင့် ယခုလှုပ်ရှားမှုအား ကျွန်ုပ်တို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(SC Strike) မှပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။” ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ရန်ကုန်မြို့ရှိ ခုံးကျော်တံတားတစ်ခုတွင် အထက်ပါစာတန်းကို ချိတ်ဆွဲခဲ့ခြင်းဖြစ်ပြီး အဖွဲ့သားအားလုံးဘေးကင်းကြောင်း ယင်းအဖွဲ့ ဥက္ကဌကိုပီတာကြီးက ပြောသည်။

အာဇာနည်နေ့အတွက် စစ်ကောင်စီက ဇူလိုင်လဆန်းကစတင်၍ ရန်ကုန်မြို့၌ လုံခြုံရေးအင်အားတိုးမြှင့်ထားခြင်းဖြစ်သည်။

အာဇာနည်များကျဆုံးချိန်၌ ပြည်သူများအနေဖြင့် ဟွန်းတီးခြင်း ၊ ဥဩဆွဲခြင်း ၊ သတိဆွဲအလေးပြုခြင်း ၊ ချီတတ်ဂါရဝပြုခြင်းတို့ပြုလုပ်ကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ