Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဟားခါးမြို့ မြို့မရဲစခန်းကိုချင်းပူး​ပေါင်းတပ် စီးနင်းတိုက်ခိုက်ပြီး အကျဉ်းသား ၆၇ ဦးကို ကယ်ထုတ်

ဟားခါးမြို့ မြို့မရဲစခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ်ဖွဲ့များက ယနေ့(ဇူလိုင် ၂၀ ရက်)နံနက်အစောပိုင်း၌ စီးနင်းတိုက်ခိုက်ခဲ့ပြီး အကျဉ်းသား ၆၇ ဦးကို ကယ်ထုတ်နိုင်ခဲ့သည်။

မိထက်/People’s Spring

ဟားခါးမြို့ မြို့မရဲစခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ်ဖွဲ့များက ယနေ့(ဇူလိုင် ၂၀ ရက်)နံနက်အစောပိုင်း၌ စီးနင်းတိုက်ခိုက်ခဲ့ပြီး အကျဉ်းသား ၆၇ ဦးကို ကယ်ထုတ်နိုင်ခဲ့သည်။

ဟားခါးမြို့ ၀မ္မသူးမောင်အားကစားကွင်းအနီးရှိ မြို့မရဲစခန်းကို ယနေ့ နံနက် ၅နာရီခန့်တွင် ချင်းပြည်ကောင်စီပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ရဲတချို့သေတယ်။ အဓိကက မတရားဖမ်းခံရသူတွေအပါအဝင် အကျဉ်းသားတွေ ကယ်ထုတ်နိုင်တယ်” ဟု ချင်းကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ချင်းပြည်ကောင်စီပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးအား မေးမြန်းရာ ရဲစခန်းအာစီးနင်းတိုက်ခိုက်မှုမှန်ကန်ပြီး သက်ဆိုင်ရာမှ မကြာခင်သတင်းအတိအကျထုတ်ပြန်မည်ဟုပြောသည်။လက်ရှိစစ်ရေးအခြေအနေကို မေးမြန်းရာတွင်လည်း မပြောနိုင်သေးကြောင်း ဆက်​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ် ဟားခါးမြို့မရဲစခန်းကို ယနေ့တွင် တိုက်ခိုက်သိမ်းပိုက်ရာ ရဲ ၄ဦးသေဆုံးခဲ့ကြောင်း ဟားခါးမြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF-Hakha)က သတင်းထုတ်ပြန်သည်။

သတင်း

ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များကို CNF/CNA ပူးပေါင်းတပ်က ထိုးစစ်ဆင်မှုကြောင့် ဇွန်လ ၂၄ရက်မှ ဇူလိုင် ၇ရက်ထိ ပစ်ခတ်မှု ၈ကြိမ်ဖြစ်ခဲ့သည်ဟု ချင်းညီနောင်က ထုတ်ပြန်သည်။

သတင်း

ချင်းညီနောင်၊ မဟာမိတ် AA နှင့် ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များ အကြား တစ်ပတ်ခန့်ကြာမြင့်ခဲ့သည့် တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်။

သတင်း

CAN တပ်မဟာ(၄)နယ်မြေဖြစ်သည့် အဆိုပါဒေသ၌ ချင်းပြည်ကောင်စီတပ်ပေါင်းစု၌ ပါဝင်သည့် ဒေသကာကွယ်ရေးတပ်များ ဖြစ်သော CDFဟွာငိုလ်ရမ်၊ CDF Siyin တပ်များလည်းရှိသည်ဟု သတင်းရင်းမြစ်က ပြောသည်။