close
Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထို – ဘီးလင်းလမ်းပိုင်း၌ စစ်အုပ်စုယာဉ် နှစ်စီးအား တိုက်ခိုက်ရာ ၈ဦးသေဟု နဂါးဖြူတပ်ရင်းပြော

မွန်ပြည်နယ်၊ ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်ကြား တွင် စစ်ကောင်စီ​၏ ကားနှစ်စီးအား ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ရှစ်ဦးသေဆုံးကြောင်း နဂါးဖြူတပ်ရင်းရုံးသတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်သည်။

Screenshot

သြဂုတ်-၉၊၂၀၂၅။ရဲခေါင် /Peoples Spring

မွန်ပြည်နယ်၊ ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်ကြား တွင် စစ်ကောင်စီ​၏ ကားနှစ်စီးအား ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ရှစ်ဦးသေဆုံးကြောင်း နဂါးဖြူတပ်ရင်းရုံးသတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်သည်။

ယနေ့(သြဂုတ် ၉ ရက်) ရန်ကုန် – မော်လမြိုင် ကားလမ်းပိုင်းရှိ ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ် ကြား မောင်းနင်းလာသည် စစ်ကောင်စီ​၏ ခြောက်ဘီးကားနှစ်စီးအား ဝင်းပတုံကုန်းဆင်းဆီဆိုင်နှင့် သင်းချိုင်းကုန်ကြားတွင် တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

“ဘီးလင်းကနေ တက်လာတဲ့ ရန်သူအင်အား၂၀ ပါတဲ့ ကားနှစ်စီးပါ။ရှေ့ကားက ရိက္ခာနောက်ကားက စခ ။စခ ၈ဦးသေပြီး ၂ဦးဒဏ်ရာရတယ်။ကားက လမ်းဘေးကို ထိုးရပ်သွားတယ်” ဟု နဂါးဖြူတပ်ရင်းရုံးသတင်းနှင့် ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သားများသေဆုံးမှုနှင့်ပတ်သက်၍ လူထုနွေဦးအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ယနေ့ တိုက်ခိုက်မှုတွင် နဂါးဖြူတပ်ရင်းတပ်ခွဲ-၂ ၊ 7805 တပ်ခွဲ – ၄တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဘီးလင်းမြို့နယ်တွင်စစ်ကောင်စီ၏မဲပလီဗျူဟာစခန်းကုန်းကို တော်လှန် ရေးတပ်များက ယခုနှစ် ဖေဖော်ဝါရီတွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက ဘီးလင်းမြို့နယ်တွင် စစ်ရေးအင်အားဖြည့်ထားသည်။

ထိုနောက်လေကြောင်းအပြင်တပ်မ(၄၄)စစ်ဌာနချုပ်နှင့်၎င်းလက်အောက် ခံတပ်ရင်း ၊အမြောက် တပ်များက ဘီလင်းမြို့နယ်အတွင် ဗုံးကြဲ၊ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှုများရှိ သည်။

ရုပ်သံ – နဂါးဖြူတပ်ရင်း

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သားခြောက်ဦးသေဆုံးကြောင်း နဂါးဖြူတပ်ရင်းက လူထုနွေဦးသို့ ပြောသည်။

သတင်း

စစ်ကောက်စီယာဉ်တန်းသည် ​အောက်တိုဘာ ၄ ရက်ညနေ ၃နာရီခန့်တွင် မတောင့်တနှင့် ဗိုက်သရက်ကျေးရွာအနီး၌ ရှိနေသေးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ တိုက်ပွဲအခြေအနေ ရှုပ်ထွေး နေ၍ အသေးစိတ် မပြောနိုင်သေးကြောင်း ၎င်းကဆက်ပြောသည်။

News

မင်းတပ် - မတူပီလမ်းပိုင်း ကို စစ်ကောင်စီယာဉ်တန်း ဖြတ်သန်းလာပါက မင်းတပ် CDFနှင့် ထိတွေ့မှုများ ရှိလာနိုင်သည်ဟု ၎င်းကဆိုသည်။ ယခင်ကလည်း အဆိုပါလမ်းပိုင်း၌ စစ်ကောင်စီယာဉ်တန်းများကို မင်းတပ် CDFက အကြိမ်ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်။

News

ပစ်ခတ်ချိန်နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်က ယင်းနေရာသို့ တပ်အင်အားဖြည့်တင်းနေကြောင်း ၎င်းက ဆိုသည်။