ဩဂုတ်-၇၊ ၂၀၂၅။ထားမြတ်/People’s Spring
စစ်တပ်အာဏာသိမ်းမှုတွင် အဓိကပါဝင်ခဲ့သည့် စစ်ဗိုလ်ချုပ်ဟောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေ ယနေ့ (ဩဂုတ် ၇ရက်)တွင် သေဆုံးခဲ့မှုအပေါ် ဝမ်းနည်းကြောင်း ၀လက်နက်ကိုင်တပ် UWSAက သဝဏ်လွှာပေးပို့ခဲ့သည်။
UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်း မျှဝေထားသည့် ဝမ်းနည်းကြောင်း သဝဏ်လွှာတွင် ဦးမြင့်ဆွေ ကွယ်လွန်ကြောင်း ကြားသိရ၍ လွန်စွာ ဝမ်းနည်းကြောင်း ရေးသားထားသည်။
ကျန်ရစ်သူ မိသားစုနှင့်အတူ ထပ်တူ ဝမ်းနည်းကြောင်းနှင့် ဦးမြင့်ဆွေ ကောင်းရာသုဂတိ လားပါစေကြောင်း ဟု UWSA၏ ဝမ်းနည်းကြောင်း သဝဏ်လွှာ၌ပါရှိသည်။

Public Service Announcement
UWSAသည် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ထိတွေ့ဆက်ဆံနေသည့် လက်နက်ကိုင်တပ်ဖြစ်ပြီးစစ်ကောင်စီက ကျင်းပသည့် ငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်ခြင်း၊ စစ်ကောင်စီ ခေါင်းဆောင်နှင့် တွေ့ဆုံခြင်းများ ပြုလုပ်ခဲ့သည့် လက်နက်ကိုင်တပ်ဖြစ်သည်။
ဇူလိုင်လအတွင်းက ၀ဒေသ မိုင်းပေါက်တွင် ရေကြီးစဉ်ကလည်း စစ်ကောင်စီက ၀တပ်ဖွဲ့အတွက် ကယ်ဆယ်ရေးပစ္စည်း၊ စားနပ်ရိက္ခာနှင့် ထောက်ပံ့ငွေ ပေးအပ်ခဲ့သည်ကိုလည်းတွေ့ရသည်။
