Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လားရှိုးထောင်မှ ဒီချုပ်ပါတီဗဟိုအလုပ်အမှုဆောင်အပါအဝင် နိုင်ကျဥ်း၂၀၀ကျော် လွတ်မြောက်ပြီး ကောင်းမွန်စွာစောင့်ရှောက်ထားဟု NUG ကာကွယ်ရေးပြော

လားရှိုးအကျဥ်းထောင်ရှိ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဥ်းသားများအား ကိုးကန့်တပ်မတော်(MNDAA)ပူးပေါင်းတပ်က စီစစ်ပြီး သက်ဆိုင်ရာလမ်းကြောင်းများဆွဲ၍ ‌နေရပ်ပြန်ပို့ပေးမည်ဟု ကြားသိရကြောင်း နောင်ချိုမြို့မှ PDFရဲဘော်တစ်ဦးက လူထုနွေဦးသို့ ယမန်နေ့ညက ပြောသည်။

ဒီချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်၊ ပြည်သူ့လွှတ်တော်ဒုဥက္ကဌ ဦးထွန်းထွန်းဟိန်

ကိုပုဂံ/People’s Spring

လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ယမန်နေ့က အကျဉ်းထောင်ပေါက်မှုအတွင်း ဒီချုပ်ပါတီမှ ဗဟိုအလုပ်အမှုဆောင်၊ ပြည်သူ့လွှတ်တော်ဒုဥက္ကဌ ဦးထွန်းထွန်းဟိန်အပါအဝင် နိုင်ကျဉ်း၂၀၀ ကျော် တော်လှန်ရေးအင်အားစုများက ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန​၏ ဒုအတွင်းဝန်၊ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေက အသိပေးထားသည်။

“ဆရာဦးထွန်းထွန်းဟိန်အပါ နိုင်ကျဉ်း(၂၀၀) ကျော်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) လားရှိုးခရိုင်နဲ့ တော်လှန်ရေးအင်အားစုများက ကောင်းမွန်စွာစောင့်ရှောက်ထားပါတယ်”ဟု ဦးမောင်မောင်ဆွေက ၎င်း​၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့်အသိပေးထာသည်။

Public Service Announcement

Public Service Announcement

လားရှိုးအကျဥ်းထောင်ရှိ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဥ်းသားများအား ကိုးကန့်တပ်မတော်(MNDAA)ပူးပေါင်းတပ်က စီစစ်ပြီး သက်ဆိုင်ရာလမ်းကြောင်းများဆွဲ၍ ‌နေရပ်ပြန်ပို့ပေးမည်ဟု ကြားသိရကြောင်း နောင်ချိုမြို့မှ PDFရဲဘော်တစ်ဦးက လူထုနွေဦးသို့ ယမန်နေ့ညက ပြောသည်။

လားရှိုးအကျဥ်းထောင်၌ စစ်အာဏာသိမ်းမှုဆန့်ကျင်မှုကြောင့် မတရားဖမ်းဆီးခံရသော ဒီချုပ်ပါတီမှ ဗဟိုအလုပ်အမှုဆောင်၊ ပြည်သူ့လွှတ်တော်ဒုဥက္ကဌ ဦးထွန်းထွန်းဟိန်၊ လားရှိုးဆေးရုံအုပ်ကြီး အပါအဝင် လားရှိုးမြို့ရှိ ဒီချုပ်ပါတီဝင်များ၊ ရှမ်းမြောက်ရှိ စစ်အာဏာသိမ်းမှုဆန့်ကျင်မှုကြောင့် ဖမ်းဆီးခံရသူ စုစုပေါင်း ရာဂဏန်းရှိသည်ဟု ၎င်းက ဆိုသည်။

“မနက်က ထောင်မှာတိုက်ပွဲဖြစ်ပြီး အားလုံးလွတ်ကုန်တာပြောတယ်။ နောင်ချိုက အဖမ်းခံရတဲ့ သူတွေ အကုန်လွတ်လာတယ်ကြားတယ်”ဟု ၎င်းက ပြောသည်။

လားရှိုးအကျဉ်းထောင်သည် လားရှိုးမြို့ ရပ်ကွက်(၁၂)၌ရှိပြီး စစ်ကောင်စီက တပ်စွဲထားသည့် ယင်းနေရာအနီး၌ ဇူလိုင် ၂၇ရက် ညနှင့် ယဇူလိုင်၂၈ရက်နံနက်အထိ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လားရှိုး မြို့တွင်​တော်လှန်​ရေးတပ်များသိမ်းပိုက်ထား​​သောစခန်း ၁၅ ခုအထိရှိလာ

သတင်း

အထူးအုပ်ချုပ်ရေးဒေသ(၁) ရဲစခန်းမှလုံခြုံရေး အသင်းဝင်များက လားရှိုးမြို့ပြည်သူများလုံခြုံရေးအတွက် စတင်တာဝန်ယူနေပြီဖြစ်ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန်သည်။

သတင်း

ရမခ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်တင်ထွန်းအောင်သည် မည့်သည့်နေ့က ဒဏ်ရာရသည်ကို ပသေးစိတ်အတည်မပြုနိုင်သော်လည်း ဇူလိုင် ၂၇ရက်တွင် ပြင်ဦးလွင်ဆေးရုံ၌ သေဆုံးခြင်းဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သတင်း

MNDAAပူးပေါင်းတပ်က သက်ဆိုင်ရာလမ်းကြောင်းများဆွဲပြီး နေရပ်ပြန်ပို့ပေးမည်ဟုဆို