Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်လာ​ဈေးတက်ခြင်းအ​ပေါ်လုပ်ငန်းရှင်များကိုအပြစ်လွှဲချပြီး ခြိမ်း​ခြောက်​သော်လည်း​ဈေးမ​ပြောင်း

စစ်​ကောင်စီက ကျပ်​ငွေတန်ဖိုးစံချိန်ကျဆင်းပြီးဒေါ်လာ​ဈေးတက်ခြင်းအတွက် ​ငွေလဲလှယ်သူများကို အပြစ်လွှဲချပြီးဖမ်းဆီး ခြိမ်း​ခြောက်​သော်လည်း ​ငွေ​​ကြေး​ဈေးကွက်တွင် ​ဒေါ်လာ​ဈေးမှာ အ​ပြောင်းအလဲ မရှိဟု​ဈေးကွက်မှသိရသည်။

ရဲခေါင်/People’s Spring

စစ်​ကောင်စီက ကျပ်​ငွေတန်ဖိုးစံချိန်ကျဆင်းပြီးဒေါ်လာ​ဈေးတက်ခြင်းအတွက် ​ငွေလဲလှယ်သူများကို အပြစ်လွှဲချပြီးဖမ်းဆီး ခြိမ်း​ခြောက်​သော်လည်း ​ငွေ​​ကြေး​ဈေးကွက်တွင် ​ဒေါ်လာ​ဈေးမှာ အ​ပြောင်းအလဲ မရှိဟု​ဈေးကွက်မှသိရသည်။

​ဒေါ်လာ​ဈေးကစားသည်ဟုဆိုကာ ငွေကြေးလဲလှယ်သူ ၉၃ ဦးအား ကို အရေးယူ​ကြောင်း စစ်ကောင်စီ၏ ဗဟိုဘဏ်က သြဂုတ် ၁ ရက်တွင်ကြေညာသည်။ ​ထို ၉၃ ဦး၏ အသုံးပြုသည့် ဘဏ်များ နှင့် မိုင်ဘိုင်းငွေကြေးဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းများတွင် ဖွင့်လှစ်ထားသော ဘဏ်ငွေ စာရင်းနှင့် Pay account များကိုလည်း ဆိုင်ငံ့ထား သည်ဟုဆိုသည်။

ထို့အပြင်ထုတ်ပြန်ထားသည့် အမိန့်ကို မနာခံသောငွေကြေးလဲလှယ်ဝန်ဆောင်မှုလုပ်ငန်း Reliance ကုမ္ပဏီကို လိုင်စင်ရုပ်သိမ်းကြောင်းလည်း စစ်ကောင်စီဗဟိုဘဏ်က ဆိုသည်။

Public Service Announcement

Public Service Announcement

“ဖမ်းလိုက်ရင် ဒေါ်လာစျေးကြမယ်လို့ ထင်နေတာ ဆိုရင် ဖမ်းလို့ ကုန်မှာတောင်မဟုတ်ဘူး။ပြီးတော့ လက် ကြီး သမားတွေ က ဒီနိုင်ငံမှာ ထားတာ နေတာမှမဟုတ်တာ။ပြီးတော့ အခုက ဒေါ်လာထောင်ဂဏန်း၊သောင်းဂဏန်းလောက်ကိုင်ပြီး တစ်နိုင်တစ်ပိုင်လုပ်စားတဲ့သူတွေကို စိစစ်တာမျိုးဖြစ်တယ်။စကစ လုပ်ပုံက ကိုယ်အသုံးမကျတာ သူများပေါ်ပုံချနေတာပဲ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ပြင်ပ ​ငွေ​ကြေး​ဈေးကွက်တွင် သြဂုတ် ၂ ရက်က တစ်ဒေါ်လာပေါက်စျေးသည် ၅,၆၂၀ ကျပ်အထိစံချိန်တင်မြင့်တက်ခဲ့သည်။ သြဂုတ် ၃ ရက်တွင်လည်း ​ဒေါ်လာ​ဈေး အ​ပြောင်းအလဲမရှိဘဲ ၅၆၂၀ကျပ်​ဈေးပင်​ပေါက်သည်။

ထို့အတူ ပြည်တွင်းရွှေစျေးနှုန်းနှင့် နိုင်ငံ ခြားငွေ အသုံးပြုတင်သွင်းရသည့် စက်သုံးဆီ စျေးနှုန်းများပါလိုက်ပါမြင့်တက်နေပြီး ရန်ကုန်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်အချို့မှာ ပိတ်ထားရသည်။

စစ်တပ်အာဏာမသိမ်းခင် ၁ ဒေါ်လာလျှင် ၁,၃၀၀ ကျပ်နှင့် ရွှေ ၁ ကျပ်သားလျှင် ကျပ် ၁၃ သိန်းကျော်သာ ရှိခဲ့သည်။

ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ကိုင်နေသူကတစ်ဦးကလည်း “သူတို့(စစ်ကောင်စီ)ပြောတာ လွယ်လွယ်ကူကူပဲ။သူတို့က ထုတ်ပေးတယ်ဆိုတာလည်း အလွန်ဆုံးရ သုံးရာ(ဒေါ်လာ ၃၀၀) ပဲ။ပြည်ပ ထွက်ဖို့အတွက်ဆို အနိမ့်ဆုံး လုပ်သားတောင် ၂,၂၀၀လောက်ရှာရတာ။ဒါတောင် တစ်ဖက်နိုင်ငံမှာ သုံးဖို့ မပါသေးဘူး။အခုက စစ်ထဲ ဝင်လို့ မဲပေါက်တဲ့သူတွေလည်းသွားတယ်။မပါသေးတဲ့ လူငယ်တွေလည်းထွက်တယ်။တစ်နေ့ကို ရာဂဏန်းလောက်ထိ တက်တယ်။ပြင်ပ စျေးကွက် ကပဲ လိုချင်တဲ့ ဒေါ်လာရတာကို။ဒေါ်လာကို တစ်ဖတ်သတ် ချုပ်ကိုင်ထားသ၍တော့ အောက်ခြေ နင်း ပြားတွေ ဒုက္ခ ပိုရောက်မှာ”ဟု ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း ဒေါ်လာစျေးမြင့်တက်မှုအတွက် Money Changer ၁၉၄ ခုကို လုပ် ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရုပ်သိမ်းပြီး ဟွန်ဒီ လုပ်ငန်းလုပ်ကိုင်သူ ၁၃၂ ဦးကို စစ်ကောင်စီက အရေးယူထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြင်ပ ​ငွေ​ကြေး​ဈေးကွက်တွင် သြဂုတ် ၂ ရက်၌ အမေရိကန်တစ်ဒေါ်လာ ၅,၆၂၀ ကျပ်အထိ စံချိန်တင်မြင့်တက်​နေပြီး အခေါက်ရွှေစျေး တစ်ကျပ်သား သိန်း ၇၀ နီးပါရှိလာကြောင်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်းများထံမှ သိရသည်။

သတင်း

အ​ခေါက်​ရွှေ တစ်ကျပ်သား ၆၇ သိန်းကျပ် ၊​တစ်ဒေါ်လာ ၅၃၅၀ ကျပ်အထိတက်

သတင်း

ပြည်တွင်း ​ငွေ​ကြေး​ဈေးကွက်တွင် ကျပ်​ငွေတန်ဖိုးဆက်ကျပြီး အ​မေရီကန် ၁ ​ဒေါ်လာလျင် ၅၂၀၀ ကျပ် ၊ အခေါက်ရွှေတစ်ကျပ်သားလျင် ကျပ် ၆၆သိန်း ခန့်အထိမြင့်တက်လာကြောင်း စုံစမ်းသိရသည်။

သတင်း

နိုင်ငံတဝှမ်းမှာရှိတဲ့ PDF တပ်ရင်း နဲ့ စစ်ကြောင်း ၃၀၀ ခန့်ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ထောက်ပံ့မှုတွေပြုလုပ်ခဲ့တာလို့သိရပါတယ်။ ဒီ​ထောက်ပံ့မှုဟာ ရိက္ခာနဲ့ အ​ထွေ​ထွေ အသုံးစာရိတ်​တွေအတွက်သာဖြစ်တယ်လို့သိရပါတယ်။