ဩဂုတ်−၁၃၊ ၂၀၂၅။ ထားမြတ်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ P29916 – Special Operation Group (SOG) တပ်ရင်း၏ သင်တန်းဆင်းပွဲနှင့် တပ်ရင်းတည်ထောင်ခြင်း (၂)နှစ်ပြည့်အခမ်းအနားကို ပဲခူးတိုင်းအတွင်းရှိ တပ်ရင်းအထိုင်ချစခန်း၌ ကျင်းပခဲ့ကြောင်း SOGက ပြောသည်။
SOG တပ်ရင်းကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၃ရက်နေ့၌ တရားဝင် စတင်ဖွဲစည်းခဲ့ပြီး ကရင်ပြည်နယ် တပ်မဟာ(၆)၊ ကော့ကရိတ် တောင်ပိုင်းတွင် စခန်းသိမ်းတိုက်ပွဲများနှင့် စစ်ဆင်ရေးများစွာကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ဟု သတင်းထုတ်ပြန်သည်။
SOG အနေဖြင့် တပ်ဖွဲ့အဖြစ် တရားဝင် မဖွဲစည်းခင်က ဒေါနစစ်ကြောင်းနှင့်ပူပေါင်း၍ စစ်ကောင်စီ၏ ကြိတ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ၌ ပါဝင်ခဲ့သည်။

Public Service Announcement
SOG စစ်ကြောင်းအဖြစ်တရားဝင် ဖွဲစည်းပြီး (၁)နှစ်အတွင်း စခန်သိမ်းတိုက်ပွဲ ၁၀ခုနှင့် ကြားဖြတ်တိုက်ပွဲများစွာ ဖော်ဆောင်ခဲ့ဟု SOG တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“လက်ရှိအချိန်က ကရင်ပြည်နယ်မှ မဟုတ်တော့ပါဘူး။ ပဲခူးတိုင်း ရဲ တစ်နေရာမှာ တပ်ရင်းတစ်ခုလုံး ပြောင်းလာပြီး ခမရ – ၅၉၈ စခန်းသိမ်းပွဲမှာလည်း ပါဝင်ခဲ့ပါတယ်။လက်ရှိမိုးတွင်းကာလမှာတော့ စစ်ဆင်ရေးတွေလုပ်ဖိုအတွက် ပြင်ဆင်နေပါတယ်” ဟု SOG တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
SOG တပ်ဖွဲ့စည်းပြီး ဖော်ဆောင်ခဲ့သည့် စခန်းသိမ်းတိုက်ပွဲများမှာ ရေတံလျှောက်/ ပိုင်ကလိုင် စခန်းသိမ်းတိုက်ပွဲ၊ အဇင်းတိုက်ပွဲ ၊ ကွီလုံတိုင် စခန်းသိမ်း တိုက်ပွဲ (SOG+ SOF ပူးပေါင်းစစ်ဆင်ရေး)၊ကော့နွဲစခန်း သိမ်းတိုက်ပွဲ၊ ချောင်းနှစ်ခွစခန်း စခန်းသိမ်းတိုက်ပွဲ (Lion Battalionနှင့် ပူးပေါင်း စစ်ဆင်ရေး) ၊ တောင်ကြာအင်း စခန်းသိမ်း ( ဂဠုန်စစ်ကြောင်း + ပူးပေါင်းစစ်ဆင်ရေး)၊ ကျိုက်ဒုံ ဗျူဟာကုန်း (ပူးပေါင်း စစ်ဆင်ရေး)၊ သင်္ကန်းညီနောင် မြဝတီ (မဟာမိတ်များဖြင့် ပူးပေါင်းစေလွှတ်)၊ ဖိုးချိမှူး (SOG + KNLA)နှင့် စုကလိ စခန်းသိမ်းတိုက်ပွဲ(SOG + KNLA) တို့ ဖြစ်သည်။ စခန်းသိမ်းတိုက်ပွဲ ၁၀ခု အနက် ၉ခုသည် အောင်မြင်မှုရခဲ့ပြီး ချောင်းနှစ်ခွစခန်း စခန်းသိမ်းတိုက်ပွဲမှာ မအောင်မြင်ခဲ့ဟု တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
ယနေ့ ကျင်းပသည့် SOG သင်တန်းဆင်းပွဲနှင့် တပ်ရင်း တည်ထောင်ခြင်း (၂)နှစ်ပြည့် အခမ်းအနားတွင် တိုက်ပွဲအတွင်းမြင့်မြတ်စွာကျဆုံးသွားသော အာဇာနည်သူရဲကောင်းများအား အောက်မေ့သတိရပန်းခွေချခြင်းနှင့် (၁)မိနစ်ငြိမ်သက် အလေးပြုခြင်း ပြုလုပ်ခဲ့ဟုလည်း အသိပေးသည်။
