Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးကုတ်မြို့သိမ်းတိုက်ပွဲမြင်ကွင်းများ မန္တလေး PDF ထုတ်ပြန်

ဓာတ်ပုံ - မန္တလေး PDF

ဇေအောင်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသည် ဇူလိုင် ၂၄ရက် ညနေ ၅နာရီဝန်းကျင်တွင် မိုးကုတ်မြို့အား အပြီးသတ် သိမ်းယူနိုင်ခဲ့ကြောင်း မန္တလေး PDFက ဓာတ်ပုံများဖြင့် ထုတ်ပြန်သည်။

မိုးကုတ်စစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ ဒရုန်းတပ်ဖွဲ့သည် မဟာမိတ်များနှင့် ဟန်ချက်ညီညီ လက်တွဲ၍ စစ်ဆင်ရေးများကို ဖော်ဆောင်ခဲ့နိုင်ခဲ့သည်ဟု မန္တလေး PDFက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

မိုးကုတ်မြို့သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ဆင်နွှဲနေသော စစ်ဆင်ရေးများတွင် တတိယမြောက် သိမ်းယူနိုင်ခဲ့သော မြို့ဖြစ်ဟု ထပ်မံ အသိပေးထားသည်။

အာဏာသိမ်းစစ်တပ်၏ လပခ လက်အောက်ခံ ခလရ – ၇၈၊ ခလရ – ၈၈နှင့် ခလရ-၁၄၈ တပ်များစခန်းချထားသည့် မိုးကုတ်မြို့သိမ်းတိုက်ပွဲမှ စစ်သုံ့ပန်း ၃၀ကျော်ကို ဖမ်းဆီးရမိထားကြောင်း၊ ထို့အပြင် အတွဲလိုက်ပစ်ဒုံး လက်နက်ကြီးများအပါအဝင် လက်နက်မျိုးစုံ ၇၃လက် ၊ ၁၂၀ မမ ၂လက် ၊ ၆၀ မမ ၁၁လက် ၊ ၈၁ မမ ၁လက် ၊ ငါးကြင်းမှီး ၃လက် ၊ ပွိုင့်ဖိုက် ၁လက် ၊ RPG ၂လက်နှင့် တခြားခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း TNLAက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ လက်ချက်ကြောင့် ဒေသခံ၃၀ကျော်သေဆုံး၊ ၆၀ဦးခန့် ဒဏ်ရာရဟု အသိပေး

သတင်း

မိထက်/People’s Spring မိုးကုတ်မြို့ကို တအာင်းတပ်မတော်(TNLA) ဦးဆောင်သော PDFတပ်ဖွဲ့ဝင်များ၏ ပူးပေါင်းအင်အားဖြင့် သိမ်းပိုက်နိုင်ခဲ့ခြင်းအပေါ် ဒေသခံပြည်သူများ၏ ပျော်ရွှင်မှုများမှာ ရဲဘော်များ၏ ခွန်အားများဖြစ်ရကြောင်း မိုးကုတ်ဗျူဟာက အသိပေး ထုတ်ပြန်သည်။ မိုးကုတ်မြို့ကို ဇူလိုင်လ ၂၄ရက် ညနေ ၅နာရီတွင် အပြီးသတ်သိမ်းပိုက်နိုင်ခြင်းဟု ထုတ်ပြန်အသိပေးထားသည်။ Public Service...

သတင်း

ဟန်နွေ/People’s Spring မန္တလေးတိုင်း မိုးကုတ်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း တအာင်းတပ်မတော် (TNLA)က အတည်ပြုသည်။ ယနေ့ ဇူလိုင် ၂၄ရက်တွင် မိုးကုတ်မြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များအား ပြည်သူလူထုများက ကြိုဆိုနေသည့် ဓာတ်ပုံများကို စစ်မြေပြင် သတင်းရင်းမြစ်က ဖော်ပြခဲ့သည်။ Public Service Announcement အဆိုပါ အခြေအနေနှင့်ပတ်သက်၍...

သတင်း

မိုးကုတ်မြို့မှ လက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား TNLA နှင့် PDF(မိုးကုတ်ဗျူဟာ) ပူးပေါင်းတပ်ဖွဲ့ကနယ်မြေရှင်းလင်းရေးလုပ်နေသည်ကို "တံမျက်စည်းလှဲနေပြီ"ဟုလည်း လူငယ်အချို့က လူမှုကွန်ရက်တွင်ရေးသားထားသည်။