close
Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်ဆန့်ကျင်ကြဖို့နဲ့ လေကြောင်းအန္တရာယ်ကာကွယ်ဖို့ လှုံ့ဆော်မှုတွေ စစ်ကိုင်းတိုင်းမှာ ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၁၁)မှာ စစ်အာဏာရှင်ဆန့်ကျင်ကြဖို့နဲ့ လေကြောင်းအန္တရာယ်ကာကွယ်ဖို့ အသိပညာပေးလှုံ့ဆော်မှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သြဂုတ်-၁၁၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၁၁)မှာ စစ်အာဏာရှင်ဆန့်ကျင်ကြဖို့နဲ့ လေကြောင်းအန္တရာယ်ကာကွယ်ဖို့ အသိပညာပေးလှုံ့ဆော်မှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းကျေးရွာအချို့ မိမိတို့အသက်ကို ကာကွယ်နိုင်ကြစေဖို့ စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ကြစေရန် ဗုံးခိုကျင်းတူးနည်းအကြံပြုချက်တွေ​၊ လေကြောင်းတိုက်ခိုက်ခံရချိန် အရေးပေါ်နေထိုင်နည်းတွေကို မျှဝေခဲ့ပါတယ်။

ယင်းလှုပ်ရှားမှုကို ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၄၊ မြို့နယ်လူ့အခွင့်ရေးရာတာဝန်ခံနဲ့ ရွှေဘိုမြို့နယ် သပိတ်အင်အားစု တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ကျေးရွာပြည်သူလူထုအများအပြား ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်မှာလည်း ပြည်သူလူထုနဲ့ အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်မှရဲဘော်တွေ ပူး​​ပေါင်းပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းမှ မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြဖို့နဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်းမှာ တော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ ရွှေဘိုလူထုသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၉)မှာစစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲနဲ့စစ်အာဏာ ရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၇)မှာ (၃၇)နှစ်ပြည့် ရှစ်လေးလုံးအရေးတော်ပုံ အကြို လူထုသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၆)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၅)မှာရှစ်လေးလုံးအရေးတော်ပုံအကြို လူထုလှုပ်ရှားမှုနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။