close
Connect with us

Hi, what are you looking for?

သတင်း

စစ်သင်္ဘောတစ်စီး ပင်လယ်၌ မီးလောင်နစ်မြုပ်

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသောရခိုင်နှင့်ဧရာဝတီတိုင်းနယ်စပ် ကမ်းရိုးတန်း ဒေသများကို ပင်လယ်ပြင်မှနေ၍ လက်နက်ကြီးဖြင့်ပစ်ခတ်နေသည့် စစ်သင်္ဘောများအနက် တစ်စီးသည် ဂွမြို့နယ်ပင်လယ်ပြင်တွင် မီးလောင်ပျက်စီးပြီး နစ်မြုပ်သွားကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ပင်လယ်ပြင်တွင်မီး​လောင်​နေ​​သောစစ်သင်္ဘောကို​တွေ့ရစဥ်။ဓါတ်ပုံ-APM

သြဂုတ်-၁၁၊၂၀၂၅။ဇော်ရမ်း/People’s Spring

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသောရခိုင်နှင့်ဧရာဝတီတိုင်းနယ်စပ် ကမ်းရိုးတန်း ဒေသများကို ပင်လယ်ပြင်မှနေ၍ လက်နက်ကြီးဖြင့်ပစ်ခတ်နေသည့် စစ်သင်္ဘောများအနက် တစ်စီးသည် ဂွမြို့နယ်ပင်လယ်ပြင်တွင် မီးလောင်ပျက်စီးပြီး နစ်မြုပ်သွားကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

လက်နက်ကြီးများတပ်ဆင်ထားသည့်စစ်သင်္ဘောတစီးသည် ဂွမြို့နယ်ဘက်မှလှမ်းမြင်ရသည့် ပင်လယ်ပြင်တစ်နေရာတွင် သြဂုတ်လ၁၀ရက်ညနေက မီးလောင်ခဲ့ခြင်းဖြစ်​ကြောင်း ဒေသခံတဦးကပြောသည်။

“ဒီရက်တွေထဲမှာ နေဗီ(စစ်ကောင်စီရေတပ်) ကနေ ရွာတွေဘက်ကို ပစ်နေတာ ခဏခဏပဲ။ ပင်လယ်မှာ စစ်သင်္ဘောတချို့ သွားလာနေတာလည်းတွေ့တယ်။ တစ်စီးကတော့ မနေ့ကမီးလောင်တာဟုတ်တယ်။ ပင်လယ်ထဲမြုပ်သွားတယ်။ ဘာကြောင့်လောင်လဲတော့မသိရဘူးလေ။ တိုက်ပွဲကတော့ဖြစ်မနေဘူး”ဟုဂွမြို့ခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

နစ်မြုပ်သွားသည့်စစ်သင်္ဘောနှင့်ပတ်သက်၍အသေးစိတ်အ​ခြေအ​နေကိုမူမသိရသေးပေ။

ပြီးခဲ့သည့် ဇန်နဝါရီလ ပထမလပတ်က ရခိုင်ပြည်နယ် ဂွ မြို့နယ်နှင့် ဧရာဝတီတိုင်း၊ ရွှေ သောင်ယံမြို့နယ်စပ်အနီးရှိ ကုလားချောင်း၊ ကျောက်ချွန်၊ ပေါက်တူးကွင်းအပြင် မကျီးဇင်ကျေးရွာအနီး၌ တိုက်ပွဲများဖြစ်ပွားခဲ့သည်။ မကျီးဇင်၊ ကျောက်ချွန်၊ ဘောမိကျေးရွာတို့ကို AAကထိန်းချုပ်ခဲ့သည်။

မတ်လတွင် တိုက်ပွဲများငြိမ်သက်သွားပြီးနောက် စစ်ကောင်စီကရွှေသောင်ယံမြို့ပေါ်တွင်တပ်စွဲထားသည်။

စစ်ကောင်စီသည် ပင်လယ်ကမ်းရိုးတန်းမြို့နယ်များဖြစ်သည့် ဂွမြို့၊သံတွဲမြို့တို့ကို ပြီးခဲ့သည့်ဇွန်လမှစ၍ လက်နက်ကြီးများပစ်ခတ်နေသည်။ ထို့အပြင် ယခုရက်ပိုင်း၌ ကျောက်ဖြူမြို့နှင့် ရသေ့တောင်၊ ပုဏ္ဏားကျွန်းမြို့နယ်တို့ကို လေကြောင်းမှဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ မကြာခဏပြုလုပ်ခဲ့သည်။

AAသည် ရခိုင်ပြည်နယ်၌ ၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ နိုဝင်ဘာလ ၁၃ရက်၌ စတင်ခဲ့ပြီး ချင်းပြည်နယ်မှ ပလက်ဝဒေသနှင့် ရခိုင်ပြည်နယ်မှကျောက်ဖြူ၊ စစ်တွေနှင့် မာန်အောင်မှလွဲ၍ ကျန်မြို့နယ်အားလုံးကို သိမ်းယူထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဩစတြေးလျ ရေတပ်အတွက် မျိုးဆက်သစ် စစ်သင်္ဘောတွေ တည်ဆောက်ပေးဖို့ အမေရိကန်ဒေါ်လာ ၆.၅ ဘီလီယံတန် ကန်ထရိုက် စာချုပ်တစ်ခုကို ဂျပန်က လက်ခံရရှိခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိုင်းပေါက်နဲ့ ပန်ခမ်းမြို့မှာ ရေဘေးဆက်လက်ကြုံတွေ့နေချိန်မှာပဲ ပန်ဆန်းမြို့က ဂိုထောင်တစ်ခု မီးအကြီးအကျယ်လောင်ကျွမ်းနေပါတယ်။

သတင်း

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပန်ဆန်းမြို့က ဂိုထောင်တစ်ခု ယနေ့မီးလောင်ကျွမ်းခဲ့သည်။

သတင်း

ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်ရှိ စစ်ကောင်စီ၏အာမီရမ်( Army Rum) အရက်ချက်စက်ရုံမီးလောင်မှုဖြစ်ခဲ့ကြောင်းမီးသတ်တပ်ဖွဲ့ကယနေ့(ဇူလိုင် ၂၃ရက်) သတင်းထုတ်ပြန်သည်။