Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်ဆည်တွင် စစ်ယာဥ်တန်းမိုင်းရှင်းပေးသည့် စစ်မှုထမ်းဟောင်း ပစ်ခတ်ခံရပြီး သေဆုံး

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းအတွက် ရှေ့ပြေးမိုင်းရှင်းပေးသည့် စစ်မှုထမ်းဟောင်း ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း သတင်းရရှိသည်။

အောင်မြိုင်ထံမှ သိမ်းဆည်းရမိခဲ့သော သက်သေခံကတ်ပြားနှင့် အသုံးအဆောင်ပစ္စည်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-KRA

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းအတွက် ရှေ့ပြေးမိုင်းရှင်းပေးသည့် စစ်မှုထမ်းဟောင်း ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း သတင်းရရှိသည်။

ယနေ့(သြဂုတ်၃ရက်) နေ့လယ် ၁၂နာရီဝန်းကျင်က ကျောက်ဆည် – တံတားဦးလမ်းပိုင်းတွင် ကျောက်ဆည်မြို့နယ်၊ ပွတ်တိုင်ကျေးရွာနေ စစ်မှုထမ်းဟောင်းအဖွဲ့(စထဟ)၏ ပြည်သူ့စစ် အဖွဲ့ဝင်တစ်ဦးဖြစ်သူ (၅၁)နှစ်အရွယ် ဦးအောင်မြိုင်ဆိုသူ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။


Public Service Announcement

Public Service Announcement

“သူက ကျောက်ဆည်ဘက်ကနေ သူတာဝန်ကျတဲ့လမ်းပိုင်းအထိ ခြေလျင်လျှောက်ပြီး မိုင်းရှိမရှိ တစ်ယောက်တည်း လာရောက်စစ်ဆေးတာပါ။ ခွေးယာဥ်တန်းက တံတားဦးလေတပ်ကို မောင်းသွားပြီးမှ သူရဲ့ ဆိုင်ကယ်ကိုယူပြီး သူ့အိမ်အပြန်မှာ ပစ္စတိုနဲ့ တစ်ချက်ထဲကပ်ရှင်းလိုက်တာပါ။”ဟု Kyaukse Revolution Army-KRAတပ်ဖွဲ့၏ တာဝန်ခံ ကိုလက်ရာက ပြောသည်။

အဆိုပါ စစ်မှုထမ်းဟောင်းသည် ယခင်က ဒုအရာခံဗိုလ်တစ်ဦးဖြစ်ပြီး ပင်စင်ယူပြီးမှ စစ်ကောင်စီတပ်၌ ပြည်သူ့စစ်အမာခံအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ရင်း ပြည်သူများအား ဒုက္ခပေးနေသူဖြစ်ကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ပစ်ခတ်မှုကို ကျောက်ဆည်မြို့နယ်တော်လှန်ရေးတပ် KRAနှင့် ကျောက်ဆည်KDDF၊ ကျောက်ဆည်ဒေါင်းမင်းညီနောင်ပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့

ပြီး Union Brother -UB ပြည်သူ့အကျိူးဆောင်အဖွဲ့က ကူညီထောက်ပို့ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ကျောက်ဆည်ခရိုင်အတွင်းရှိ အုပ်ချူပ်ရေးမှူးများ၊ပျူစောထီးများ ပြည်သူနှင့်အမြန်ပူးပေါင်းရန် တော်လှန်ရေးအင်အားစုများက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဗုံးပစ်တိုက်ခိုက်ခံရပြီးနောက် အခင်းဖြစ်ရာသို့ တံတားဦးဘက်မှ စစ်ကားတစ်စီးရောက်လာကြောင်း၊ ယမန်နေ့က ကျောက်ဆည်တစ်မြို့လုံး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်း

KRAအဖွဲ့သည် နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းကလည်း ကျောက်ဆည်ခရိုင်တရားရုံးအတွင်းသို့ လက်ပစ်ဗုံးတစ်လုံး အနီးကပ်ပစ်သွင်းကာ တိုက်ခိုက်ခဲ့ရာ တရားသူကြီးထိခိုက်ခဲ့သေးသည်။

သတင်း

တရားရုံးအခန်းရှေ့မျက်နှာစာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ခရိုင် တရားသူကြီးအမျိုးသမီး၏ မျက်စိထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ကိုအောင် ပြောသည်။

သတင်း

ရှမ်းမြောက်ဒေသတွင် ယခု ဇူလိုင်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။