close
Connect with us

Hi, what are you looking for?

သတင်း

ဂန့်​ဂေါမြို့တွင်စစ်သားတဦး ကိုယ့်မိုင်းကိုပြန်နင်းမိ

ဂန့်ဂေါမြို့လုံခြုံရေးတာဝန်ခံဗိုလ်ကြီး မျိုးဝင်းသူကို PDF များထံ ကျည်ဆန်ရောင်းစားမှုဖြင့် ၂၀၂၄ ခုနှစ်သြဂုတ်လ ၁၀ ရက်တွင် စစ်ကောင်က ဖမ်းဆီးမှုရှိခဲ့သည်။

(စစ်​ကောင်စီသည် ​တော်လှန်​ရေးတပ်များတိုက်ခိုက်မည်စိုး၍ နိုင်ငံတကာတွင်တားမြစ်ထား​​သောမိုင်းများကိုပင် အများအပြားသုံးစွဲ​နေသည်။ ဓါတ်ပုံ-Free Burma Rangers)
(စစ်​ကောင်စီသည် ​တော်လှန်​ရေးတပ်များတိုက်ခိုက်မည်စိုး၍ နိုင်ငံတကာတွင်တားမြစ်ထား​​သောမိုင်းများကိုပင် အများအပြားသုံးစွဲ​နေသည်။ ဓါတ်ပုံ-Free Burma Rangers)

ရဲခေါင်/People’s Spring

မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက် ခြေလျင်တပ်ရင်း ( ခလရ ၅၀ )တပ်စည်းရိုးတွင် စစ်ကောင်စီတပ်သား တစ်ဦး ကိုယ့်မိုင်းကို ပြန်နင်းမိခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ယမန်နေ့ ( နိုဝင်ဘာ ၃ ရက်)ညနေပိုင်းက ကြက်လိုက်ဖမ်းရင်း မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း တပ်တွင်း သတင်းရင်းမြစ်၏ အတည်ပြုချက်အရ သိရခြငိူဖြစ်​ကြောင်း​ဒေသခံတဦးက​ပြောသည်။

“မနေ့(နိုဝင်ဘာ ၃)က ညနေပိုင်းကဖြစ်သွားတာပါ။ညနေစာအရက်မြည်းဖို့ ကြက်လိုက်ဖမ်းရင်းနဲ့ တပ်စည်းရိုးမှာထောင် ထားတဲ့မြေမြှုပ်မိုင်းကို နင်းမိပြီးကောက်ကွဲသွားတာပါ။ခြေထောက်တစ်ဖက်ထိခိုက်ဒဏ်ရာရတယ်။ခြေမျက်စိအထက်နားကနေ ဖြတ်ရမယ့်အခြေအနေရှိတယ်”ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်း၊ပင်လည်ဘူးမြို့တိုက်ပွဲ၌ စစ်ကူသွားရောက်ရသည့် ဂန့်ဂေါမြို့ ခလရ ၅၀ တပ်မှ ဗိုလ်မှူးများအပါအဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်းစုံစမ်းသိရသည်။

ထို့အပြင် ဂန့်ဂေါမြို့လုံခြုံရေးတာဝန်ခံဗိုလ်ကြီး မျိုးဝင်းသူကို PDF များထံ ကျည်ဆန်ရောင်းစားမှုဖြင့် ၂၀၂၄ ခုနှစ်သြဂုတ်လ ၁၀ ရက်တွင် စစ်ကောင်က ဖမ်းဆီးမှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ခေါပုတ်တပ်စခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း KNUက ပြန်လည်ဖမ်းဆီးနိုင်မည့် အခြေအနေရှိသည်ဟု ပြောသည်။

သတင်း

အသက် ၁၈ နှစ်ပြည့်ပြီးသူ အမျိုးသမီး၊ အမျိုးသား တိုင်းကို ၂ နှစ် စစ်မှုထမ်းဖို့ ဆင့်ခေါ် နိုင်ပြီး တိုင်းပြည် အရေးပေါ်အခြေအနေဆိုပါက ၅ နှစ် အထိ စစ်တပ်က လိုသလို ခိုင်းစေနိုင်ရန် ပြဌာန်းထားသည်ကို​တွေ့ရသည်။

နိုင်ငံတကာ

အိုကီနာဝါ ကျွန်းစုတွေမှာ အမေရိကန် တပ်ဖွဲ့ဝင်တွေဟာ ဒုတိယ ကမ္ဘာစစ် အပြီးကတည်းက တပ်စွဲထားပြီး အရေအတွက် ၃၀၀၀၀ ဝန်းကျင်လောက်ထိ ရှိနေတယ်လို့ သိရပါတယ်။

သတင်း

စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသည် ဧပြီ ၇ရက်ခန့်တွင် မော်လမြိုင်မြို့မှ စတင်ထွက်ခွာလာခြင်းဖြစ်ပြီး ဧပြီ ၁၁ရက်တွင် ကော့ကရိတ်မြို့သို့ ရောက်ရှိလာခဲ့သည်။ အဆိုပါ လမ်းပိုင်းတလျှောက်တွင်လည်း တော်လှန်ရေးပူးပေါင်းတပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ကြသည်။

Facebook