Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထိုင်ဝမ် ကမ်းလွန်မှာ ကုန်တင်သင်္ဘော နစ်မြုပ်ပြီး မြန်မာ ၉ ဦး ပျောက်ဆုံးနေ

ထိုင်ဝမ် အမျိုးသား ကယ်ဆယ်ရေး အေဂျင်စီရဲ့ အကြီးအကဲ ရှိုဟွမ်ချန်းက သင်္ဘောသားတွေဟာ ပင်လယ်ပြင်မှာ မြုပ်ချည်ပေါ်ချည် ဖြစ်နေတာ တွေ့ခဲ့ရကြောင်းနဲ့ အနီးမှာရှိတဲ့ ကုန်တင် သင်္ဘောတစ်စီးကလည်း သူတို့ကို ကူညီနိုင်ဖို့ ပူးပေါင်း ဆောင်ရွက်နေခဲ့ကြောင်း ပြောပါတယ်။

ထိုင်ဝမ်နိုင်ငံ တောင်ဖက် ကမ်းရိုးတန်းမှာ ကုန်တင်သင်္ဘောတစ်စီး နစ်မြုပ်ပြီး မြန်မာနိုင်ငံသား သင်္ဘောသား ၉ ဦး ပျောက်ဆုံးနေပါတယ်။

သူတို့ဟာ သင်္ဘောရဲ့ အခြေအနေ မကောင်းလို့ ရေယာဉ်ကို စွန့်ခွာပြီးတဲ့နောက် ပင်လယ်ပြင်မှာ ပျောက်ဆုံးနေတာလို့ ထိုင်ဝမ် ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။ မြန်မာသင်္ဘောသားတွေဟာ အသက်ကယ် အင်္ကျီတွေ ဝတ်ဆင်ထားတယ်လို့ ယုံကြည်ရပြီး လောလောဆယ် သူတို့ကို ရှာဖွေ ကယ်ဆယ်ဖို့ ကြိုးစားမှုတွေဟာ တိုင်ဖွန်းမုန်တိုင်း ဂေမီကြောင့် အခက်အခဲတွေ ကြုံနေရပါတယ်။

ထိုင်ဝမ် အမျိုးသား ကယ်ဆယ်ရေး အေဂျင်စီရဲ့ အကြီးအကဲ ရှိုဟွမ်ချန်းက သင်္ဘောသားတွေဟာ ပင်လယ်ပြင်မှာ မြုပ်ချည်ပေါ်ချည် ဖြစ်နေတာ တွေ့ခဲ့ရကြောင်းနဲ့ အနီးမှာရှိတဲ့ ကုန်တင် သင်္ဘောတစ်စီးကလည်း သူတို့ကို ကူညီနိုင်ဖို့ ပူးပေါင်း ဆောင်ရွက်နေခဲ့ကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၅ ရက်နေ့က တန်ဇန်းနီးယားအလံ လွှင့်ထူထားတဲ့ Fu Shun ရေယာဉ် နစ်မြုပ်တဲ့ အကြောင်းရင်းနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေ ဘယ်အချိန်မှာ ရောက်ရှိသွားသလဲ ဆိုတာတွေကိုတော့ ရှိုက အသေးစိတ် ပြောကြားမသွားပါဘူး။ ဒါပေမဲ့ ရာသီဥတုက နည်းနည်း တည်ငြိမ်တာနဲ့ သင်္ဘောတွေနဲ့ ရဟတ်ယာဉ်တွေကို ချက်ချင်း စေလွှတ်မယ်လို့ အစောပိုင်းမှာ ကယ်ဆယ်ရေး အေဂျင်စီက ထုတ်ပြန်ထားပါတယ်။

နာရီပိုင်း အကြာမှာတော့ မြန်မာသင်္ဘောသား ၉ ဦး ပျောက်ဆုံးနေကြောင်းနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ အပူတပြင်း ဆောင်ရွက်နေကြောင်း အေဂျင်စီက သတင်းစာ ရှင်းလင်းပွဲမှာ ကြေညာသွားပါတယ်။

တိုင်ဖွန်းမုန်တိုင်း ဂေမီဟာ ထိုင်ဝမ်ကို ဇူလိုင် ၂၄ ရက် ညပိုင်းမှာ စတင် ကုန်းတွင်းဝင်ရောက် တိုက်ခတ်ခဲ့ပြီး လေတိုက်နှုန်းဟာ အကြမ်းဆုံး အခြေအနေတွေမှာ တစ်နာရီကို ၁၉၀ ကီလိုမီတာနှုန်းထိ ရောက်ရှိခဲ့ပါတယ်။

ဂေမီနဲ့ ဆက်စပ်နေတဲ့ ရာသီဥတု ဆိုးရွားမှုတွေကြောင့် ဖိလစ်ပိုင် ကမ်းလွန်မှာလည်း ရေနံတင် သင်္ဘောတစီး တိမ်းမှောက်ပြီး လောင်စာဆီ ယိုဖိတ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ကိုးကား: Barron’s⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် ဗုံးကြဲလေယာဉ်တွေဟာ ထိုင်ဝမ် အရှေ့ပိုင်းနဲ့ အနောက်ပိုင်း ကမ်းလွန်က ပစ်မှတ်တု တချို့ကို ရေတပ်နဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ CCTVက ဆိုပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုအတွက် စိုးရိမ်သင့်တဲ့ အခြေအနေ ဖြစ်တာကြောင့် ထိုင်ဝမ်ဖက်ကလည်း ရေတပ်၊ လေတပ်၊ ကြည်းတပ်တွေကို မဟာဗျူဟာမြောက် ဖြန့်ကျက်ထားတယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ရွေးကောက်ပွဲမှာ လိုင်အနိုင်ရခဲ့ပြီးချိန်ကနေ သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့ ကာလတလျှောက် တရုတ်ဟာ ထိုင်ဝမ်ကျွန်းနားမှာ စစ်ရေး အင်အားပြ ခြိမ်းခြောက်မှုတွေ အစဉ်တစိုက် လုပ်ဆောင်ခဲ့ပါတယ်။

နိုင်ငံတကာ

ငလျင်အန္တရာယ်နဲ့ ပတ်သက်ရင် ထိုင်ဝမ်မှာ စနစ်ကျပြီး ထိရောက်တဲ့ ကြိုတင်ပြင်ဆင် လေ့ကျင့်မှုတွေ ရှိခဲ့ပြီး ဖြစ်တဲ့အတွက် သွေးရူးသွေးတမ်း ရှုပ်ရှုပ်ထွေးထွေး ဖြစ်မလာအောင် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။