Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နောင်ချိုနှင့် မိုးမိတ်တွင် ယနေ့ တိုက်ပွဲဆက်ဖြစ်

၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) ၃၁ ရက်မြောက်ဖြစ်သည့် ဇူလိုင် ၂၅ စစ်ရေးအခြေအနေကို TNLAက အသိပေးထုတ်ပြန်ခြင်းဖြစ်သည်။

ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နှင့် မိုးမိတ်မြို့နယ်တွင် တအာင်းတပ်မတော် (TNLA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲဆက်ဖြစ်ခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) ၃၁ ရက်မြောက်ဖြစ်သည့် ဇူလိုင် ၂၅ စစ်ရေးအခြေအနေကို TNLAက အသိပေးထုတ်ပြန်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) အတွင်း စစ်ရေးဖော်ဆောင်နေသော TNLA ရဲဘော်များ။ ဓာတ်ပုံ – TNLA

နောင်ချိုမြို့နယ် ရေဖြူရွာသို့ စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်နှင့် ယနေ့ မွန်းလွဲပိုင်းတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့သည်ဟု TNLAက ဆိုသည်။ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံး ရှိမရှိ အခြေအနေဖော်ပြထားခြင်းမရှိပေ။

မိုးမိတ်မြို့တွင်လည်း ယနေ့ ညနေပိုင်း၌ စစ်ကောင်စီ၏ လက်ကျန် ဗျူဟာကုန်းစခန်းကို TNLAက တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီကလည်း ဗျူဟာကုန်းအတွင်းY12 လေယာဉ်ဖြင့် လက်နက်ခဲယမ်းများ တစ်ကြိမ် လာရောက်ကြဲချခဲ့ကြောင်း ဖော်ပြထားသည်။

TNLAသည် မိုးမိတ်ရှိ စစ်ကောင်စီဗျူဟာကုန်းကို ဇူလိုင် ၂၄ရက်က စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိစစ်ရေးအခြေအနေမှာ မိုးမိတ်မြို့ကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားပြီးဗျူဟာကုန်းကိုသာ ဆက်လက်ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း TNLA နှင့်အတူတိုက်ပွဲဝင်နေသည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) သတင်းပြန်ကြားရေးတာဝန်ရှိသူက ယနေ့ ညနေပိုင်း၌ ပြောပြသည်။

ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) အတွင်း စစ်ရေးဖော်ဆောင်နေသော TNLA ရဲဘော်များ။ ဓာတ်ပုံ – TNLA

TNLA နှင့်မဟာမိတ်များသည် ဇွန်လ ၂၅ရက်မှစ၍ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)ကို စတင်ဖော်ဆောင်ခဲ့ရာ တစ်လအတွင်း နောင်ချို၊ မိုးကုတ် မြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်ထားသည်။

ထို့ပြင် ကျောက်မဲနှင့် မိုးမိတ်မြို့များကိုလည်း ဝင်ရောက်နေရာယူ စိုးမိုထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

သေဆုံးပြည်သူများတွင် ကလေးငယ် ၁၄ဦးထက်မနည်းပါဝင်

သတင်း

PLAက ယနေ့(ဇူလိုင် ၂၅ရက်) ညနေပိုင်းတွင် မိုးမိတ်နှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ရာ မိုးမိတ်သည် PLA၏ အောင်မြေဖြစ်ကြောင်း၊ မဟာမိတ် TNLA(တအာင်းတပ်မတော်)နှင့် အခြားသော မဟာမိတ်များ၏ အောင်မြလည်းဖြစ်ကြောင်း အသိပေးကာ မှတ်တမ်းဓာတ်ပုံအချို့ကို ဖော်ပြသည်။

သတင်း

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ လက်ချက်ကြောင့် ဒေသခံ၃၀ကျော်သေဆုံး၊ ၆၀ဦးခန့် ဒဏ်ရာရဟု အသိပေး

သတင်း

ခမရ(၅၈၅) ဒုတပ်ရင်းမှူးအဆင့်ဖြင့် CDM ပြုလုပ်ထားသည့် ဗိုလ်မှူးတင်လင်းအောင်နှင့် CDM ဗိုလ်ကြီးထက်မြတ်တို့ ပြုလုပ်သည့် ပြည်သူ့အားမာန် ငါတို့အသံ အစီအစဉ်တွင် အဆိုပါအရာရှိများက အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။