Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လှိုင်သာယာတွင် စစ်ကောင်စီလှည့်ကင်းကို ပြောက်ကျားအဖွဲ့ ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ၌ စစ်ကောင်စီလှည့်ကင်း ယာဉ်တန်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း God’s Hand Forces(GHF) အဖွဲ့မှ တာဝန်ခံ ဆရာကျောင်းက လူထုနွေဦးသို့ပြောသည်။

File Photo

သတိုး/People’s Spring

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ၌ စစ်ကောင်စီလှည့်ကင်း ယာဉ်တန်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း God’s Hand Forces(GHF) အဖွဲ့မှ တာဝန်ခံ ဆရာကျောင်းက လူထုနွေဦးသို့ပြောသည်။

ကျွန်တော်တို့ မျှော်မှန်းသလောက်တော့ ဖြစ်မသွားဘူး။ အတိုင်းအတာတစ်ခုအထိတော့ဖြစ်သွားပါတယ်”ဟု ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၉ ရက် နံနက် ၁၀ နာရီခွဲတွင် လှိုင်သာယာမြို့နယ် အဆင့်မြင့်မှတ်တိုင်နှင့် ဗိုလ်ချုပ် မှတ်တိုင်ကြား၌ စစ်ကောင်စီ၏ ပတ်ကင်းယာဉ်တန်းကို ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း GHF က သတင်းထုတ်ပြန်ထားသည်။

“သူတို့က ချက်ချင်းလမ်း ပိတ်လိုက်တာရယ် ။နေရာကလည်း အရမ်းသိသာထင်ရှားတယ်။ အဝင်အထွက်လည်းမလွယ်တော့ နောက်ဆက်တွဲကို အလုံးစုံမသိလိုက်ဘူး”ဟု ဆရာကျောင်းကပြောသည်။

စစ်ကောင်စီဘက်မှ စစ်ဆေးမှုများပြုလုပ်ခဲ့သော်လည်း စစ်ဆင်ရေးဆောင်ရွက်သူအားလုံး ဘေးကင်းကြောင်း ၎င်းက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ‘M 043 စစ်ဆင်ရေး’၏ စတုတ္တမြောက် စစ်ဆင်ရေးအဖြစ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု GHF ကအသိပေးထားသည်။

“M 043 စစ်ဆင်ရေး ကစွန့်လွှတ်အနစ်နာခံတဲ့ ကျွန်တော်တို့ ရဲဘော်တစ်ဦးအတွက် အမှတ်တရအနေနဲ့ လုပ်ဖြစ်တာပါ”ဟု ဆရာကျောင်းကပြောသည်။

GHF သည် Yangon UG Association အဖွဲ့ဝင်အနေဖြင့်‌ အောင်မင်္ဂလာ ၊ ပြည်သူ့ကမ်းလက်၊ အသက်လျော်ကြေးစသည့် စစ်ဆင်ရေးများကိုလည်းလုပ်ဆောင်ခဲ့သည်။

“အများပြည်သူအနေဖြင့် စစ်ကောင်စီ နှင့် ပတ်သက်သော ဒေါက်တိုင်များ ၊ လုပ်ငန်းဌာနများ ၊ စစ်ကောင်စီ၏ အထိုင်ကင်းများ လှည့်ကင်းများ နှင့်ဝေးရာမှ ရှောင်ရှားသွားလာကြရန် အသိပေးမေတ္တာရပ်ခံအပ်ပါသည် “ဟု GHF၏ ထုတ်ပြန်ချက်၍ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့တွင် ဆိုင်ကယ်ဦးထုပ်မဆောင်းဟုဆိုကာ လူငယ်တစ်ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီတပ်ဖွဲ့များအနေဖြင့် တော်လှန်ရေးတပ်များက လာရောက်တိုက်ခိုက်မှ လက်နက်ချခြင်းထက် ကြိုတင်၍ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းသင့်ကြောင်း CDMအရာရှိတို့က တိုက်တွန်းသည်။

သတင်း

ယနေ့(ဇူလိုင်၂၉ရက်)နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားရွာမှ ဧရာဝတီမြစ်ကြောင်းအတိုင်း သံခွန်ရေယာဥ်(၄)စီးဖြင့် ဆန်တက်လာသော စစ်ကောင်စီတပ်သည် နံနက် ၈နာရီခွဲက စဥ့်ကူးမြို့အနီးရောက်ရှိပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း The Voice of Wetlet Madayar အဖွဲ့က ပြောသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့အား ယနေ့ (ဇူလိုင် ၃၈ရက်)နံနက်တွင် စစ်ကောင်စီက လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အတွင်းအိပ်နေသည့် မိသားစုဝင်သုံးဦး သေဆုံးခဲ့သည်။