close
Connect with us

Hi, what are you looking for?

သတင်း

ရေဘေးကြုံနေသည့်ကျောက်ကြီးမြို့နယ်အားစစ်ကောင်စီတပ်လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင် တပ်မဟာ(၃) နယ်မြေ ကျောက်ကြီး(လယ်ဒို)မြို့နယ်သို့ အာဏာသိမ်းစစ်ကောင်စီက ဒရုန်း၊လက်နက်ကြီးများဖြင့်ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့၍ထိခိုက်ပျက်စီးမှုအချို့ရှိသည်ဟု KNU ဗဟိုက သတင်းထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးမှုများ။ဓာတ်ပုံ - KNU

ဩဂုတ်-၇၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင် တပ်မဟာ(၃) နယ်မြေ ကျောက်ကြီး(လယ်ဒို)မြို့နယ်သို့ အာဏာသိမ်းစစ်ကောင်စီက ဒရုန်း၊လက်နက်ကြီးများဖြင့်ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့၍ထိခိုက်ပျက်စီးမှုအချို့ရှိသည်ဟု KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ဇူလိုင် ၂၁ရက်မှ ဩဂုတ် ၅ရက်အတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှု ဖြစ်ရပ်များကို KNU ဗဟိုက အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကျောက်ကြီးမြို့နယ်တွင် ဇူလိုင် ၂၄ရက်မှစ၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ ဩဂုတ်ပထမပတ်အထိ ကျေးရွာပေါင်း ၈၀မှ ပြည်သူသုံးသောင်းကျော်ရေဘေးဒုက္ခကြုံနေရခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၁ရက်တွင် ကြိတ်ကွင်းကျေးရွာသို့ လက်နက်ကြီးပစ်ခတ်ခဲ့၍ နေအိမ် တစ်လုံးပျက်စီးခဲ့သည်ဟု ဆိုသည်။ ဇူလိုင် ၂၅ရက်တွင် ကျွန်းကုန်းရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့သည်။

ဇူလိုင် ၂၉ရက်တွင် နံဇလေးကျေးရွာ နှင့် ဇရပ်ခင်ကျေးရွာကြားအား လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သည့်အပြင် သဲဖြူရွာနှင့် သစ်ကျေးရွာကြားကိုလည်း စစ်ကောင်စီတပ်က အသေခံဒရုန်း အသုံးပြု တိုက်ခိုက်ခဲ့သည်ဟု အသိပေးသည်။

ဇူလိုင် ၃၀ရက်တွင် သဲဖြူရွာအနီးသို့ လက်နက်ကြီး၊ ဒရုန်း ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။ ဩဂုတ် ၁ရက်တွင် ညောင်တန်းကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ဘုန်းကြီးကျောင်း ဓမ္မာရုံ ပျက်စီးခဲ့ဟု KNUက ထုတ်ပြန်သည်။

ဩဂုတ် ၃ရက်တွင် ရန်မျိုးအောင်ရွာနှင့် တံတားနေရာများသို့ ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့သည်။ ထို့ပြင် ဩဂုတ် ၄ရက်တွင် ကြိတ်ကွင်းကျေးရွာအတွင်းသို့ ဒရုန်းတိုက်ခိုက်မှု ဆက်လက်ပြုလုပ်ခဲ့ရာ နေအိမ်ပျက်စီးမှုရှိခဲ့သည်ဟု ဆိုသည်။

နွားရေချောင်းရွာကိုလည်းစစ်ကောင်စီကဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာနေအိမ်နှင့်ဆိုင်ကယ် ပျက်စီးမှု ရှိခဲ့ဟု အသိပေးသည်။ ဩဂုတ် ၅ရက်တွင်လည်း နွားရေချောင်းကျေးရွာကို ဒရုန်းဖြင့် ဗုံးသီး ချတိုက်ခိုက်ခဲ့၍ စေတီပုထိုး ပျက်စီးမှုရှိခဲ့ကြောင်း ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်များအနေဖြင့် နိုင်ငံတကာစာမျက်နာတွင် တရားဝင်မှုရစေရန် ၎င်းတို့ ထိန်းချုပ်နယ်မြေများအတွင်း အတုအယောင် ရွေးကောက်ပွဲအား ကျင်းပနိုင်ရန် အပြင်းအထန် ကြိုးစားနေသော်လည်း တော်လှန်ရေးတပ်ဖွဲများ ထိန်းချုပ်ထားသော ဒေသများရှိ အပြစ်မဲ့ အရပ်သား ပြည်သူ လူထုများကိုမှု နေ့စဉ်နေ့အမျှ လက်နက်ကြီးများ၊ ဒရုန်းများ၊ လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း KNUက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ထားဝယ်ခရိုင်၊လောင်းလုံးမြို့ပေါ်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေလို့နေအိမ်အချို့ထိခိုက်ပျက်စီးပြီး မြို့နေပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းမှုတွင် အဓိကပါဝင်ခဲ့သည့် စစ်ဗိုလ်ချုပ်ဟောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေ ယနေ့ (ဩဂုတ် ၇ရက်)တွင် သေဆုံးခဲ့မှုအပေါ် ဝမ်းနည်းကြောင်း ၀လက်နက်ကိုင်တပ် UWSAက သဝဏ်လွှာပေးပို့ခဲ့သည်။

သတင်း

မကွေးတိုင်း ယောဒေသတွင် စစ်ကောင်စီစစ်ကြောင်းများလှုပ်ရှားလာပြီး ယနေ့ နံနက်ပိုင်းတွင် ကျောက်ထုမြို့နယ် ကံကြီးရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲခဲ့သည်။

သတင်း

နိုင်ငံတကာ ရုပ်ရှင်တွေကို မြန်မာစာတန်းထိုးပြီး တင်ဆက်နေတဲ့ Channel Myanmar နဲ့ AWS+ application နှစ်ခုကို အရေးယူမယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ခြိမ်းခြောက်လိုက်ပါတယ်။