close
Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းမြို့နယ်မှာ ဒရုန်းနဲ့ ဗုံးကြဲခံရပြီး အမျိုးသား ၁၀ဦး သေဆုံး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ ရဲဘော်တစ်ဦးရဲ့ နာရေးအိမ်ကို စစ်တပ်က ဗုံးကြဲချခဲ့တာမို့ အမျိုးသား ၁၀ဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဥ်အတွင်း တိုက်ခိုက်ရေးနဲ့ ဘက်စုံသုံး ဒရုန်းများကို ကြည့်ရှုနေစဥ်။ ဓာတ်ပုံ - CINCDS

ဩဂုတ်-၉၊၂၀၂၅။ မေ/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ ရဲဘော်တစ်ဦးရဲ့ နာရေးအိမ်ကို စစ်တပ်က ဗုံးကြဲချခဲ့တာမို့ အမျိုးသား ၁၀ဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ် ၈ရက် မနက် ၈နာရီ ၂၅မိနစ်မှာ လမ်းလယ်ကျစ်ရွာမှာ ရဲဘော်တစ်ဦးရဲ့နာရေးရက်လည်ပြုလုပ်နေချိန်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“ရက်လည်ဆိုတော့ လာကြတဲ့ ပြည်သူတွေပေါ့။ လူအုပ်ထဲကျတာ။ သေတာ အမျိုးသားတွေချည်းပဲ ၁၀ယောက်။ အထိခိုက်လည်း များတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ဒရုန်းတိုက်ခိုက်မှုအပြီး မိနစ်အနည်းငယ်အကြာမှာလည်း လမ်းလယ်ကျစ် ကျေးရွာကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ဗုံး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာမို့ နေအိမ် ၅လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လမ်းလယ်ကျစ်ကျေးရွာဟာ တိုက်ပွဲတွေဖြစ်နေတဲ့ ၇မိုင် ကျေးရွာနဲ့ နှစ်မိုင်ခန့်သာဝေးပြီး စစ်တပ်က ဒရုန်းအပြင် ဂျက်ဖိုက်တာ၊ ရဟတ်ယာဉ်တို့နဲ့ပါ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် ဒီနေ့လည်း စဉ့်ကူးမြို့နယ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူထိခိုက်မှု အခြေအနေကို တော့ မသိရသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ဒေသများဖြစ်သော မန္တလေးတိုင်းမှ မိုးကုတ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ သီပေါမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်အပါအဝင် ငါးဦးသေဆုံးခဲ့သည်။

သတင်း

စစ်ကောင်စီက ​ကျောက်ဖြူမြို့နယ် ၊မင်းပြင်ရွာမှ စာသင်ကျောင်းများ နှင့် ဘုန်းကြီး​ကျောင်းများကို ဗုံးကြဲခဲ့ကြောင်း ဒေသခံများကပြောသည်။

ထိုင်း - ကမ္ဘောဒီးယား

စစ်ရေး ပဋိပက္ခ ကာလအတွင်း ကမ္ဘောဒီးယားနဲ့ ထိုင်းတို့အတွက် စစ်သုံးဒရုန်းတွေ ထောက်ပံ့ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေကို ဂျပန်နဲ့ တရုတ်တို့က အသီးသီး ငြင်းဆိုခဲ့ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

နယ်စပ်မှာ လတ်တလော အတွေ့များနေတဲ့ ထောက်လှမ်းရေး ဒရုန်းတွေကို ကမ္ဘောဒီးယားဖက်က စေလွှတ်တာလို့ ထိုင်းကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။