Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူတွင် စစ်ကောင်စီကင်းစခန်းများ တိုက်ခိုက်မှု ၁၆ဦးသေ၊ သေနတ် ၁၆လက်ရ

စစ်ကောင်စီနှင့်ပျူစောထီးများ ကပ်စွဲထားသည့်အဆိုပါ ကင်းစခန်းကို ယမန်နေ့ ဇူလိုင် ၂၄ ရက် ညနေ ၃ နာရီခွဲတွင် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

မိထက်/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျီကုန်းကျေးရွာတံတားဂိတ်စခန်းအား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ၁၆ဦးသေဆုံးပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့က ပြောသည်။

စစ်ကောင်စီနှင့်ပျူစောထီးများ ကပ်စွဲထားသည့်အဆိုပါ ကင်းစခန်းကို ယမန်နေ့ ဇူလိုင် ၂၄ ရက် ညနေ ၃ နာရီခွဲတွင် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

” တိုက်ပွဲမှာ ၁၃ယောက်သေပြီး ထွက်ပြေးတဲ့သူတွေကိုလိုက်ရှင်းတာ စုစုပေါင်း၁၆ယောက်သေတယ်။ သေနတ်တွေလည်းရတယ်”ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

တိုက်ပွဲအပြီး၌ စခန်းအားမီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

MA1သေနတ် တစ်လက်၊ G3 သေနတ် သုံးလက်၊ပြောင်းချော သေနတ် တစ်လက်၊ ကာဘိုင် သေနတ် ၁၀ လက်၊ ၇၉ မမ တစ်လက်နှင့် ခဲယမ်းအချို့ကို ပြည်သူ့ကာကွယ်ရေးရဲဘော်များကသိမ်းဆည်းရရှိခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအား ဗိုလ်ပိုင်ချဲ(ကန့်ဘလူခရိုင်အထူးလှုပ်ရှားတပ်ရင်း)နှင့် JH (KU) ပူးပေါင်းအဖွဲ့ မှတို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကန့်ဘလူမြို့တွင် ပျူစောထီးဘုန်းကြီး ဝါသဝအဖွဲ့က ဒေသခံများခြိမ်းခြောက်၍ ပြည်သူ့စစ် အဖွဲ့ဖွဲ့စည်းထားသည်။

ထို့ကြောင့် ဒေသတွင်းရှိပြည်သူ့စစ်များ၊ ပျူစောထီးများအနေဖြင့် ကာကွယ်ရေးတပ်ဖွဲ့များနှင့် လာရောက်ပူးပေါင်းရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ လက်ချက်ကြောင့် ဒေသခံ၃၀ကျော်သေဆုံး၊ ၆၀ဦးခန့် ဒဏ်ရာရဟု အသိပေး

Fact-Check

စစ်ကောင်စီရဲ့ ဝါဒဖြန့်လူမှုကွန်ယက်စာမျက်နှာတွေမှာ MNDAA တပ်ဖွဲ့ဝင်တွေ လေကြောင်းက တိုက်ခိုက် ခံရလို့ အများအပြားသေဆုံးနေတယ်ဆိုပြီး သေဆုံးနေတဲ့ အလောင်းပုံပါ ရုပ်သံဖိုင်တခု ပျံ့နှံ့နေတာကို တွေ့ရပါတယ်။

သတင်း

ခမရ(၅၈၅) ဒုတပ်ရင်းမှူးအဆင့်ဖြင့် CDM ပြုလုပ်ထားသည့် ဗိုလ်မှူးတင်လင်းအောင်နှင့် CDM ဗိုလ်ကြီးထက်မြတ်တို့ ပြုလုပ်သည့် ပြည်သူ့အားမာန် ငါတို့အသံ အစီအစဉ်တွင် အဆိုပါအရာရှိများက အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

သတင်း

တိုင်းစစ်ဌာနချုပ်အား ပထမဆုံးသိမ်းပိုက်နိုင်ခြင်းဖြစ်