Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆီမီးခုံမြို့တွင် အင်္ဂုလိဟုခေါ်သည့် စစ်သားတစ်ဦး၏လက်နက်အား PDF များ နပန်းလုံးလုယူ

ဇူလိုင် ၁၈ ရက် နံနက် ၈ နာရီဝန်းကျင်က ဆီမီးခုံမြို့၊ ရဲစခန်းနှင့်မနီးမဝေးတွင် သေနတ်နှင့်ကျည်များ သွားလေရာလွယ်ထား၍ အင်္ဂုလိဟုခေါ်ဆိုသူ စစ်ကောင်စီတပ်သားတစ်ဦးအား စတင်ပစ်ခတ်ခဲ့ကြောင်း၊ သို့သော် ကျည်ကာပါနေ၍ ၎င်းတပ်သားအား အလွတ်ဝင်လုံးကာ သေနတ်လုယူခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း (၁)၏ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်သားထံမှ PDF များက သေနတ်ဝင်လုနေစဥ်။ ဓာတ်ပုံ-မြင်းခြံခရိုင်ရင်း -၁

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့တွင် သေနတ်နှင့်ကျည်များ သွားလေရာလွယ်ထား၍ အင်္ဂုလိဟုခေါ်ဆိုကြသည့် စစ်ကောင်စီတပ်သားတစ်ဦး၏ လက်နက်အား PDFများက နပန်းလုံးလုယူခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၁၈ ရက် နံနက် ၈ နာရီဝန်းကျင်က ဆီမီးခုံမြို့၊ ရဲစခန်းနှင့်မနီးမဝေးတွင် သေနတ်နှင့်ကျည်များ သွားလေရာလွယ်ထား၍ အင်္ဂုလိဟုခေါ်ဆိုသူ စစ်ကောင်စီတပ်သားတစ်ဦးအား စတင်ပစ်ခတ်ခဲ့ကြောင်း၊ သို့သော် ကျည်ကာပါနေ၍ ၎င်းတပ်သားအား အလွတ်ဝင်လုံးကာ သေနတ်လုယူခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း (၁)၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“ဒီကောင်က ဖိုးဝီးကားနဲ့စျေးလာတယ်။ ကွမ်းဝယ်ထုပ်တယ်။ အမြဲတမ်း 40 အတွဲကြီးတွေ ကိုင်လာတာ။ 40 ကြီးလွယ်ပြီး အင်္ဂုလိဆိုပြီး နာမည်ကြီးနေတာ။ ရင်ဘတ်နှစ်ချက်ပစ်တော့ ကျည်ကာပါတော့ ဆီးပုံးနှစ်ချက်ထပ်ပစ်တယ်။ စခန်းနဲ့ကိုမဝေးဘူး။ လှမ်းခေါ်ရင်ကြားရတယ်။ နည်းန​ည်းလေး မိုက်ရူးရဲဆန်ပြီးကိုလုပ်ခဲ့တာ။ နပန်းလုံးပြီး လုခဲ့တာ။”ဟု မြင်းခြံခရိုင်တပ်ရင်း (၁)၏ တာဝန်ရှိသူက ပြောသည်။

ထို့နောက် သေနတ်အားရရှိခဲ့ပြီးနောက် PDF ရဲဘော်များ ဆုတ်ခွာခဲ့ကြောင်း ၎င်းတာဝန်ရှိသူက ပြောသည်။

ထိုသို့ လုပ်ဆောင်မှုကို ငါန်းဇွန်ဇာမဏီပြောက်ကျားတပ်ဖွဲ့နှင့် မြင်းခြံခရိုင်တပ်ရင်း (၁) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဆီမီးခုံမြို့သည် စစ်ကောင်စီတပ်အင်အားအများအပြားဖြင့် တပ်စွဲထားပြီး မြင်းခြံမြို့နယ်အပြင် မြစ်တဖက်ကမ်းစစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဘက်ခြမ်းပါ စစ်ကြောင်းထိုးမီးရှို့နေသော စစ်အုပ်စုဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၏ အမှတ် (၂၂)ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံကို ပြည်သူ့ကာကွယ်ရေးတပ်များက လက်နက်ကြီးများဖြင့်တိုက်ခိုက်ပြီးနောက် ဇူလိုင် ၂၃ ရက်ကစတင်ပြီး စလင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

ဇူလိုင် ၂၅ ရက် နံနက်ပိုင်းက စဥ့်ကူးမြို့နယ်တွင် ကျန်ရှိနေသော ရွာသာယာရွာပျူစခန်းအား ဒေသကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စခန်းသိမ်းနိုင်ခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

သတင်း

ခမရ(၅၈၅) ဒုတပ်ရင်းမှူးအဆင့်ဖြင့် CDM ပြုလုပ်ထားသည့် ဗိုလ်မှူးတင်လင်းအောင်နှင့် CDM ဗိုလ်ကြီးထက်မြတ်တို့ ပြုလုပ်သည့် ပြည်သူ့အားမာန် ငါတို့အသံ အစီအစဉ်တွင် အဆိုပါအရာရှိများက အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

သတင်း

မိထက်/People’s Spring မိုးကုတ်မြို့ကို တအာင်းတပ်မတော်(TNLA) ဦးဆောင်သော PDFတပ်ဖွဲ့ဝင်များ၏ ပူးပေါင်းအင်အားဖြင့် သိမ်းပိုက်နိုင်ခဲ့ခြင်းအပေါ် ဒေသခံပြည်သူများ၏ ပျော်ရွှင်မှုများမှာ ရဲဘော်များ၏ ခွန်အားများဖြစ်ရကြောင်း မိုးကုတ်ဗျူဟာက အသိပေး ထုတ်ပြန်သည်။ မိုးကုတ်မြို့ကို ဇူလိုင်လ ၂၄ရက် ညနေ ၅နာရီတွင် အပြီးသတ်သိမ်းပိုက်နိုင်ခြင်းဟု ထုတ်ပြန်အသိပေးထားသည်။ Public Service...