close
Connect with us

Hi, what are you looking for?

Fact-Check

ပြည်တွင်းမှာ မျောက်ကျောက် သံသယလူနာတွေ တွေ့ရပြီဆိုတဲ့သတင်းအမှား

ရန်ကုန်မြို့ ၊ ပြင်ဦးလွင်မြို့ နဲ့ ရခိုင်ပြည်နယ်တို့မှာ မျောက်ကျောက်ရောဂါ သံသယလူနာတွေ တွေ့ရတယ်ဆိုတဲ့ သတင်းအမှား ဖြန့်ဝေမှုတွေ ဖေ့ဘွတ်ခ်နဲ့ တယ်လီဂရမ် လူမှုကွန်ရက်တွေမှာ အခုရက်ပိုင်းအတွင်း စတင် ပျံနှံ့နေပါတယ်။

People’s Spring၊ Dawei Watch

ရန်ကုန်မြို့ ၊ ပြင်ဦးလွင်မြို့ နဲ့ ရခိုင်ပြည်နယ်တို့မှာ မျောက်ကျောက်ရောဂါ သံသယလူနာတွေ တွေ့ရတယ်ဆိုတဲ့ သတင်းအမှား ဖြန့်ဝေမှုတွေ ဖေ့ဘွတ်ခ်နဲ့ တယ်လီဂရမ် လူမှုကွန်ရက်တွေမှာ အခုရက်ပိုင်းအတွင်း စတင် ပျံနှံ့နေပါတယ်။

ပြည်တွင်းမှာ မျောက်ကျောက် သံသယလူနာတွေ့ရတယ်ဆိုတဲ့ ဖြန့်ဝေမှုတွေကို သြဂုတ်လ ၂၂ ရက်ကစတင် ဖြန့်ဝေကြတာပါ။

Public Service Announcement

Public Service Announcement

အစောဆုံး ဖြန့်ဝေမှုကတော့ သြဂုတ်လ ၂၂ ရက် ညပိုင်းက ပြင်ဦးလွင်မှာ စစ်ရှောင်တွေထဲ မျောက်ကျောက်သံသယလူနာ ၁ ဦးတွေ့ရတယ်လို့ တယ်လီဂရမ်လူမှုကွန်ရက်ကတစ်ဆင့် စဖြန့်တာပါ။

အဲဒီ ဖြန့်ဝေမှုကို စစ်ကောင်စီကိုထောက်ခံ ဝါဒဖြန့်ပေးနေတဲ့ Sandi Myint Aung တယ်လီဂရမ်ချန်နယ်က စဖြန့်ခဲ့တာပါ။

စဖြန့်တဲ့ တယ်လီဂရမ်လင့်ခ်

https://archive.ph/AGGTh

အဲဒီဖြန့်ဝေမှုဟာ တယ်လီဂရမ်ကနေ ဖေ့ဘွတ်ခ် လူမှုကွန်ရက်ပေါ်ကိုလည်း နာရီပိုင်းသာခြားပြီး ရောက်လာပါတယ်။

စစ်ကောင်စီတပ်ရဲ့သတင်းတွေကို ဖော်ပြနေတဲ့ Nay Linn Aung ဖေ့ဘွတ်ခ်အကောင့်က ပြင်ဦးလွင် စစ်ရှောင်တွေထဲ မျောက်ကျောက်သံသယ ၁ ဦးတွေ့ရတယ်လို့ သြဂုတ်လ ၂၂ ရက်ညပိုင်းမှာ ဆက်ဖြန့် ခဲ့တာပါ။

Nay Linn Aung အမည်နဲ့ ဖေ့ဘွတ်ခ်လင်ခ့် https://www.facebook.com/permalink.php?story_fbid=122166667832218717&id=61556561520528&rdid=pcu4mrEnP4OlmQVL

ဒီနောက် လေဆိပ်က ဝင်လာသူတွေထဲကနေ ကူးစက်ခံရတယ်လို့ ယူဆရသူမျောက်ကျောက်ရောဂါသည် ၁ဦး ရန်ကုန်မှာ တွေ့ရတယ်ဆိုပြီး သြဂုတ်လ ၂၅ ရက်မှာ ခင်ညိုချောအမည်နဲ့ တယ်လီဂရမ် ချန်နယ်ကဆက် ဖြန့်ပါတယ်။

ခင်ညိုချော တယ်လီဂရမ်ချန်နယ်ရဲ့ ဖြန့်ဝေပုံ https://archive.ph/sKXxL

အလားတူပါပဲ သြဂုတ်လ ၂၅ ရက်မှာ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာ ကလေးငယ် ၂၀၀ ကျော် မျောက်ကျောက်လို့ သံသယရှိတဲ့ အရေပြားရောဂါ ဖြစ်ပွားနေတယ်လို့ အနောက်တံခါးသတင်းလို့အမည်ပေးထားတဲ့ Western Door News တယ်လီဂရမ် ချန်နယ်က ဖြန့်ဝေပါတယ်။

အဲဒီဖြန့်ဝေမှုမှာတော့ AA ဟာ ဘယ်အဖွဲ့အစည်းထံကမှ ဆေးဝါးအကူအညီမရလို့ ကူးစက်မှုတွေ ပိုများလာနိုင်တယ်ဆိုပြီး ရေးသား ဖြန့်ဝေချက်လည်းပါရှိပါတယ်။

Western Door News တယ်လီဂရမ် ချန်နယ်ရဲ့ ဖြန့်ဝေပုံလင့်ခ် https://archive.ph/LJch6#selection-207.0-207.17

အထက်မှာ ဖော်ပြခဲ့တဲ့ ရန်ကုန် ၊ ပြင်ဦးလွင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့မှာ မျောက်ကျောက်ကူးစက်ခံ သံသယလူနာတွေ တွေ့ရတယ်ဆိုတာကို စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေတဲ့ တယ်လီဂရမ်ချန်နယ်တွေ ၊ ဖေ့ဘွတ်ခ် စာမျက်နှာတွေကပဲ ဖြန့်ဝေနေကြတာပါ။

အဲဒီဖြန့်ဝေချက်တွေ အားလုံးကို Myanmar Fact Checking Network အဖွဲ့ဝင်တွေဖြစ်တဲ့ People’s Spring နဲ့ Dawei Watch မီဒီယာ တို့က အချက်အလက်စိစစ်ကြည့်ရာ မှာ သတင်းအမှားတွေ ဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။

သတင်းအမှားစိစစ်ချက်

အရင်ဆုံး ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်က ကလေးငယ် ၂၀၀ ကျော် မျောက်ကျောက် သံသယရှိတဲ့ အရေပြားကူးစက်ခံရတဲ့ဆိုတဲ့ သတင်းဖြန့်ဝေချက်ကို စိစစ်ပါမယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ ကလေးငယ်တွေ အရေပြားရောဂါ ကူးစက်ခံရတာဆိုတာ တပိုင်းတစ မှန်ကန်ပေမယ့် မျောက်ကျောက်ရောဂါကူးစက်ခံရတာမဟုတ်ပါဘူး။

အရေပြားရောဂါ ကူးစက်ခံရတဲ့ကလေးတွေဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာစစ်ဘေးရှောင်စခန်းကဖြစ်ပြီး မသန့်ရှင်းတဲ့ ရေတွေကို သောက်သုံးရတာ ၊ မိုးတွင်းပိုင်းမသန့်ရှင်းတဲ့နေရာတွေမှာ ဖြစ်သလို နေထိုင်ရတာတွေကြောင့် ဖြစ်တယ်လို့ အဲဒီစစ်ရှောင် စခန်းတာဝန်ခံ မဦးငြိမ်းနွယ်ကရှင်းပြထားပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာစစ်ဘေးရှောင်စခန်းက ကလေးငယ်တွေ အရေပြားရောဂါ ဖြစ်ပွားရတဲ့အကြောင်းကို ရခိုင်ပြည်နယ်သတင်းတွေကို အထူးပြုတင်ဆက်နေတဲ့ နိရဉ္စရာ သတင်းဌာနက သတင်းဖော်ပြထားပါတယ်။

နိရဉ္စရာ သတင်းဌာနရဲ့ သတင်းကို ဖတ်ရှုဖို့ လင့်ခ် https://www.facebook.com/narinjara.info/posts/917459130421217

ရန်ကုန်မှာ မျောက်ကျောက်လူနာ ၁ ဦးတွေ့ရတယ်ဆိုတဲ့ ဖြန့်ဝေချက်မှာ လည်းတိကျသေချာမှု မရှိပါဘူး ။ ကူးစက်လူနာကို စတွေ့ရတဲ့ နေ့ရက်နဲ့ ဘယ်မြို့နယ်က ဖြစ်တာဆိုတာကို ဖော်ပြနိုင်တာမရှိတာတွေ့ရပါတယ်။

စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနကလည်း ရန်ကုန်မှာ မျောက်ကျောက်လူနာတွေ့ရတယ်ဆိုတာကို သြဂုတ်လ ၂၇ ရက် ညနေပိုင်း ၃ နာရီခွဲအချိန်ထိ တရားဝင်ထုတ်ပြန်ကြေညာတာမျိုး မရှိပါဘူး။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ MRTV သတင်းဌာနကတော့ ရန်ကုန်လေဆိပ်မှာ ခရီးသည် ကိုးထောင် ကျော်ကို စစ်ဆေးစောင့်ကြည့်ရာမှာ သံသယလူနာမတွေ့ရသေးဘူးလို့ သြဂုတ်လ ၂၅ ရက်က သတင်းဖော်ပြလာပါတယ်။

MRTV ရဲ့ သတင်း တယ်လီဂရမ်လင့်ခ် https://t.me/mrtvnews/196667

ပြင်ဦးလွင်မှာ စစ်ရှောင်တွေထဲ မျောက်ကျောက်သံသယ လူနာ ၁ ဦးတွေ့ရတယ်ဆိုတဲ့ ဖြန့်ဝေချက်မှာလည်း လူနာရဲ့ အသက်အရွယ် ၊ ကျားမ အချက်အလက်တွေကို ဖော်ပြနိုင်တာမရှိပါဘူး။

ဒါ့အပြင် ပြင်ဦးလွင်မှာ မျောက်ကျောက်သံသယလူနာတွေ့ရတယ်ဆိုပြီး ဖြန့်ဝေတဲ့ Nay Linn Aung ဖေ့ဘွတ်ခ်အကောင့်ဟာ ပြင်ဦးလွင်ဆေးရုံ အုပ်ကြီးရဲ့ အတည်ပြုချက်အရ မျောက်ကျောက်လူနာမဟုတ်ဘူးဆိုပြီး မူလ ဖြန့်ဝေမှုမှာ ဖြည့်စွက်ပြင်ဆင်တာမျိုး ရှိလာတာတွေ့ရပါတယ်။

အထူးသဖြင့် စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက မြန်မာပြည်တွင်းမှာ မျောက်ကျောက်လူနာ တွေ့ရပြီဆိုတာ တရားဝင် ထုတ်ပြန်အသိပေးတာမျိုး မရှိသေးပါဘူး။

သုံးသပ်ချက်

အထက်ပါ စိစစ်ချက်တွေကြောင့် ရန်ကုန် ၊ ပြင်ဦးလွင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ မျောက်ကျောက် ကူးစက်ခံ သံသယ လူနာတွေ တွေ့ရတယ်ဆိုတဲ့ ဖြန့်ဝေချက်တွေ မှားယွင်းနေတာ တွေ့ရှိရမှာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က အရေးပေါ်အခြေအနေအဖြစ် ကြေညာထားတဲ့ မျောက်ကျောက်ရောဂါဗိုင်းရပ်စ် မျိုးကွဲဟာ အာရှတိုက်မှာဆိုရင် ထိုင်းနိုင်ငံ တစ်နိုင်ငံတည်းမှာပဲ တွေ့ရှိထားတာပါ။

ထိုင်းနိုင်ငံမှာလည်း အာဖရိက နိုင်ငံတစ်နိုင်ငံက ပြန်လာတဲ့ ဥရောပ နိုင်ငံသားတစ်ဦးတည်းမှာပဲ ကူးစက်ခံရတာကိုတွေ့ထားတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ မျောက်ကျောက်လူနာတွေ့ရတဲ့ အတည်ပြုသတင်းကိုအခုလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://www.facebook.com/LuduNwayOo/videos/479193884870621

သတင်းတု၊ သတင်းအမှားတွေနဲ့ပတ်သက်ပြီး အချက်အလက်စစ်ဆေးလိုတာရှိရင် Myanmar Fact-checking Network (MFCN) အဖွဲ့ဝင်ဖြစ်တဲ့ People’s Spring ၊ Dawei Watch စတဲ့ အချက်အလက်စစ်ဆေးပေးတဲ့အဖွဲ့တွေ၊ သတင်းဌာနတွေကို ဆက်သွယ်ပြီး စစ်ဆေးပေးဖို့ အကူအညီတောင်းခံနိုင်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဤနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – Link https://myanmarfactcheckingnetwork.org/

Fb – Link https://www.facebook.com/myanmarfactcheckingnetwork

ဆက်စပ်သတင်းများ

Fact-Check

ထိုင်းနိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရတဲ့ လူနာရဲ့ ဓာတ်ပုံဆိုပြီး အထူးဂရုစိုက်ကြပါဆိုကာ ဓာတ်ပုံအဟောင်းတွေနဲ့ ဖြန့်ဝေမှုတွေ ဖေ့ဘွတ်ခ် လူမှုကွန်ရက်မှာ စတင်ပျံနှံ့နေတာတွေ့ရပါတယ်။

သတင်း

Mpox ကျောက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများသတိပြု ​​ရှောင်ကျဥ် နိုင်ရန် အမျိူးသားညီညွတ်​ရေးအစိုးရ(NUG) ကျန်းမာ​ရေးဝန်ကြီးကသြဂုတ် ၂၂ ရက်တွင်ထုတ်ပြန်​သော ပြည်သူလူထုကို အသိပေးနှိုးဆော်ချက်ကို People's Spring ကဖော်ပြ​ပေးလိုက်ပါသည်။

Fact-Check

မန္တလေး PDF နဲ့ တအာင်းတပ် (TNLA) တို့ သိမ်းယူထားတဲ့ ပြင်ဦးလွင် − မိုးကုတ်လမ်းပိုင်းက သံဘို တပ်စခန်းကိုပြန်သိမ်းလိုက်ပြီလို့ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်က သတင်းဖြန့်နေပါတယ်။ သံဘိုစခန်းပြန်ရဖို့ နှစ်ရက်ဆက်တိုက် တိုက်ရပြီး TNLA တပ်တွေ ဆုတ်ခွာသွားသလို ၊ ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေကိုသယ်ယူသွားတဲ့ ကားတွေကို...

Fact-Check

မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်း အာဏာပိုင်တွေက အော်ပရာစီရာမှာ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရတာဟာ စစ်ကောင်စီ ဆီအခွန်ဆောင်တဲ့အတွက် NUG က မလေး ရဲ ကို သတင်းပေးလိုက်တာကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီအာဘော် တယ်လီဂရမ်ချန်နယ်က သတင်းဖြန့်ဝေနေပါတယ်။ အဲဒီသတင်းကို ” မှိုင်းဝေ” အမည်နဲ့ တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာလ...

Facebook